Tuesday, January 27, 2026

တာချီလိတ် “ ရှင်းဒါ” ရွှေဆိုင် အနုကြမ်းစီးခံရ

သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ တွင် အမည်မသိ အမျိုးသား ၂ ဦး မှ ရှင်းဒါ ရွှေဆိုင် ကို အနုကြမ်းစီးခဲ့ကြောင်း သတင်းရရှိသည်။

Photo by CCTV SH-MEDIA -ဇူလိုင်လ ၈ ရက် ၂၀၁၉ ဓါးပြ ၂ ဦး တာချီလိတ် “ ရှင်းဒါ” ရွှေဆိုင် အားဝင်ရောက်အနုကြမ်းစီးစဉ်

ဇူလိုင် ၈ ရက် ယနေ့မနက်ပိုင်း ၈ နာရီ ဝန်ကျင်က တာချီလိတ်မြို့ ဝမ်ကောင်း ရပ်ကွက်ရှိ “ရှင်းဒါ” ရွှေဆိုင် ကို အမည်မသိအမျိုးသား၂ ဦး က သေနတ်အတိုဖြင့် ဝင်ရောက် အနုကြမ်းစီးပြီး ရွှေဆွဲကြိုး ၂ ကုံး လုယက်သွားကြောင်း တာချီလိတ်မြို့ နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ အမျိုးသား ၂ယောက် ဆိုင်ကယ်နဲ့ လာတာ။ သေနတ် အတို တလက်လည်း ပါတယ်။ ဆိုင်က ရွှေဆွဲကြိုး ၂ ကုံး လုပြီး ထွက်ပြေးသွားတယ်။ အခုထိ မဖမ်းမိသေးဘူး” ဟု ဦးချမ်းမြေ့စော က ဆိုသည်။

Photo by CCTV SH-MEDIA – ဓါးပြ ၂ ဦး ရှင်းဒါရွှေဆိုင်မှအထွက် အမျိုးသားတဦးနှင့် ဆိုင်ဝန်ထမ်းတဦးမှ ၀င်ရောက်ဟန့်တား

ရှင်းဒါ ရွှေဆိုင်ကို အနုကြမ်းစီးပြီး ရွှေဆွဲကြိုး လုယက်သွားသည့် တရားခံအမျိုးသား ၂ဦးကို တာချီလိတ်မြို့မ ရဲစခန်း မှ လိုက်လံစစ်ဆေး ဖမ်းဆီးနေကြောင်း သိရသည်။

လက်ရှိမှာတော့ ထို တရားခံကို တာချီလိတ်ရဲစခန်းမှ (ပ) ၃၆၆/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၉၂ အရ အမှုဖွင့် ထားရှိပြီး တရာခံများ ကို အမြန်ဆုံး ဖော်ထုတ် အရေးယူဆောင်ရွက်နိုင်ရေး အတွက် လိုက်လံဖမ်းဆီးနေသည် ဟု သိရသည်။

Photo by CCTV SH-MEDIA – ဓါးပြတိုက်ခံရသည့် ရှင်းဒါရွှေဆိုင်

တာချီလိတ်မြို့ တွင် လွန်ခဲ့သည့် ဇွန် ၃ ရက်နေ့တွင်လည်း “ နန်းနန်း ဘွန်းကျောက်” ရွှေဆိုင် အနုကြမ်းစီးခံခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်တွင် ရေထပ်ကြီး

0
ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေသည် ယနေ့ (အောက်တိုဘာ ၁)ရက် နံနက် ၈ နာရီအချိန်မှစ၍ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်လာသဖြင့် မြို့ပေါ် ရပ်ကွက်နှင့် လမ်းမပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း သိရသည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့ပေါ် တာလော့ ရပ်ကွက်၊ ပုန်းထွန် ရပ်ကွက်၊...

တာချီလိတ်မြို့ ဝင်၊ထွက် စစ်ကော်မရှင် စစ်ဆေးရေးဂိတ် ငွေညှစ်တောင်းခံနေ

0
သျှမ်ပြည် အ‌ရှေ့ပိုင်း တာချီလိတ်မြို့ အဝင်အထွက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ငွေညှစ် တောင်ခံ နေကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်မှ စပြီး တာချီလိတ်မြို့ အဝင်၊ အထွက်ရှိ မယ်ယန်း စစ်ကော်မရှင် စစ်ဆေးရေး ဂိတ်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ငွေညှစ်တောင်းခံနေကြောင်း အသက်...

ထိုင်း-သျှမ်းနယ်စပ် တာချီလိတ်မြို့က တာလော့စျေး ဆိုင်ခန်းစျေးနှုန်း ချသော်လည်း ငှားရမ်းသူမရှိ

0
သျှမ်းပြည်အရှေ့ပိုင်း က တာချီလိတ်မြို့ ရေကြီးရေလျှံမှု မကြာခဏ ကြုံနေရသည့် တာလော့စျေးတွင် ဆိုင်ခန်းပိုင်ရှင်များက ငှားရမ်းခ ချပေးသော်လည်း ငှားရမ်းသူမရှိကြောင်း ဒေသခံ စျေးသည်များ ပြောပြချက်အရသိရသည်။ ထိုင်း- မြန်မာနယ်စပ်ရှိ တာလော့စျေးတွင် ရေကြီးရေလျှံမှု မကြာခဏကြုံရသဖြင့် စျေးဆိုင်ခန်းငှားခ ၃ ဆနီးပါးကျဆင်းပြီး ငှားရမ်းသူမရှိသည့်အပြင် နဂိုရှိရင်း စျေးသည်များ...

တာချီလိတ်မြို့ရှိ ရေကြောင်းရဲတပ်ဖွဲ့ ဝမ်ပုံစခန်းသို့ တရုတ်သံအမတ်ကြီး သွားရောက်

0
သျှမ်းပြည် တာချီလိတ်မြို့ရှိ စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ရေကြောင်းရဲတပ်ဖွဲ့ခွဲ ဝမ်ပုံစခန်းသို့ တရုတ်သံအမတ်ကြီး သွားရောက်ခဲ့ကြောင်း သတင်းသိရသည်။ မေလ ၂၅ ရက်တွင် မြန်မာ-ထိုင်း-လာအိုနယ်စပ် ရွှေတြိဂံဒေသရှိ တာချီလိတ်မြို့သို့ စစ်ကောင်စီ၏ ဌာနဆိုင်ရာများနှင့်အတူ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင် အဖွဲ့တို့ သွားရောက်ပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု...

တာချီလိတ်မြို့နယ် စစ်မှုထမ်းထောက်ပံ့ကြေး တစ်အိမ် ဘတ် ၁၃၀၀ ကောက်ခံနေ

0
မြန်မာ-ထိုင်းနိုင်ငံနယ်စပ်ဒေသ တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာအုပ်စုတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က စစ်မှုထမ်းထောက်ပံ့ကြေးဟုဆိုပြီး တစ်အိမ် လျှင် ထိုင်းဘတ် ၁,၃၀၀ (မြန်မာငွေ ကာလပေါက်ဈေး တစ်သိန်း ၃သောင်းကျပ်) ကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။ တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာ အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်စုတစ်စုကို စစ်မှုထမ်းရန် လူ ၇ ဦးခေါ်ယူမည်ဖြစ်သဖြင့်...