Monday, January 26, 2026

“နိုင်ငံရေးပြဿနာကို စစ်အင်အားနဲ့ပဲ ဖြေရှင်းမယ်ဆိုရင် လမ်းမှားနေပြီ”

သျှမ်းသံတော်ဆင့်ကနေပြီးတော့ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်အခြေစိုက် ဖွံ့ဖြိုးရေးနဲ့ ဒီမိုကရေစီ အကျိုးဆောင်အဖွဲ့ ဖြစ်တဲ့ ဥရောပ-မြန်မာရုံး (Euro-Burma Office: EBO) ရဲ့ အမှုဆောင်ဒါရိုက်တာ စဝ်ဟန်ယောင်ဟွေကို ဖိတ်ခေါ်ထားပါတယ်။

စဝ်ဟန်ယောင်ဟွေကတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်နဲ့ သျှမ်းပြည်တပ်မတော် (SSA) ကို စုစည်းတည်ထောင်ခဲ့တဲ့ မဟာဒေဝီ စဝ်နန်းဟိန်းခမ်းတို့ရဲ့ သားအငယ်ဆုံး ဖြစ်ပါတယ်။

နောက်ပြီး သမ္မတ ဦးသိန်းစိန် လက်ထက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရတွေကြားထဲမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်ခဲ့တဲ့ လူလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ စစ်ရေး၊ နိုင်ငံရေး ခရီးတွေ ဘာကြောင့် ရှည်လျားခက်ခဲနေလဲ၊ ငြိမ်းချမ်းရေးခရီးစဉ်က ဘာကြောင့် လက်ရှိမှာ မအောင်မြင်သလဲ စတာတွေကို သျှမ်းသံတော်ဆင့် မြန်မာပိုင်း အယ်ဒီတာ နန်းဆိုင်နွမ် က စဝ်ဟန်ယောင်ဟွေ နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ မိုင်ဆုန်ခ
ဖြေ။ ။ မိုင်ဆုန်ခ

မေး။ ။ သျှမ်းသံတော်ဆင့်ကို အင်တာဗျူး လက်ခံပေးတဲ့ အတွက်လည်း အရမ်း ကျေးဇူးတင်ပါတယ်။ ကျနော်တို့ လက်ရှိ နိုင်ငံရေးကို အရင်မသွားခင်မှာပေါ့နော်၊ မကြာခင်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအကြောင်းလေး အရင်ပြောရအောင်ပေါ့နော်။

အခုဆိုရင် ရွေးကောက်ပွဲက ဒီဇင်ဘာလ ၂၈ ရက်မှာ ဖြစ်မယ်ဆိုတော့ ဒီရွေးကောက်ပွဲက SAC ရဲ့ ထွက်ပေါက် ဖြစ်လာမလားပေါ့နော်။ ဘာလို့လဲဆိုတော့ ကျနော်တို့ မြန်မာ့ရဲ့ အခြေအနေကို ကြည့်မယ်ဆိုရင်လည်း ရွေးကောက်ပွဲလုပ်လိုက်၊ စစ်အာဏာသိမ်းလိုက် ဆိုပြီး ထပ်ခါတလဲလဲ ဖြစ်နေတယ်။ အဲဒါကြောင့် ဒီရွေးကောက်ပွဲက အရင်လို နိုင်ငံရေး အပြောင်းအလဲ ဖြစ်နိုင်လား၊ စဝ်ဟန် အနေနဲ့ရော ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ဒီရွေးကောက်ပွဲက စစ်အာဏာရှင်အတွက် ထွက်ပေါက် ဖြစ်သလား ဆိုရင် အဲဒီ မေးခွန်းကတော့ ဖြေနိုင်တာက နှစ်မျိုးရှိတယ်လို့ ကျွန်တော် မြင်ပါတယ်။ တချို့က ထွက်ပေါက် ဖြစ်တယ်ဆိုတာ သူတို့က စစ်တပ်က နိုင်ငံရေးက ထွက်ချင်လို့ ထွက်ပေါက်ရှာတယ်လို့ အဲဒီလိုမျိုး ယူဆတဲ့လူတွေ ရှိတာပေါ့နော်။ ဒါပေမဲ့ နောက်တစ်မျိုး ကြည့်မယ်ဆိုရင် ဒီစစ်အာဏာရှင်ရဲ့ ထွက်ပေါက်ဆိုတာက ဘယ်လိုထွက်ပေါက်လဲ၊ နိုင်ငံရေးကနေ ထွက်နိုင်ဖို့ ထွက်ပေါက်လား။

အဲ့လိုမဟုတ်ဘဲ သူတို့ အခု အကြပ်အတည်း ဖြစ်နေလို့ ဘယ်သူမှ အသိအမှတ်မပြုလို့ အသိအမှတ်ပြုလာအောင် ထွက်ပေါက်ဆိုတာလည်း ဖြစ်နိုင်တယ်လို့ ကျွန်တော် အဲဒီလိုမျိုး ပထမဆုံး ပြောချင်ပါတယ်။ ကျွန်တော်တို့ အခြေအနေကို ကြည့်မယ်ဆိုရင် စစ်တပ်က နိုင်ငံရေးက ထွက်ဖို့ ဒီမိုကရေစီလမ်းကြောင်းသွားဖို့ ဆိုတဲ့ ထွက်ပေါက်ကတော့ မဟုတ်ဘူးလို့ ကျွန်တော် ပြောချင်ပါတယ်။

ဘာကြောင့်လဲဆိုရင် ဒီအချိန်မှာက စစ်တပ်က တစ်နိုင်ငံလုံးကို လွှမ်းမိုးနေတာ မဟုတ်ဘူး။ ဆိုတော့ တစ်နိုင်ငံလုံး မလွှမ်းမိုးဘဲနဲ့ ဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ဒါက ထွက်လာမယ့် ရလဒ်က တစ်နိုင်ငံလုံးရဲ့ သဘောထား မဟုတ်ဘူး။ ဘာကြောင့်လဲဆိုရင် အကုန်လုံး နေရာအကုန်လုံးမှာ ရွေးကောက်ပွဲ မလုပ်နိုင်ဘူး။

ဒုတိယက ကျွန်တော်တို့ ၂၀၂၀ ရွေးကောက်ပွဲတုန်းကဆိုရင် USDP က လွဲလို့ မဲနိုင်ခဲ့တဲ့ ပါတီကြီး သုံးပါတီ ရှိတယ်။ အဲဒါက NLD ၊ SNLD နဲ့ ANP ရခိုင်အဖွဲ့ပေါ့နော်။ ဒီသုံးပါတီက လူထုမဲ ရထားတာက ၈၀-၉၀ ရာခိုင်နှုန်းလောက် ရှိတယ် အဲဒီ ၂၀၂၀ က။ ဒါပေမဲ့ လာမယ့် ရွေးကောက်ပွဲက ဒီပါတီ သုံးပါတီက ပါဝင်လို့ မရဘူး။ အဲဒါဆိုရင် ထွက်လာမယ့် ရလဒ်က ပြည်သူရဲ့ သဘောထားလို့ ပြောလို့ရမလား။ အဲဒီလိုမျိုး ပြည်သူရဲ့ သဘောထား မဟုတ်ရင် ဒါက ဒီမိုကရေစီဘက် သွားဖို့က မဖြစ်နိုင်ဘူးလို့ ကျွန်တော် မြင်ပါတယ်။

ဒါက နှစ်ချက်ပါပဲ။ အများကြီးပါ တခြားအချက်တွေ ရှိပါတယ်။ ဆိုတော့ ကျွန်တော် မြင်တာက အခုပြောတဲ့ ထွက်ပေါက်က ဒီမိုကရေစီကို ပြန်သွားဖို့ ထွက်ပေါက် မဟုတ်ဘူး။ ဒါပေမဲ့ စစ်တပ်ရဲ့ အသိအမှတ်ပြုခံလာအောင် ထွက်ပေါက် ဖြစ်တယ်။ အဲ့တာက ဘယ်လိုလဲဆိုတော့ ကျွန်တော် မြင်တာက သူတို့က ရွေးကောက်ပွဲလုပ်ပြီးရင်၂၀၀၈ အခြေခံဥပဒေကို ပြန်ကျင့်သုံးမယ်။ နိုင်ငံတကာကလည်း လက်ခံလာတယ်ဆိုရင် သူတို့အတွက်က ဘာဖြစ်မလဲဆိုရင် စစ်တပ်က မြန်မာ့နိုင်ငံရေးထဲမှာ ဆက်ပါလို့ ရသွားအောင် လုပ်တာဖြစ်တယ်လို့ ကျွန်တော် ယူဆပါတယ်။

မေး။ ။ ဒါဆိုရင်တော့ စစ်တပ်ကတော့ ဒီမိုကရေစီဘက်ကို သွားနေတာတော့ မဟုတ်ဘူးပေါ့နော်။ သူတို့ရဲ့ ပါဝါကို ဆက်ပြီးတော့ ကျင့်သုံးချင်တဲ့ သဘောလို့ ပြောလို့ရတာပေါ့နော်။

ဖြေ။ ။ အဲဒါ ဆက်သုံးတာ မကဘူးပေါ့နော်။ ၂၀၀၈ အခြေခံဥပဒေအရဆိုရင် ရေရှည်တည်မြဲ ပါဝင်သွားမှာ ဖြစ်ပါတယ်။

မေး ။ ။ နောက်ထပ်တစ်ခုက ကျနော်တို့ရဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေးကို ဖြေရှင်းမယ်ဆိုပြီး ပြောလာကြရင် ဖြေရှင်းမယ်ဆိုရင် ကျနော်တို့ ရှုပ်ထွေးတဲ့ သျှမ်းပြည်အရေးကို အရင်ဖြေရှင်းဖို့ လိုအပ်တယ်လို့လည်း အားလုံးက ပြောဆိုတယ်၊ လက်ခံကြတယ်။ ဒါပေမဲ့ လက်ရှိ သျှမ်းပြည်အရေးကလည်း ဆိုးသထက် ဆိုးလာတယ်၊ ရှုပ်သထက် ရှုပ်လာတယ်ပေါ့နော်။ လက်နက်ကိုင်တပ်တွေကလည်း ပိုများလာတယ်၊ ဒီကြားထဲမှာ သျှမ်းတပ်နှစ်တပ်ကလည်း အချင်းချင်း ညီညွတ်မှု မရှိဘူးပေါ့နော်။ အဲဒါကြောင့် စဝ်ဟန် ကလည်း မြန်မာပြည်အရေး၊ ငြိမ်းချမ်းရေး ပြီးတော့ သျှမ်းညီညွတ်ရေးတွေမှာလည်း ဦးဆောင်ပါဝင်နေတဲ့ လူဆိုတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဒီပြဿနာတွေ ဘာကြောင့် ဖြေရှင်းလို့ မရလဲ ဆိုတာလေး ပြောပေးပါဦး။

ဖြေ။ ။ ဒီပြဿနာတွေ ဖြေရှင်းလို့ မရဘူးဆိုတာက ဘာကြောင့်လဲဆိုတော့ အခုက ဖြေရှင်းတဲ့ နည်းလမ်းက မမှန်ဘူးလို့ ကျနော် ယူဆတယ်။ အဲဒါက ဘာကြောင့်လဲဆိုရင် ဗိုလ်ချုပ်ခင်ညွန့် ခေတ်က စပြီးတော့မှ ကျနော်တို့ သျှမ်းပြည်ထဲမှာရှိတဲ့ တိုင်းရင်းသားတွေ သဘောမတူကြတာ၊ အမြင်မတူကြတာကို ငြိမ်းချမ်းစွာနဲ့ ဆွေးနွေးပြီး အဖြေရှာဖို့ သူတို့က မတိုက်တွန်းခဲ့ဘူး။

ဗိုလ်ချုပ်ခင်ညွန့်က ‘ဝ’အဖွဲ့ကို ပြောတာက သျှမ်းပြည်ကို ရချင်ရင် တိုက်ယူပါ ဆိုတော့ ဒါက လမ်းမှားသွားပြီပေါ့နော်။ ဘာကြောင့်လဲဆိုရင် ဒါက စစ်အင်အားနဲ့ပဲ တိုက်ယူတာ။ အဲဒါကြောင့်မလို့လည်း မနှစ်တုန်းကလည်း တအာင်းတို့ ကိုးကန့်တို့ကလည်း စစ်အင်အားနဲ့ပဲ တိုက်ယူကြတယ်၊ လိုချင်တဲ့နေရာ တိုက်ယူကြတယ်။ အဲဒီ အရင်တုန်းကလည်း ဒီ SSPP နဲ့ RCSS လည်း စစ်အင်အားနဲ့ပဲ တိုက်ကြတယ်။ အခု နည်းနည်း ကောင်းသွားတာ ဒီနှစ်ဖွဲ့က တိုက်ခိုက်မှုက လျော့သွားတယ်လို့ ကျွန်တော်ကတော့ အဲလိုမျိုးပဲ မြင်ပါတယ်။ နည်းလမ်း မှားနေတာပေါ့နော်။

မေး။ ။ တကယ်လို့ ဒီနည်းလမ်းတွေက မှားနေတယ်ဆိုရင် မှန်ကန်ဖို့ကရော ဘာတွေပြင်ဖို့ လိုအပ်နေလဲ။

ဖြေ။ ။ လောလောဆယ်မှာကတော့ ကျနော် မြင်တာက ပထမဆုံးက အချင်းချင်း တိုက်နေတဲ့ဟာကို ရပ်ရမယ်။ ဘာကြောင့်လဲဆိုတော့ တိုက်နေတဲ့အချိန်ဆိုရင် ဘယ်လိုမှ ဆွေးနွေးလို့ မရဘူး။ ဘာကြောင့်လဲဆိုရင် ဆွေးနွေးမယ်ဆိုရင် လူထုထောက်ခံမှု၊ လူထုပါဝင်မှု လိုတယ်။

နယ်မြေတို့၊ အုပ်ချုပ်ရေးတို့ ဒီဟာတွေ အကုန်လုံးက လူထုမပါဘဲနဲ့ လက်နက်ကိုင်ပဲ ဆုံးဖြတ်သွားတယ်ဆိုရင် မှားနိုင်တယ်။ ဘာကြောင့်လဲဆိုရင် လူထုက ခံရမယ့်လူတွေ ဖြစ်တယ်။ ပထမဆုံးကတော့ တိုက်ခိုက်မှုကို ရပ်ရမယ်၊ အဲတာပြီးရင် ဆွေးနွေးကြရမယ်။ ဆွေးနွေးရမယ်ဆိုတဲ့ နေရာမှာလည်း လူထုပါရမယ်လို့ ကျွန်တော် အဲလိုမျိုး မြင်ပါတယ်။

မေး။ ။ ခုနတုန်းကတော့ ဆွေးနွေးဖို့ဆိုတာ ပြောကြတယ်ပေါ့နော်။ စဝ်ဟန်အနေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီစာချုပ် NCA ကိစ္စမှာလည်း ဦးဆောင်ပါဝင်ခဲ့တဲ့လူ ဖြစ်တယ်။ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ NCA က ပျက်ပြယ်သွားပြီလို့လည်း စဝ်ဟန် ပြောတယ်ပေါ့နော်။ ဒီကြားမှာ တချို့တပ်ဖွဲ့တွေကလည်း ဒီ NCA ကို ဆက်ကိုင်ထားဆဲပေါ့နော်။ ဒါကြောင့် ဒီ NCA ထက် ကောင်းမွန်တဲ့ ငြိမ်းချမ်းရေးရော ရှိနိုင်မလားပေါ့။ NCA ထက်ရော ဒီထက် ကောင်းမွန်တဲ့ အရာတွေ ဘယ်လို ဆက်ပြီးတော့ လုပ်ဆောင်သင့်လဲဆိုတာ စဝ်ဟန်အနေနဲ့ အဲဒါလေး ပြောပြပါဦး။

ဖြေ။ ။ NCA ကလည်း အရင်က ပြောသလိုပဲ၊ တကယ်က NCA က ငြိမ်းချမ်းရေး သဘောတူချက် မဟုတ်ဘူး။ NCA က ငြိမ်းချမ်းရေး ဖြစ်လာဖို့ နိုင်ငံရေးဆွေးနွေးမယ့် သဘောတူချက် ဖြစ်ပါတယ်။ အခုပြောသလိုမျိုး အာဏာသိမ်းပြီးနောက် တွေ့ဆုံဆွေးနွေးပွဲတွေ မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်တော့ ငြိမ်းချမ်းရေး ရောက်သွားဖို့ကတော့ အခက်အခဲ ရှိပါတယ်။

အခုက NCA ထက် ငြိမ်းချမ်းရေးဆိုရင် အဓိကကတော့ ဆွေးနွေးပွဲလုပ်မယ်ဆိုရင် မဆွေးနွေးခင်မှာ ဘယ်လို ရည်မှန်းသလဲ ဆိုတဲ့ဟာက ပိုအရေးကြီးတယ်။ ကျွန်တော်တို့ အခု စစ်အာဏာရှင်ကို တိုက်နေတဲ့ အဖွဲ့အကုန်လုံးက ပြောနေတာက စစ်တပ်က နိုင်ငံရေးထဲ ပါလို့ မသင့်တော့ဘူး။ ၂၀၀၈ အခြေခံဥပဒေလည်း သုံးလို့မရတော့ဘူး ပြောကြတယ်။

တစ်ဖက်က စစ်တပ်ဘက် ပြောတာကတော့ ၂၀၀၈ ကို ပြန်သုံးချင်တယ်။ သူတို့က ဆက်ပြီးတော့မှ နိုင်ငံရေးထဲ ပါချင်တယ်ဆိုတော့ အခုအချိန်မှာဆိုရင် ဆွေးနွေးနိုင်ဖို့က လမ်းကြောင်းမရှိဘူး၊ ဘာလို့လဲဆိုရင် အမြင်မတူသေးဘူး။ အမြင်တူလာမှ ဆွေးနွေးလို့ ရမယ်၊ အဲဒါမှပဲ ငြိမ်းချမ်းရေးကို ရောက်သွားနိုင်တယ်။ အခုအချိန်မှာ အလားအလာ မရှိဘူးလို့ ပြောနိုင်ပါတယ်။

ဘာကြောင့်လဲဆို ဒီအချိန်မှာကလည်း စစ်တပ်က ပိုပြီးတော့မှ တိုက်နေတယ်။ လူထုကိုလည်း ပိုပြီးတော့မှ ဗုံးကြဲနေတယ်။ အဲလိုမျိုးဆိုရင်တော့ ငြိမ်းချမ်းရေး ဖြစ်ဖို့ကတော့ မလွယ်ပါဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲနောက်မှာ သူတို့က နိုင်ငံတကာ အသိအမှတ်ပြုမှု ရချင်ရင် သူတို့က ဆွေးနွေးရအောင် ကမ်းလှမ်းလာနိုင်တယ်။ ဒါပေမဲ့ အဲလိုမျိုး ကမ်းလှမ်းလာတယ်ဆိုရင် သူတို့ရဲ့ ရည်မှန်းချက်က စစ်တပ်က ဆက်ပြီးတော့မှ အုပ်ချုပ်သွားနိုင်ဖို့ ဆိုရင်တော့ ဒီဘက်ကလည်း လက်ခံမှာ မဟုတ်ဘူး။ ဆိုတော့ အဲဒီမှာ တစ်,နေသေးတယ်လို့ မြင်ပါတယ်။

မေး။ ။ အခု ဖြစ်နေတဲ့ ပြဿနာတွေပေါ့နော်၊ အာဏာတွေ သိမ်းကြတဲ့ ပြဿနာတွေက မြန်မာတစ်နိုင်ငံတည်း မဟုတ်ဘူး။ ကြည့်လိုက်ရင် ကမ္ဘာအရပ်ရပ်ကလည်း ဒီမိုကရေစီ ကျဆုံးခန်း ရောက်နေပြီဆိုတဲ့ အလားအလာလည်း တွေ့ရတယ်ပေါ့နော်။ ဒါပေမဲ့ ဒီကြားထဲမှာ လူထုတွေရဲ့ ခံရတဲ့ ခံစားချက်တွေ၊ လူထုတွေ ဆုံးရှုံးမှုတွေကလည်း ကြီးလာတယ်။ ဒီဟာတွေကို လက်နက်ကိုင် အချင်းချင်းကြားတွေကလည်း မကြည့်ကြဘူး၊ အဓိကအားဖြင့် စစ်တပ်ပေါ့နော်။ ဒီစစ်တပ်ကလည်း လူထုကို မကြည့်တဲ့အတွက် စစ်တပ်ကိုရော ဘာများ ပြောချင်လဲ။

ဖြေ ။ ။ ကျနော် ပြောချင်တာကတော့ စစ်တပ်က တကယ်ဆိုရင် လူထုကို ကာကွယ်ဖို့ ဖွဲ့ထားတဲ့ စစ်တပ် ဖြစ်ပါတယ်။ ဘယ်နိုင်ငံမှာဖြစ်ဖြစ် စစ်တပ်က အပြင်ကလူ လာကျူးကျော်ရင် ကိုယ့်လူထုကို ကာကွယ်ဖို့ တည်ဆောက်ထားတဲ့ တပ် ဖြစ်ပါတယ်။ အခုက စစ်တပ်က ကိုယ့်လူထုကို ပြန်တိုက်နေတော့ ဒါက ဘယ်လိုစစ်တပ်လဲလို့ စဉ်းစားသင့်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်။

မေး။ ။ နောက်ထပ်တစ်ခုကတော့ လက်ရှိမှာ စစ်ရေးပဋိပက္ခတွေ ဖြစ်နေတယ်၊ လက်နက်ကိုင်တွေကလည်း တိုက်ခိုက်နေတယ်။ တိုင်းပြည် ပြုပြင်ပြောင်းလဲဖို့က လက်နက်နဲ့ပဲ တိုက်ကြတော့မလား ဆိုတာလည်း ဖြစ်လာတယ်။ လက်နက်နဲ့ တိုက်လေလေ ကျဆုံးခန်း ရောက်လာလေလေ ဖြစ်တယ်။ဒီနှစ်ပေါင်း ၇၀ ကျော်ကြာ စစ်မီးက တောက်လျှောက် လောင်နေတယ်၊ သျှမ်းပြည်ဆိုရင် ပိုဆိုးတယ်။ ခုမှ နလံထူခါစ ဖြစ်တယ်၊ နောက်ပြီးတော့မှ အာဏာပြန်သိမ်းတယ် ဆိုတော့ ဒီကြားထဲမှာ ပဋိပက္ခတွေ ဆက်ဖြစ်နေရင် ဘာတွေ ဘယ်လောက်ထိ ဆိုးဝါးလာနိုင်လဲ၊ ဒါတွေက ဘယ်လိုဆက်ပြီးတော့ ဘယ်လိုအချက်တွေ ဆက်လုပ်ဆောင်ဖို့ လိုနေလဲဆိုတာကိုလည်း သုံးသပ်ပေးပါဦး။

ဖြေ။ ။ အခုလိုဖြစ်နေတဲ့ အခြေအနေတွေက တော်တော်ဆိုးတယ်လို့ပြောနိုင်တယ်၊ နိုင်ငံရေးပြဿနာကို စစ်အင်အားနဲ့ပဲ ဖြေရှင်းမယ်ဆိုရင် လမ်းမှားနေပြီလို့ ကျနော်ကတော့ ယူဆပါတယ်၊ မတိုက်ရဘူးပြောတာမဟုတ်ပါဘူး၊ အခုလမ်းကြောင်းက ငြိမ်းချမ်းရေးဘက်မသွားဘဲနဲ့ ပိုပြီးတော့ဆိုးဖို့ပဲ ရှိတယ်၊ ရွေးကောက်ပွဲကလည်း ဘယ်သူမှမယုံကြည်နိုင်တော့ ဒါကလည်း အဖြေမဟုတ်ဘူး။ တိုက်ပွဲတွေဖြစ်နေတာလည်း ဆက်ဖြစ်နေမယ်၊ အဖွဲ့အစည်းပိုအားရှိဖို့ လက်နက်ပိုကောင်းဖို့ပဲ ကြိုးစားကြမှာပဲ၊ အဲ့လိုမျိုးဆိုရင် ခုနကပြောသလို စစ်အင်အားနဲ့ပဲ ဖြေရှင်းဖို့ပဲဖြစ်လာမယ်၊ ဒါပေမယ့် မြန်မာပြည်မှာက အဲ့လိုဖြေရှင်းနေကြမယ်ဆိုရင် ဘယ်သူမှမအောင်မြင်နိုင်ဘူး၊ စစ်တပ်ဘက်ကလည်း မအောင်မြင်နိုင်ဘူး၊ တော်လှန်ရေးဘက်ကလည်း မအောင်မြင်နိုင်ဘူး၊ တိုက်ပွဲကရေရှည်ဖြစ်သွားမယ် ဟိုဘက်နိုင်လိုက်၊ ဒီဘက်နိုင်လိုက်နဲ့ ကြားထဲက လူထုကပဲ နစ်နာမယ်။

ဒါက စိုးရိမ်စရာဖြစ်တယ်၊ နောက်ထပ်စိုးရိမ်စရာတစ်ခုက ကျနော်တို့မြန်မာနိုင်ငံအတွင်းမှာ အဖြေမရှာနိုင်ဘူး စစ်ပွဲပဲဖြစ်နေမယ်ဆိုရင် အနီးအနားနိုင်ငံတွေက ရေရှည်ကို မစောင့်ဘူး၊ ဒီလိုပြည်တွင်းစစ်ကြာရှည်စွာဖြစ်ပွားနေတာကို ဘယ်သူမှမဖြေရှင်းနိုင်ဘူးဆိုရင် သူတို့ကိုယ်တိုင်လာဖြေရှင်းနိုင်တယ်။ အဲ့လိုဖြစ်လာရင် ကျနော်တို့အတွက် ပိုဆိုးမယ်လို့ ယူဆပါတယ်။ ဆိုတော့ တိုက်တွန်းချင်တာက တိုက်နေတဲ့ အဖွဲ့တွေ စစ်တပ်က အဓိကပေါ့၊ ဒီလိုပဲဆက်တိုက်နေမယ်ဆိုရင် နစ်နာမှာက ပြည်သူလူထုတင်ပဲ မဟုတ်တော့ဘူး၊ တိုင်းပြည်လည်းဆုံးရှုံးသွားနိုင်တယ်၊ သူတို့ တည်ဆောက်လာတဲ့ စစ်တပ်ကြောင့် တိုင်းပြည်ဆုံးရှုံးသွားတယ်ဆိုရင် ပိုမဆိုးသွားနိုင်ဘူးလားပေါ့၊ အဲ့ဒါမေးချင်ပါတယ်။

မေး။ ။ အခုလို ဖြစ်နေတဲ့ အခြေအနေတွေက တော်တော်ဆိုးတယ်လို့ ပြောနိုင်တယ်။ နိုင်ငံရေးပြဿနာကို စစ်အင်အားနဲ့ပဲ ဖြေရှင်းမယ်ဆိုရင် လမ်းမှားနေပြီလို့ ကျနော်ကတော့ ယူဆပါတယ်။ မတိုက်ရဘူး ပြောတာ မဟုတ်ပါဘူး၊ အခုလမ်းကြောင်းက ငြိမ်းချမ်းရေးဘက် မသွားဘဲနဲ့ ပိုပြီးတော့ ဆိုးဖို့ပဲ ရှိတယ်။

ရွေးကောက်ပွဲကလည်း ဘယ်သူမှ မယုံကြည်နိုင်တော့ ဒါကလည်း အဖြေမဟုတ်ဘူး၊ တိုက်ပွဲတွေ ဖြစ်နေတာလည်း ဆက်ဖြစ်နေမယ်။ ဆိုတော့ အဖွဲ့အစည်းပို အားရှိဖို့ လက်နက်ပိုကောင်းဖို့ပဲ ကြိုးစားကြမှာပဲ။ အဲ့လိုမျိုးဆိုရင် ခုနကပြောတဲ့အတိုင်း စစ်အင်အားနဲ့ပဲ ဖြေရှင်းဖို့ ဖြစ်လာမယ်။ ဒါပေမယ့် မြန်မာပြည်မှာက အဲ့လို ဖြေရှင်းနေကြမယ်ဆိုရင် ဘယ်သူမှ မအောင်မြင်နိုင်ဘူး။ စစ်တပ်ဘက်ကလည်း မအောင်မြင်နိုင်ဘူး၊ တော်လှန်ရေးဘက်ကလည်း မအောင်မြင်နိုင်ဘူး။

တိုက်ပွဲက ရေရှည်ဖြစ်သွားမယ် ဟိုဘက်နိုင်လိုက်၊ ဒီဘက်နိုင်လိုက်နဲ့ ကြားထဲက လူထုကပဲ နစ်နာမယ်၊ ဒါက စိုးရိမ်စရာဖြစ်တယ်။ နောက်ထပ်စိုးရိမ်စရာ တစ်ခုက ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ အဖြေမရှာနိုင်ဘူး၊ စစ်ပွဲပဲ ဖြစ်နေမယ်ဆိုရင် အနီးအနားနိုင်ငံတွေက ရေရှည်ကို မစောင့်ဘူး။ ဒီလို ပြည်တွင်းစစ် ကြာရှည်စွာ ဖြစ်ပွားနေတာကို ဘယ်သူမှ မဖြေရှင်းနိုင်ဘူးဆိုရင် သူတို့ကိုယ်တိုင် လာဖြေရှင်းနိုင်တယ်။

အဲ့လိုဖြစ်လာရင် ကျနော်တို့အတွက် ပိုဆိုးမယ်လို့ ယူဆပါတယ်။ ဆိုတော့ တိုက်တွန်းချင်တာက တိုက်နေတဲ့ အဖွဲ့တွေ စစ်တပ်က အဓိကပေါ့၊ သူတို့က ဒီလိုပဲ ဆက်တိုက်နေမယ်ဆိုရင် နစ်နာမှာက ပြည်သူလူထုတင်ပဲ မဟုတ်တော့ဘူး တိုင်းပြည်လည်း ဆုံးရှုံးသွားနိုင်တယ်။ သူတို့ တည်ဆောက်လာတဲ့ စစ်တပ်၊ တိုင်းပြည်ကို ကာကွယ်တဲ့ စစ်တပ်ကြောင့် တိုင်းပြည်ဆုံးရှုံးသွားတယ် ဆိုရင် ပိုမဆိုးသွားနိုင်ဘူးလားပေါ့၊ အဲ့ဒါ မေးချင်ပါတယ်။

မေး။ ။ အဲ့လိုတိုက်ပွဲတွေက စဝ်ဟန် ကိုယ်တိုင်လည်း ကြုံခဲ့ရတယ်။ တစ်လျှောက်လုံးမှာ အသက်ငယ်ငယ်တည်းက နေအိမ်ဝင်စီးခံရတာတွေ၊ ကိုယ်တိုင်ကလည်း ဒုက္ခသည် ခံယူရတာတွေ ရှိခဲ့တယ်။ ဒီဟာနဲ့ ပတ်သက်ပြီး အဲ့ဒီကတည်းက မိသားစုတွေလည်း သေကွဲ ကွဲခဲ့ရတာတွေ ရှိတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်က မြန်မာစစ်တပ်နဲ့ ပြန်ပြီးတော့ ဆွေးနွေးတာတွေ ရှိတယ်ဆိုတဲ့ အတွက်ကြောင့် ဒီကြားထဲမှာ စိတ်နာမှုတွေ၊ နာကျည်းမှုတွေ မရှိဘူးလားလို့ တချို့က မေးကြတယ်။ ဘယ်လိုကြောင့် ဘယ်လိုခံစားချက်နဲ့ လုပ်ဖြစ်လဲဆိုတာ စဝ်ဟန် ပြောပြပေးပါဦး။

ဖြေ။ ။ ဟုတ်ပါတယ်၊ အဲ့ဒီ ခံရတဲ့ ကိစ္စတွေကို စိတ်နာနေရုံနဲ့ ဘယ်တော့မှ မပြီးဘူးလို့ ကျနော်မြင်ပါတယ်။ ကျနော်က စိတ်နာနေလို့ စစ်တပ်ကို တစ်မျိုးပြန်လုပ်တယ်ဆိုရင် ခံရတဲ့ စစ်တပ်ဘက်က မိသားစုလည်း ပြန်လုပ်မှာပဲ၊ ဒီပြဿနာတွေက ဖြေရှင်းလို့ မရဘူး။ ဆိုတော့ ကျနော်ကတော့ ဘာသာရေးနဲ့လည်း ဆိုင်ပြီးတော့မှ ဘုရားသခင်ကိုလည်း ကိုးကွယ်တော့ ဒီကိစ္စကို ဘုရားသခင်လက်ထဲ အပ်လိုက်ပါတယ်၊ ဘုရားသခင်ပဲ အရေးယူဖို့ ကျနော်ကတော့ မလုပ်တော့ဘူး။

ဒါပေမယ့် ကျနော်အနေနဲ့က စစ်တပ်နဲ့ စကားပြောပြီး အဖြေရှာနိုင်တယ်၊ တိုင်းပြည်ပြန်ပြီး တည်ငြိမ်သွားနိုင်တယ် ဆိုရင် ပိုအကျိုးရှိမယ် ဆိုပြီးမှ အဲ့လိုမျိုး စဉ်းစားပြီး စစ်တပ်နဲ့ ပြန်ဆွေးနွေးခဲ့ပါတယ်။ အဲ့လိုဆွေးနွေးခဲ့တုန်းကလည်း အဲ့ဒီအချိန်မှာ တကယ်အရေးပါ ထိရောက်မှုအများကြီး ရှိခဲ့တယ်လို့ အဲ့လိုမြင်ခဲ့ပါတယ်။ အခုခေတ်ကတော့ တစ်မျိုးပေါ့၊ အဲ့ဒီခေတ်တုန်းကတော့ ဆွေးနွေးပွဲတွေကိုတည်း တကယ် အကောင်အထည် ဖော်နိုင်ခဲ့တယ်ဆိုတာ ကျနော်မြင်ခဲ့ပါတယ်။

မေး။ ။ လက်ရှိဖြစ်ပျက်နေတဲ့ စစ်ရေးပဋိပက္ခတွေ ကြားထဲကပဲ စဝ်ဟန် အနေနဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုထပ်ပြီးတော့ လမ်းသစ် ဖောက်သွားဖို့ ရှိလဲ၊ အဲ့တာပြောလို့ရပါသလား။

ဖြေ ။ ။ လမ်းသစ်ဖောက်ဖို့ကတော့ မလွယ်ဘူး၊ ဘာကြောင့်လဲဆိုရင် အမြင်တူမှပဲ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ စကားပြောတော့ သူတို့ကလည်း မြင်တာက တစ်နေ့ကျရင် ဆွေးနွေးရမယ်၊ အချိန်မရောက်သေးဘူး။ ဘာကြောင့်လဲဆိုရင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမှ ရမယ်လို့ သူတို့ မြင်ပါတယ်၊ သူတို့ နားလည်ပါတယ်။ ဒါပေမဲ့ စစ်တပ်ဘက်က အဲဒီဟာ နားလည်သေးလား၊ လက်ခံသေးလား ဆိုတာ မထင်ရှားသေးဘူး။

ဆိုတော့ အဲဒီ စစ်တပ်ဘက်က တကယ်ပဲ ငြိမ်းချမ်းရေးလိုချင်တယ်၊ အဖြေရှာချင်တယ်ဆိုရင် ပထမဆုံးကတော့ လူထုကို ဗုံးကြဲနေတဲ့ကိစ္စက ရပ်ဖို့ကို လိုတယ်။ တစ်ဖက်သတ် ရပ်သွားလိုက် ကြေညာလိုက် ကျွန်တော်တော့ အဲလိုမျိုး မြင်တယ်။ ဘာကြောင့်လဲဆိုရင် သူတို့က အဲလိုမျိုး ဗုံးကြဲနေတဲ့ ကာလလုံးကတော့ ဘယ်သူမှ မယုံဘူး ဒီငြိမ်းချမ်းရေး လိုချင်တယ်ဆိုတဲ့ ကိစ္စ။

မေး။ ။ ကျနော်တို့ မြန်မာပြည်ရဲ့ စစ်ရေး၊ နိုင်ငံရေးကို ကြည့်မယ်ဆိုရင်လည်း သံသရာ လည်နေတယ်ပေါ့နော်။ ဒီတိုင်းပြည်ရဲ့ ဖြစ်စဉ်တွေက ပြန်ကြည့်ရင် ငြိမ်းချမ်းရေးဆွေးနွေးလိုက်၊ ဒီမိုကရေစီယူလိုက်၊ ပြီးတော့ ပြန်ရွေးကောက်ပွဲလုပ်လိုက်၊ ဒီလို သံသရာ လည်နေတဲ့ကြားထဲမှာ ဘယ်လိုဆက်ပြီးတော့ ရုန်းထွက်ရမလဲ၊ အဲဒါလေး နည်းနည်းလောက် အကြံပြုပါဦး။

ဖြေ။ ။ ကျနော်တို့ မြန်မာပြည် တစ်ခုပဲ ကြည့်ရင်တော့ စိတ်ပျက်စရာပဲ (ရယ်လျက်)။
ဒါပေမဲ့ တခြားနိုင်ငံမှာ ကြည့်ရင်လည်း သူတို့ကလည်း ဒီလိုမျိုး ပြဿနာ ကြုံဖူးခဲ့ပါတယ်၊ ကျနော်တို့ပဲ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့က ကြိုးစားပြီး လမ်းရှာခဲ့ပါတယ်၊ မဟုတ်ရင်လည်း အခြေအနေ ပေးလို့ အဖြေရသွားတာတွေ ရှိပါတယ်။

ကျနော်တို့အနေနဲ့ကလည်း ဒီလိုမျိုးပဲ ထွက်ပေါက်မရှိတော့ဘူး ဆိုတာကတော့ မဟုတ်ဘူးပေါ့နော်၊ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ မထင်မှတ်ဘဲနဲ့ ဖြစ်လာမယ့် ကိစ္စတွေကနေ ဖြစ်လာနိုင်တယ်လို့ ကျွန်တော် ယူဆတယ်။ ဆိုတော့ ကျနော်တို့က အဲဒီ အဆင့်ရောက်လာဖို့ ပြင်ဆင်ထားရမယ်။ အဲလိုမဟုတ်ရင် ရောက်လာတဲ့အချိန်မှာ ကျွန်တော်တို့က အဆင်သင့် မရှိဘူးဆိုရင် အဲဒီ အခွင့်အရေးက ပျောက်သွားနိုင်တယ်။

မေး။ ။ ကျနော် သိချင်တာပေါ့နော်၊ ငြိမ်းချမ်းရေး ပဋိပက္ခတွေရော နောက်ထပ် နောက်ကွယ်ကနေပြီးတော့ ပံ့ပိုးကူညီတာတွေရော တောက်လျှောက် လုပ်လာခဲ့တယ်ပေါ့နော်။ ကိုယ်အသက်ရှင်တဲ့အချိန်မှာ မြန်မာပြည်ကြီးကို ဘယ်လိုမြင်ချင်ပါသလဲ။

ဖြေ။ ။ ကျနော် အသက်ရှင်တဲ့ အချိန်မှာကတော့ ကောင်းလာမယ်လို့ မသိဘူး၊ သိပ်ပြီးတော့မှ မျှော်လင့်ချက်လည်း မရှိဘူး။ ဒါပေမဲ့ ကျနော်မျှော်လင့်ချက်က လူငယ်တွေက ဆက်ပြီးတော့မှ ဒီလမ်းကြောင်းကို ဆက်သယ်သွားမယ်လို့ အဲလိုမျိုး ယုံကြည်ပါတယ်။ လူငယ်တွေကပဲ ဖြေရှင်းမယ်လို့ ကျွန်တော် ယူဆပါတယ်။

မေး။ ။ ဒီကြားထဲမှာ ကျွန်တော် မမေးလိုက်ရတဲ့ မေးခွန်းတွေ ရှိကောင်းရှိနိုင်တယ်။ စဝ်ဟန် အနေနဲ့ရော ဘာများ ထပ်ပြီးတော့ ပရိသတ်တွေကို ပြောချင်ပါသလဲ။

ဖြေ။ ။ ကျနော် ပြောချင်တာကတော့ ဒီအချိန်မှာကတော့ ဒုက္ခရောက်နေကြတယ်၊ မခံချင်စိတ်တွေလည်း များမယ်။ စစ်တပ်ကိုလည်း ကောင်းတာ မမြင်ဘူး၊ လုံးဝ မမြင်ဘူးပေါ့နော်။ အကုန်လုံးက စစ်တပ်ဆိုရင် လူဆိုးတွေပဲလို့ မြင်ကြတယ်၊ အဲဒါလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျနော် ယုံတာကတော့ စစ်တပ်ထဲမှာကလည်း ကောင်းတဲ့လူတွေ ရှိတယ်။

ဒီကောင်းတဲ့လူတွေကလည်း တိုင်းပြည်အတွက် တကယ်လုပ်ချင်တယ်ဆိုရင် အဖြေရှာချင်တယ်ဆိုရင် ကြိုးစားပါလို့ ကျနော်က တိုက်တွန်းချင်ပါတယ်၊ ဒီလိုပဲ မလွှတ်ထားပါနဲ့။ ဘာကြောင့်လဲဆိုရင် ဒီလို လွှတ်ထားရင် လူထုကပဲ ဆက်ပြီးတော့မှ ဒုက္ခရောက်မယ်။ ဒီဟာက ဘယ်သူ့အတွက်မှလည်း မကောင်းဘူး၊ တိုင်းပြည်အတွက်လည်း မကောင်းဘူး။

ကျနော်တို့က အနီးအနား နိုင်ငံနဲ့ဆိုရင် ဘယ်လိုမှ ပြိုင်လို့မရတော့ဘူး။ ကျနော်တို့ ဒီလိုပဲ ဆက်ပျက်နေမယ်၊ ဆက်ရှုပ်နေမယ် ဆိုရင်တော့ ပိုပြီးတော့မှ နောက်ကျသွားမယ်လို့ ကျနော် အဲဒါ သူတို့ကို တိုက်တွန်းချင်ပါတယ်။

မေး။ ။ ဟုတ်ကဲ့ပါ၊ အချိန်ပေးပြီးတော့ အင်တာဗျူး လက်ခံဖြေကြားပေးတဲ့ အတွက်လည်း အရမ်းကျေးဇူးတင်ပါတယ်။ မိုင်ဆုန်ခ …

ဖြေ ။ ။ ဟုတ်ကဲ့၊ ကျေးဇူးပါပဲ … ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...

စစ်မှုထမ်းရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဒေသခံများထံ သိန်းရာချီကောက်ခံပြီး လူဝယ်ထည့်ရ

0
သျှမ်းပြည် မြို့နယ်အချို့၌ စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် လူသစ်စုဆောင်းရာတွင် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် လူစားထိုးရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ပွဲစားများမှတစ်ဆင့် ချိတ်ဆက် ဝယ်ယူနေရကြောင်း ဒေသခံများက ပြောသည်။ စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် လူသစ်စုဆောင်းမှုများကို ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစ၍ တောင်ကြီး၊...

ယနေ့ … ဈေးနေ့ … ဖြစ်သည်

0
ပတ်ဝန်းကျင်တစ်ခုလုံး နှင်းများအကြား ပိန်းပိတ်နေသည်။ တစ်ယောက်နဲ့ တစ်ယောက် သဲသဲကွဲကွဲ မမြင်ရပေမယ့် အသံများကိုတော့ ကြားနေရသည်။ အနီးရောက်မှ ဖြတ်ကနဲ ဝင်လာသည့် လူတစ်ယောက်ကို ကျွမ်းကျင်စွာ ရှောင်လိုက်နိုင်သည်။ အားလုံးက ဒီအခြေအနေကို ကျင့်သားရနေကြပြီပဲ ဖြစ်သည်။ မနက် ၃ နာရီခန့်ကတည်းက ဈေးထဲ ရောက်နေပြီ ဖြစ်ကြသည်။ မကြာခင်...

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...