နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု အတွင်း TNLA နှင့် မြန်မာ့တပ်မတော်တို့ထိတွေ့မှုဖြစ်ပွား

သျှမ်းပြည်နယ် မြောက်ပိုင်း  နမ္မတူမြို့နယ်မန်စံကျေးရွာအုပ်စု အတွင်း TNLA နှင့် မြန်မာ့တပ်မတော်တို့ ထိတွေ့မှုများ ဖြစ်ပွားကာ လက်နက်ကြီးများကျသဖြင့် ဒေသခံများ စိုးရိမ် ထိတ်လန့်မှုများဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

Photo Credit to Mansam Youth- တိုက်ပွဲကြောင့် မန်စံကျေးရွာအုပ်စု အတွင်း ကျရောက်လာသည့်လက်နက်ကြီး

ဇူလိုင် ၁၁ ရက် နှင့် ၁၂ ရက်က နမ္မတူမြို့နယ် အုပ်စု နောင်ပန် ကျေးရွာ တွင် မြန်မာ့တပ်မတော် နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွားကာ လက်နက်ကြီး ကျလာကြောင်း မန်စံမြို့ ဒေသခံ များပြောပြချက် အရ သိရသည်။

“ ဇူလိုင် ၁၂ ရက် ညနေ ၃ နာရီခွဲကျော်လောက် လက်နက်ကြီး ကျတယ်။ ပေါက်တော့ မပေါက်ကွဲဘူး။ ပေါက်ကွဲရင်တော့ ရွာသားတွေ အတွက် မတွေးဝ့ံဘူး။ တော်သေးတယ်” ဟု မန်စံ ဒေသခံတဦး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

မပေါက်ကွဲသေးသည့် လက်နက်ကြီးတလုံး သည် ကျေးရွာ ရှိ နေအိမ်ခြံ ဝန်း တွင် ကျရောက်ကာ ဒေသခံများ စိုးရိမ်မှု များရှိနေကြောင်း၊ ထိုလက်နက်ကြီးသည် မည်သည့် လက်နက်ကိုင်အဖွဲ့မှ အသုံးပြုသည့် လက်နက် ဖြစ်သည်ကို မသိရှိသေးကြောင်းလည်း မန်စံ ဒေသခံ က ဆိုပြန်သည်။

Photo Credit to Mansam Youth- တိုက်ပွဲကြောင့် မန်စံကျေးရွာအုပ်စု အတွင်း ကျရောက်လာသည့်လက်နက်ကြီး

“ တိုက်ပွဲ တွေ ထပ်ဖြစ်ပွားမှာတော့ ကြောက်နေရတယ်။ တိုက်ပွဲတွေ ငြိမ်သွားတာ မကြာသေးဘူး။ ဒေသခံတွေကတော့ စိုးရိမ်စိတ်တွေနဲ့ နေနေရတယ်” ဟု၎င်း ဒေသခံ က ထပ်လောင်းပြောသည်။

ဆက်လက်ပြီး နမ္မတူ စစ်ရှောင် ဒုက္ခသည် စခန်း ၏ ဥက္ကဌ ဖြစ်သည့် ဦးဘဉာဏ် က “ ပလောင် တပ်နဲ့ အစိုးရတပ်က ထိတွေ့မှု ဖြစ်တာပါ။ သိပ်မကြာလိုက်ဘူး။ မပေါက်သေးတဲ့ လက်နက်ကြီး ကျတယ်လို့ကြားရတယ်။ လူတော့ ထိတာ မရှိဘူး” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျေးရွာ အတွင်း ကျသည့် လက်နက်အမျိုးအစားမှာ အာပီဂျီ လက်နက်ကြီး ဖြစ်သည် ဟု ဒေသခံများ ပြောဆိုချက် အရသိရသည်။

မြန်မာတပ်မတော်သည် တိုင်းစစ်ဌာနချုပ်(၅)တိုင်းဖြစ်သည့် မြောက်ပိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့ပိုင်း တိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့ အလယ်ပိုင်း စစ်ဌာနချုပ် နယ်မြေ နှင့် တြိဂံဒေသ တိုင်း စစ်ဌာချုပ် နယ်မြေ တို့တွင် တတိယ အကြိမ်မြောက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှု ၂ လ ထပ်မံတိုးမြှင့် ထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...