Wednesday, January 28, 2026

နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု အတွင်း TNLA နှင့် မြန်မာ့တပ်မတော်တို့ထိတွေ့မှုဖြစ်ပွား

သျှမ်းပြည်နယ် မြောက်ပိုင်း  နမ္မတူမြို့နယ်မန်စံကျေးရွာအုပ်စု အတွင်း TNLA နှင့် မြန်မာ့တပ်မတော်တို့ ထိတွေ့မှုများ ဖြစ်ပွားကာ လက်နက်ကြီးများကျသဖြင့် ဒေသခံများ စိုးရိမ် ထိတ်လန့်မှုများဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

Photo Credit to Mansam Youth- တိုက်ပွဲကြောင့် မန်စံကျေးရွာအုပ်စု အတွင်း ကျရောက်လာသည့်လက်နက်ကြီး

ဇူလိုင် ၁၁ ရက် နှင့် ၁၂ ရက်က နမ္မတူမြို့နယ် အုပ်စု နောင်ပန် ကျေးရွာ တွင် မြန်မာ့တပ်မတော် နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွားကာ လက်နက်ကြီး ကျလာကြောင်း မန်စံမြို့ ဒေသခံ များပြောပြချက် အရ သိရသည်။

“ ဇူလိုင် ၁၂ ရက် ညနေ ၃ နာရီခွဲကျော်လောက် လက်နက်ကြီး ကျတယ်။ ပေါက်တော့ မပေါက်ကွဲဘူး။ ပေါက်ကွဲရင်တော့ ရွာသားတွေ အတွက် မတွေးဝ့ံဘူး။ တော်သေးတယ်” ဟု မန်စံ ဒေသခံတဦး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

မပေါက်ကွဲသေးသည့် လက်နက်ကြီးတလုံး သည် ကျေးရွာ ရှိ နေအိမ်ခြံ ဝန်း တွင် ကျရောက်ကာ ဒေသခံများ စိုးရိမ်မှု များရှိနေကြောင်း၊ ထိုလက်နက်ကြီးသည် မည်သည့် လက်နက်ကိုင်အဖွဲ့မှ အသုံးပြုသည့် လက်နက် ဖြစ်သည်ကို မသိရှိသေးကြောင်းလည်း မန်စံ ဒေသခံ က ဆိုပြန်သည်။

Photo Credit to Mansam Youth- တိုက်ပွဲကြောင့် မန်စံကျေးရွာအုပ်စု အတွင်း ကျရောက်လာသည့်လက်နက်ကြီး

“ တိုက်ပွဲ တွေ ထပ်ဖြစ်ပွားမှာတော့ ကြောက်နေရတယ်။ တိုက်ပွဲတွေ ငြိမ်သွားတာ မကြာသေးဘူး။ ဒေသခံတွေကတော့ စိုးရိမ်စိတ်တွေနဲ့ နေနေရတယ်” ဟု၎င်း ဒေသခံ က ထပ်လောင်းပြောသည်။

ဆက်လက်ပြီး နမ္မတူ စစ်ရှောင် ဒုက္ခသည် စခန်း ၏ ဥက္ကဌ ဖြစ်သည့် ဦးဘဉာဏ် က “ ပလောင် တပ်နဲ့ အစိုးရတပ်က ထိတွေ့မှု ဖြစ်တာပါ။ သိပ်မကြာလိုက်ဘူး။ မပေါက်သေးတဲ့ လက်နက်ကြီး ကျတယ်လို့ကြားရတယ်။ လူတော့ ထိတာ မရှိဘူး” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျေးရွာ အတွင်း ကျသည့် လက်နက်အမျိုးအစားမှာ အာပီဂျီ လက်နက်ကြီး ဖြစ်သည် ဟု ဒေသခံများ ပြောဆိုချက် အရသိရသည်။

မြန်မာတပ်မတော်သည် တိုင်းစစ်ဌာနချုပ်(၅)တိုင်းဖြစ်သည့် မြောက်ပိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့ပိုင်း တိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့ အလယ်ပိုင်း စစ်ဌာနချုပ် နယ်မြေ နှင့် တြိဂံဒေသ တိုင်း စစ်ဌာချုပ် နယ်မြေ တို့တွင် တတိယ အကြိမ်မြောက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှု ၂ လ ထပ်မံတိုးမြှင့် ထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...

ပင်လောင်းစစ်‌ရှောင်များ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ...

နေရပ်ပြန် ပြောင်းချိုးသည့် အင်းလေးဒေသက စစ်ရှောင်အမျိုးသားပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသသို့ စစ်ဘေးရှောင်လာသည့် အမျိုးသားတစ်ဉီးသည် ၎င်း၏ နေရပ်ဖြစ်သည့် ဖယ်ခုံမြို့နယ်အတွင်းသို့ ပြောင်းချိုးရန် သွားစဉ် ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ရက်တွင် အသက် ၂၄နှစ်အရွယ်ရှိ ကိုအောင်ကိုကို(ခ)ဖိုးနီသည် ဖယ်ခုံမြို့နယ် နောင်လိုင်ကျေးရွာသို့ ပြောင်းဖူးချိုးရန် နေရပ်ပြန်သွားခဲ့သည်။ ဒီဇင်ဘာ ၁၈ရက်တွင် အင်းလေးဒေသ စံကားကျေးရွာအုပ်စု...