Wednesday, January 28, 2026

မူဆယ်မြို့တွင် အမျိုးသား တဦး သေနတ်ပစ်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုမွန်ရပ်ကွက်တွင် အသက် ၄၀ ကျော် အမျိုးသား တဦး သေနတ် ပစ်ခံ သတ်ခံရကြောင်း သိရသည်။

Photo Credit to MS Youth- သေနတ်ပစ်သတ်ခံရသည့်အမျိုးသား

ဇူလိုင်လ ၁၆ ရက် နေ့လည် ၁၁ နာရီခွဲက မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်း တွင် အမည်မသိ လက်နက်ကိုင် အဖွဲ့က အသက် ၄၀ ကျော် အမျိုးသားတဦးကို သေနတ်ဖြင့် ရ ချက် ပစ်ခတ်သဖြင့် အဆိုပါအမျိုးသားသေဆုံးကြောင်း မူဆယ် ဂရုဏာ လူမှု ကူညီရေး အသင်း က ဦးသောင်းထွန်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ သေနတ် ဒဏ်ရာကတော့ ကျောဘက် ၄ ချက်၊ လက်မှာ တချက်၊ ခြေထောက် ၁ ချက် တင်ပါး မှာ တချက် မှန်ထားပါတယ်။ ကျနော် အထင်ကတော့ တရုတ်လူမျိုးပါ” ဟု ဦးသောင်းထွန်း ကဆိုသည်။

သေနတ်ဒဏ်ရာ ဖြင့် သေဆုံးနေသည့် အမျိုးသားကို မူဆယ် ပြည်သူ့ ဆေးရုံ သို့ ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါ သေနတ်ပစ်ခံရသည့် ကိစ္စဖြင့် ပတ်သတ်ပြီး ဟိုမွန်ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီး တဦး ပြောပြချက်အရ “ လူငယ် ၂ ဦး ကားနဲ့လာပြီး ပစ်သွားတာပါ။ ဘယ် အဖွဲ့အစည်းကလည်း ဘာပြဿနာတွေရှိလဲဆိုတာတော့ မသိဘူး” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် လက်နက်ကိုင် အဖွဲ့အစည်း၊ ပြည်သူ့စစ် များစွာ တည်ရှိကာ မကြာခဏ သေနတ်ပစ်ခံရသည့် အမှု၊ လုယက်မှု များ ရှိသည့် ဒေသ ဖြစ်သည်။

တရုတ်နယ်စပ်တွင် လက်နက်များအလွန်တကူ ဝယ်ယူနိုင်ပြီး၊ မူယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊ မူးယစ်ဆေးဝါး သားကောင်များလည်း ကျင်လည် ကျက်စားသည့် ဒေသဖြစ်သည်။

ထို့ပြင် လောင်းကစားရုံလည်း ပေါများသည့် ဒေသတခုဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မိုင်းရယ်မြို့ခံ အမျိုးသားတစ်ဦး နေအိမ်ရှေ့ သေနတ်ပစ်ခံရပြီး ဒဏ်ရာဖြင့်သေဆုံး

0
သျှမ်းပြည် မိုင်းရယ်မြို့နေ အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူတစ်စုက နေအိမ်ရှေ့တွင် သေနတ်ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁၉) ရက် ည ၁၁ နာရီခွဲခန့်တွင် မိုင်းရယ်မြို့ ရပ်ကွက်(၁) တွင် နေထိုင်သည့် အသက်(၄၅) နှစ်အရွယ် ဦးစိုင်းစိုင်း၏ အိမ်ရှေ့သို့ အမည်မသိ လက်နက်ကိုင်လူတစ်စုက ကားတစ်စီးဖြင့် ရောက်လာကာ...

တာချီလိတ်မြို့ အမျိုးသာတစ်ဦး သေနတ်ခံရပြီး သေဆုံး

0
ထိုင်း-မြန်မယ်နယ်စပ် တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၈ ရက်) ည ၈ နာရီခွဲဝန်းကျင်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် ခေတ္တာလမ်းတွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဆေးဝါးကုသနေစဉ်...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...