Wednesday, January 28, 2026

ရင်ခွင်မဲ့စွန့်ပစ်ခံ ကလေးများ ထပ်မံမရှိစေရန် အရေးကြီး ဟုဆို

မြန်မာနိုင်ငံတွင် ရင်ခွင်မဲ့စွန့်ပစ်ခံ ကလေးများ ထပ်မံ မရှိစေရန် အတွက် အလွန်အရေးကြီးသည် ဟု ဒေါက်တာ မြသီတာ က ပြောကြားခဲ့သည်။

Photo by S.H.A.N

အဆိုပါ ပြောကြားချက်သည် ယနေ့ (ဇန်နဝါရီ ၁၀) ရက်တွင် သျှမ်းပြည် တောင်ကြီးတွင် ပြုလုပ်သည် ရင်ခွင်မဲ့ ကလေးငယ်များနှင့် တကိုယ်ရည် မိခင်များအတွက် နှစ်သိမ့်ဆွေးနွေး ဆရာဖြစ်သင်တန်း ၌ ဒေါက်တာ မြသီတာ က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် စွန့်ပစ်ခံရသည့် ကလေးငယ်များ အတွက် ကူညီ စောင့်ရှောက်ရေး နှင့် နောက်ထပ် ရင်ခွင့်မဲ့ စွန့်ပစ် ခံကလေးများ ထပ်မဖြစ်စေရန် အတွက် ကာကွယ်တားဆီးရေးသည် အလွန် အရေးကြီးကြောင်း မြန်မာနိုင်ငံ ရင်ခွင်မဲ့ ကလေးငယ်များလျော့ရေး နှင့် ကာကွယ်စောင်ရှောက်ရေး အသင်း (ဗဟို) အထွေထွေအတွင်းရေးမှူး ဒေါက်တာ မြသီတာ က ပြောဆိုလိုက်သည်။

“ ကလေးငယ်တွေ ရင်ခွင်မဲ့ ဖြစ်တဲ့ အကြောင်းရင်းက မလိုချင်တဲ့အချိန်မှာ ကိုယ်ဝန်ရသွားတာ။ နောက်လိင်လှည့်ဖြားခံရလို့ ကလေးငယ်တွေ ရင်ခွင်မဲ့ဖြစ်ရတာ။ ဒါတွေ မဖြစ်အောင် ကျမတို့ အသင်း က နှစ်သိမ့်ဆွေးနွေးမှုတွေ ပြုလုပ်ရခြင်းဖြစ်ပါတယ်” ဟု ဒေါက်တာ မြသီတာ က ဆိုသည်။

ကလေးမလိုသည့် အချိန်တွင် ကိုယ်ဝန် မရအောင်နှင့် ကလေးမွေးလာပြီး တကိုယ်ရည် မိခင်များ လောကဓံ ကို ကြံ့ကြံ့ခံ စောင့်ရှောက်နိုင်ရန် နှင့် မှန်ကန် ဆုံးဖြတ်ချက် နိုင်အောင် အတွက် နှစ်သိမ့်ဆွေးနွေးမှုသည် အလွန်အရေးကြီးကြောင်းလည်း ဒေါက်တာ မြသီတာ က ပြောသည်။

“သူတို့တွေ နှစ်သိမ့်ဆွေးနွေးမှု တွေ ရရင် မဖြစ်သင့်တာတွေ မဖြစ်တော့ဘူး။ ကိုယ့်ကိုကိုယ် သေကြောင်းကြံတာတွေ ကလေးဖျတ်ချတာတွေ စွန့်ပစ်လိုက်တာတွေ မဖြစ်တော့ဘူး။ မှန်မှန်ကန်ကန် ဆုံးဖြတ်တက်သွားမှာပါ” ဟု လည်း ဒေါက်တာ မြသီတာ က ထပ်လောင်း ပြောကြားလိုက်သည်။

ရင်ခွင်မဲ့ ကလေးငယ်များ ကို ဆေးရုံ၊ လမ်းဘေး တွင် အများစု စွန့်ပစ်ကြသည်။

ထို့ကြောင့် နှစ်သိမ့်ဆွေးနွေးမှု အတွက် လည်း ဆရာဖြစ်သင်တန်းလည်း ပေးကြောင်း၊ ထိုသင်တန်းတွင် နားထောင်နိုင်စွမ်းရည်၊ ယုံကြည်မှု ထူထောင်နိုင်စွမ်းရည်၊ လိုအပ်သည့် သတင်း အချက်အလက် ပေးနိုင်ပြီး တဖက်သား နားလည်လွယ်သည့် စကားများပြောတက်နိုင်စွမ်းရည် နှင့် လူတဖက်သား အတွင်းစကားထိန်းသိမ်းတက်ရန်လည်း လိုအပ်ကြောင်း တို့ ပါဝင်သည်။

မြန်မာနိုင်ငံတွင် ရင်ခွင်မဲ့ ကလေးငယ် အများပြားရှိသော်လည်း အချက်အလက် အရ ပြောဆိုရန်ခက်ခဲကြောင်း၊ မြန်မာနိုင်ငံတွင် ရင်ခွင်မဲ့ ကလေးဂေဟာ ၆၀၀ကျော်ရှိကြောင်း သိရသည်။

ရင်ခွင်မဲ့ ကလေးငယ်များနှင့် တကိုယ်ရည် မိခင်များအတွက် နှစ်သိမ့်ဆွေးနွေး ဆရာဖြစ်သင်တန်း ကို သျှမ်းပြည် တွင် ပထမဆုံး အကြိမ် လာရောက် ပြုလုပ်ပြီး၊ သျှမ်း မြောက် နှင့် သျှမ်း ရှေ့တွင် လည်း ဆက်လက် ပြုလုပ်သွားမည် ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး အေးသာယာမဲရုံသို့ မဲသွားပေးခဲ့သည့် အမျိုးသားတဦး ကိုဗစ်-၁၉ တွေ့

0
နိုဝင်ဘာ ၈ ရက်မှာကျင်းပသည့် အထွေထွေရွေးကောက်ပွဲနေ့တွင် တောင်ကြီး အေးသာယာရုံးသို့ မဲလာပေးသည့် အမျိုးသားတဦး ကိုဗစ်-၁၉ ကူးစက်ရောဂါပိုးရှိကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့ရှိ မဲရုံတစ်ရုံတွင် မဲသွားပေးခဲ့သည့် အမျိုးသားတစ်ဦးသည် ယနေ့ နိုဝင်ဘာ (၁၂) ရက်မှာ Rapid Antigen Diagnostic Test...

ကိုဗစ် -၁၉ လူနာ အမှတ် (၃၇၅) ကွင်းဆက် တောင်ကြီးမှ ၄ဦး ပိုးမတွေ့

0
ရခိုင်ပြည် မှ ကိုဗစ် -၁၉ လူနာ အမှတ် (၃၇၅ )ကွင်းဆက်ဖြစ်သည့် တောင်ကြီးမြို့မှ ၄ဦးသည် ကိုဗစ်-၁၉ ပိုးမတွေ့ရှိကြောင်း စုံစမ်းသိရသည်။ ၄င်း ၄ ဉီးအနက် တဦးသည် ဇူလိုင် ၃၁ ရက်က ကိုဗစ် လူနာအမှတ် (၃၇၅ )နှင့်...

တောင်ကြီး ရဲတပ်ဖွဲ့ဝင် ၂ဦးထံ မူးယစ်ဆေးမိ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ ရွှေတောင်ရပ်ကွက်တွင် ရဲတပ်ဖွဲ့ဝင် ၂ ဦးထံ စိတ်ကြွဆေးပြား ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ဇူလိုင် ၇ ရက် ညပိုင်းတွင် ရပ်ကွက်နေ ပြည်သူများ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ ရပ်ကွက်တွင်း ကင်းလှည့်စဉ် ရဲဘော် ၂ ဦး ထံ WY...

သျှမ်းပြည်နယ် အတွင်းရှိ သတင်းမီဒီယာသမားများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

သျှမ်းပြည်နယ်အတွင်းရှိ သတင်းမီဒီယာ သမားများ မှ သတင်းသမားနှင့် လုံခြုံရေး ခေါင်းစဉ်ဖြင့် တောင်ကြီး မြို့ ၊စိန်ပန်းရပ် ၊ အောင်မြေဘုံစံ ကျောင်းတိုက်တွင် ဆွေးနွေးပွဲ ကျင်းပခဲ့သည် ။ သြဂုတ်လ ၁၅ ရက်နေ့က ကျင်းပသော အဆိုပါဆွေးနွေးပွဲတွင် သျှမ်းပြည််နယ်တွင်းရှိသတင်းသမားများအားလုံးစည်းလုံး ညီညွတ်မှုရှိစေရန်နှင့် ခိုင်မာအားကောင်း သော...

သက်ငယ်မုဒိန်း ပပျောက်ရေး တောင်ကြီး မြို့တွင် ဆန္ဒဖော်ထုတ်

တောင်ကြီး မြို့လူငယ်များ အရပ်ဖက်အဖွဲ့အစည်းများမှ ပူးပေါင်း ၍ သက်ငယ်မုဒိန်း ပပျောက်ရေး ဆန္ဒဖော်ထုတ် ပွဲကို ဇူလိုင်လ ၆ ရက်နေ့ကတောင်ကြီး မြို့တွင်ကျင်းပ ခဲ့သည် ။ လူအင်အားတစ်ရာ ဝန်းကျင်ခန့်သည် ဗိုလ်ချုပ်ပန်းခြံတွင် စုဝေးပြီး မြို့မစျေး မိန်းလမ် းတ လျောက်မှ စူဋာမုနိဘုရားသို့ လမ်းလျောက်...