Tuesday, January 27, 2026

တောင်ကြီး ရဲတပ်ဖွဲ့ဝင် ၂ဦးထံ မူးယစ်ဆေးမိ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ ရွှေတောင်ရပ်ကွက်တွင် ရဲတပ်ဖွဲ့ဝင် ၂ ဦးထံ စိတ်ကြွဆေးပြား ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။

Photo by Taunggyi/ facebook

ဇူလိုင် ၇ ရက် ညပိုင်းတွင် ရပ်ကွက်နေ ပြည်သူများ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ ရပ်ကွက်တွင်း ကင်းလှည့်စဉ် ရဲဘော် ၂ ဦး ထံ WY စိတ်ကြွဆေးပြား ၉ ပြား ဖမ်းဆီးရမိကြောင်း ရွှေတောင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းအောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ရပ်ကွက်ထဲ ဝင်လာတဲ့သူ တွေကို ကျနော်တို့ အားလုံး စစ်ဆေးပါတယ်။ ပြည်နယ် ရဲတပ်ဖွဲ့ဝင် ၅ ဦး မှာ ၂ ဦးဆီက စိတ်ကြွဆေးပြား ၉ ပြား ဖမ်းဆီးရမိပါတယ်။” ဟု ဦးသန်းအောင် က ပြောသည်။

ရွှေတောင် ရပ်ကွက်တွင် မူးယစ်ဆးဝါး ရောင်းဝယ်သူများပြားသည့်အတွက် ရပ်ကွက်ထဲက ပြည်သူများ နှင့် ပူးပေါင်းပြီး မူးယစ်ဆေးဝါးကင်းစင်အောင် ဆောင်ရွက်နေကြောင်းလည်း ဦးသန်းအောင် ကပြောသည်။

စိတ်ကြွဆေးပြားဖမ်းဆီးရမိသည့် ရဲဘော် ၂ ဦး ကို ယခုမှာ တောင်ကြီးမြို့မ ရဲစခန်းမှာ ဖမ်းဆီး ရေးယူထားကြောင်း သိရသည်။

“ သူတို့ကို ဖမ်းမိတုန်းက တစ်ယောက်က ယူနီဖောင်း အပြည့်မဝတ်ထားဘူး။ ကျန်တဲ့တစ်ယောက်က ပုဆိုး ဝတ်ထားတယ်။” ဦးသန်းအောင် ကဆိုသည်။

ရွှေတောင်ရပ်ကွက်တွင် မူးယစ်ဆေးဝါး ရောင်းသည့်သူမှာ ရဲတပ်ဖွဲ့ဝင်များ နှင့် ပတ်သက်မှု ရှိနေသည့်အတွက် ရဲတပ်ဖွဲ့တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး စီမံချက် ပြုလုပ်လိုက်ခြင်း ဖြစ်ကြောင်း ၎င်း ကပြောဆိုသည်။

တောင်ကြီးမြို့ ရွှေတောင်ရပ်ကွက်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်မှု ပိုမိုများလာသဖြင့် တောင်ကြီးခရိုင်ရပ်တပ်ဖွဲ့မှူး၏ ခွင့်ပြုချက်ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ ရပ်ကွက်နေပြည်သူများ နှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ မူးယစ်ဆေးဝါး ဖမ်းဆီးရေး ဆောင်ရွက်နေကြာင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တန့်ယန်းမြို့ရှိ KTV နှင့် အနှိပ်ခန်းများတွင် မူးယစ်ဆေးပါ ရောင်းချမှုရှိနေဟုဆို

0
စစ်အာဏာသိမ်းပြီး (၅)နှစ်တာ ကာလအတွင်း သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ကေတီဗွီ (KTV) ဆိုင်နှင့် အနှိပ်ခန်းများ ယခင်ကထက် ပိုများလာပြီး၊ ၎င်းထဲတွင် မူးယစ်ဆေးဝါးများပါ ရောင်းချနေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း KTV နှင့် အနှိပ်ခန်း (၅၀) နေရာ ထက်မနည်း တိုးချဲ့ဖွင့်လှစ်လာခဲ့ပြီး အချို့သော...

သတိပြုရမည့် မူးယစ်မှောင်ခိုလမ်းကြောင်း (သို့မဟုတ်) တားမြစ်နေရာများ အမဲလိုက်ခြင်း

0
ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သည့်အတွက် ထိုင်း-မြန်မာနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း မုဆိုးများသည် တောကျို တောင်ကြားထဲ အမဲလိုက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုရာသီသည် တောတောင်ထဲတွင် တောဝက်များ၊ တောကြက်များ အစာရှာထွက်သည့်အတွက် အများစုက အမဲလိုက်ရန် သွားကြကြောင်း မိုင်းတုံမြို့နယ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဓိက တောဝက်၊ တောကြက်ရဖို့...

စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း အင်းလေး မူးယစ်ဆေးသုံးစွဲမှုပိုများလာ

0
စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲသူ သိသိသာသာများလာကြောင်း ဒေသခံများပြောပြချက်အရသိရသည်။​ အင်းလေးဒေသအတွင်း မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် ရောင်းချနေကြပြီး၊ သုံးစွဲသူများတွင် အသက်မပြည့်သေးသည့်သူများနှင့်အမျိုးသမီးများလည်း ပါဝင်နေကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် အင်းလေးဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။​ ထိုမူးယစ်ဆေးသုံးစွဲ ရောင်းချသူများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဟန်ပြဖမ်းဆီးမှုသာပြုလုပ်နေသည်။​ " မူးယစ်ဆေးတွေက...

ထိုင်းနိုင်ငံ ချင်းမိုင်ဈေးထဲတွင် ဝှိက်ထားသည့် မက်သာဖက်သမင်း ၄၆၉ ကီလို ဖမ်းမိ

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မြောက်ဘက်ရှိ Pathum Thani ခရိုင်မှ Talaad Thai ဈေးသို့ တင်ပို့မည့် မက်သာဖက်သမင်း ၄၆၉ ကီလိုဂရမ်ကို ချင်းမိုင်မြို့ရှိ ကတ်မိန်းမိုင်ဈေး (Muang Mai Market) တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ ယနေ့ (နိုဝင်ဘာလ ၁၁) ရက်တွင်...

ထိုင်း-မြန်မာနယ်စပ်တွင် မူးယစ်မှောင်ခိုများနှင့် ထိုင်းစစ်တပ်တို့ ပစ်ခတ်၊ မူးယစ်ဆေး တစ်သန်းကျော် သိမ်းဆည်းရမိ

0
ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ခရိုင် ဖန်မြို့နယ်တွင် မြန်မာနိုင်ငံဘက်မှ မူးယစ်ဆေးသယ်ဆောင်လာသည်ဟု ယူဆရသည့်အဖွဲ့နှင့် ထိုင်းနယ်ခြားစောင့် စစ်တပ်တို့ ယမန်နေ့ (အောက်တိုဘာလ ၂၇) ရက် နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ၆ ဦးအသေဖမ်းမိကြောင်း သတင်းသိရသည်။ တောင်တက်ကျောပိုးအိတ်ရှစ်လုံး ထဲတွင် မက်သာဖက်တမင်းဆေးပြား စုစုပေါင်း ၁,၂၀၀,၀၀၀ ခန့်နှင့် သေနတ်နှစ်လက်ကိုလည်း ထိုင်းအာဏာပိုင်များက...