စစ်ကောင်စီ နှင့် ညီနောင်မဟာမိတ် တတိယအကြိမ်ဆွေးနွေးမှု ရလဒ်မကောင်း

သျှမ်းမြောက်ဒေသတွင် စစ်ရေးပြင်းထန်နေကြသည့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တို့သည့် တရုတ်နိုင်ငံ ကူမင်းမြို့မှာ တတိယအကြိမ် ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ပြီး ရလဒ်မကောင်းကြောင်း သတင်းထွက်ပေါ်လာသည် ။

ပြီးခဲ့သည့် ရက်ပိုင်း (ဇန်နဝါရီလ ၇ ရက်) မှ (ဇန်နဝါရီလ ၉ ရက်)အထိ တရုတ်၏ ကြားဝင်ညှိနှိုင်းပေးမှုနှင့် စစ်ကောင်စီ နှင့် ညီနောင်မဟာမိတ်တို့ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြရာ ရလဒ်ကောင်းမထွက်လာသည့်အပြင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တင်းမာမှုများရှိနေသည့်အတွက်ကြောင့် ဆွေးနွေးမှုပျက်ပြဲသွားခဲ့ကြောင်း စစ်တပ်အသိုင်းအဝိုင်း တစ်ဦးက ပြောသည်။

“ပုံမှန်အားဖြင့်တော့ သူတို့တွေ့ဆုံပြီတိုင်း ဘယ်လိုလဲဆိုတာ ညတွင်းချင်းသတင်းထုတ်ပြန်လာတာရှိတယ်။ အခုကျနော်တို့ကြားရတာတော့ ဆွေးနွေးမှုက ပျက်သွားပြီတဲ့။ စစ်ကောင်စီက ကိုးကန်ဒေသ အထူး ၁ ပေးမယ်လို့ပြောတယ်။ ဒါမဲ့ ကိုးကန်တပ်ဖွဲ့တွေကို လက်နက်ချခိုင်းတာပေါ့။ ပြီးတော့ စစ်တပ်အောက်မှာပဲ နေခိုင်းတာပေါ့။ အဲကြောင့် ဆွေးနွေးမှုက ပျက်သွားတာ။ ဒါကိုလည်း MNDAA အနေနဲ့ တင်းမာထားတာပေါ့” ဟု ၎င်းကပြောသည်။

စစ်ကောင်စီ နဲ့ ညီနောင်မဟာမိတ်တို့သည့် ပြီးခဲ့တဲ့ (ဒီဇင်ဘာ ၁၁ ရက်မှ ၁၃ ရက်)ထိ တရုတ်နိုင်ငံတွင် ပထမဆုံး တွေ့ဆုံဆွေးနွေးခဲ့ပြီး ယာယီအပစ်ခတ်ရပ်စဲရန် သဘောတူညီခဲ့သကဲ့သို့ စစ်ကောင်စီက နမ့်ခမ်းမြို့နယ် စခန်းသစ်ကုန်းကိုလည်း TNLA ကို လက်လွှတ်ခဲ့ရသည်။

အလားတူ (ဒီဇင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၂၄ ရက်)ထိ ဒုတိယအကြိမ်ထပ်မံတွေ့ဆုံခဲ့ပြီး စစ်ကောင်စီဘက်မှ သျှမ်းမြောက်စစ်ရှိန်လျော့ရေးနှင့် ညီနောင်မဟာမိတ်ဘက်က လူသားချင်းစာနာထောက်ထားမှုတို့ဖြင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

သို့သော် လက်ရှိတတိယအကြိမ်ဆွေးနွေးမှုအပြီးမှာ သျှမ်းပြည်မြောက်ပိုင်းအတွင်း တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်သကဲ့သို့ စစ်ဘေးရှောင် ( ၃၀၀၀) နီးပါးရှိသည့် လားရှိုးမြို့ နှင့် မန္တလေးအထိ တိုက်ပွဲတွေ ပြန့်ကြဲသွားနိုင်ကြောင်း ဒေသခံများကလည်း သုံးသပ်ပြောဆိုနေကြသည်။


လက်ရှိတွင် လားရှိုးမြို့နယ်၏ ဘေးပတ်လည်တွင် တိုက်ပွဲပြင်းထန်နေလျက်ရှိပြီး လားရှိုးမြို့တွင်း တိုက်ပွဲဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်မှုမြင့်တက်ရာ ထွက်ပြေးတိမ်းရှောင်နေကြသည်။

“ လားရှိုးမြို့မှာတော့ အခုတော့ အကုန်ထွက်ပြေးသွားနေကြပြီ။ တစ်ရက်ကို ကားအစီ၁၀၀ ကျော်လောက်က ထွက်ပြေးတိမ်းရှောင်နေကြပြီ။ ပြောချင်တာကတော့ အသက်ကြီးတဲ့သူတွေ ၊ ကျန်းမာရေးမကောင်းတဲ့သူတွေလည်း ထွက်ပြေးတိမ်းရှောင်ထားသင့်နေပြီပေါ့။ သတင်းတွေကိုလည်း နားစွန့်နားထောင်နေရတယ်။ အခုဆွေးနွေးမှုရလဒ်နဲ့တော့ လားရှိုးအထိတိုက်ပွဲရောက်လာနိုင်တယ်” ဟု လားရှိုးမြို့ဒေသခံတစ်ဦးက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လားရှိုးမြို့ရှိ မန်ဆူဆရာတော်က မြို့အတွင်းသို့ တိုက်ပွဲဖြစ်ပွားမည် မဟုတ်ကြောင်း ဗီဒီယိုရုပ်ပုံ နှင့်အတူ ယမန်နေ့ ( ဇန်နဝါရီလ ၉ ရက်)မှာ လူမှုကွန်ရက်စာပေါ်မှာပေါ်၌ ပျံ့နှံ့လာသည်။

စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း စစ်ကောင်စီဘက်မှ လက်လွှတ်ပေးလိုက်ရသည့် မုံးကိုး ၊ ချင်းရွှေဟော်တို့ နေရားများကို ပြန်လည်လုံခြုံမှုတည်ဆောင်နိုင်ဖို့အတွက် ဆောင်ရွက်နေကြောင်း စစ်ကောင်စီ ထုတ် သတင်းစာမှာ ပြောဆိုထားသည်။

“ကွမ်လုံဗျူဟာနဲ့ ကွပ်ကဲမှုအောက် တပ်တွေအနေနဲ့ကတော့ ရက်သတ္တပတ် တစ်ပတ်ခန့်ရှိပြီ၊ ရန်သူကို ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်နေတာမျိုး ဖြစ်ပါတယ်။ ပြီးရင်တော့ TNLA ဝင်ရောက်သွားတဲ့ သိန္နီမြို့ အခြေအနေမှာတော့ သိန္နီမှာရှိတဲ့ တပ်တွေအနေနဲ့ ပြန်လည်လွှမ်းမိုးမှုရရှိပြီး ဖြစ်ပါတယ်။ ပြီးရင် လားရှိုးမြို့အနီးတဝိုက်၊ ကွတ်ခိုင်တဝိုက်မှာရှိတဲ့ သောင်းကျန်းသူ ပူးပေါင်းအဖွဲ့တွေကိုတော့ ရှင်းလင်းဆောင်ရွက်ပြီးဖြစ်ပါတယ်။ ထို့အတူ မုံးကိုးတို့၊ ချင်းရွှေဟော်တို့၊ လက်လွှတ်ခဲ့ရတဲ့ နေရာလေးတွေ ရှိတယ်။ ဒီလက်လွှတ်ခဲ့ရတဲ့ နေရာလေးတွေမှာလည်း ပြန်လည်ပြီးတော့ လုံခြုံမှုတည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြောသည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထားသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ နေပြည်တော်တွင် ယမန်နေ့ ဇန်နဝါရီ ၉ ရက်နေ့စ၍ တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲကို ၂ ရက်အတွင်း ပြုလုပ်မည်ဖြစ်ပြီး ယနေ့ (ဇန်နဝါရီ ၁၀)ရက် ဒုတိယနေ့ နွေးဆွေးပွဲတွင် အာဆီယံ အထူးကိုယ်စားလှယ် လာအိုနိုင်ငံ မစ္စတာ ခစ်တီခွန်နှင့် တွေဆုံရန်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝှမ်း တိုက်ပွဲတွေဖြစ်ပွားနေချိန်တွင် စစ်ကောင်စီဘက်က လက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် အပြင်းထန်လှုပ်ရှားနေလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...