Tuesday, January 27, 2026

မိုင်းဆတ်မြို့နယ် အတွင်း ကျပ်သိန်း ၃၈၀၀ ကျော် ရှိသည့် ဘိန်းဖြူ ဖမ်းဆီးရမိ

သျှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် အတွင်း ကျပ်သိန်း ၃၈၀၀ တန်ဖိုးရှိ ဘိန်းဖြူ များကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

Photo Credit to CCDAC

ဇူလိုင် ၁၂ ရက်နေ့ နေ့လည် ၁၁နာရီ ကျော်တွင် မိုင်းဆတ်မြို့နယ် မိုင်းတွမ်း တောင်ပေါ် ကျေးရွာ အုပ်စု၊ နမ့်ခမ်းကျေးရွာ တွင် နေထိုင်သည့် အသက် ၅၈နှစ် အရွယ် ရှိ ဦးလီခယ်နှင့် ဒေါ်မီပြ တို့ နေအိမ် မီးဖိုခန်း ကြမ်းပြင် အောက်တွင် သိုဝှက်ထားသည့် ဘိန်းဖြူ အလေးချိန် ၂၃.၇၆ ကီလို (ဒေသ ကာလ ပေါက်စျေးကျပ်သိန်းပေါင်း ၃၈၀၁.၆) သိန်း အား သိမ်းဆည်းရမိကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရသိရသည်။

အဆိုပါ ဘိန်းဖြူကို ဖမ်းဆီးမိချိန်တွင် ဒေါ်မီပြ တဦးသာ တွေ့ရှိကြောင်း၊ ထို့ကြောင့်ဒေါ်မီပြကို မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေ ဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်းနင်ရေး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

လွန်ခဲ့သည့် ဇွန် ၁၄ရက် တွင် တာချီလိတ်မြို့ နယ် အတွင်း ပိုင်ရှင်မဲ့ မူးယစ်ဆေး ကျပ်သိန်း ၄ သောင်းကျော် နှင့် လက်နက်များ သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် ယခုရက်ပိုင်း သျှမ်းပြည်နယ် တခွင်မူးယစ်ဆေးဝါး များ မကြာခဏဖမ်းဆီးရမိပြီး ၊ ဖမ်းဆီးရမိသူများသည် ပစ္စည်းလက်ခံသည့် သူနှင့် မူးယစ်ဆေးဝါး သယ်ယူသူများသာ ဖြစ်ကြောင်း၊ မူးယစ်ရာဇာ ဂိုဏ်းခေါင်းဆောင် များကို မဖမ်းဆီးနိုင်ခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကွန်ဟိန်းမြို့နယ် တာကော်ကျေးရွာအနီး ဘိန်းဖြူများ ဖမ်းဆီးရမိ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ် တာကော်ကျေးရွာအနီးတွင် မော်တော်ယာဉ် တစ်စီးကို ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ ဘိန်းဖြူ အလေးချိန် ၂.၆၄ ကီလို (ဒေသကာလ ပေါက်ဈေးတန်ဖိုး ငွေကျပ် ၃၁၆.၈ သိန်း) ကို ယာဉ်မောင်း တစ်ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ ရဲတပ်ဖွဲ့က ယမန်နေ့တွင်...

မိုင်းဆတ် ပြည်သူ့စစ်ခေါင်းဆောင် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံရ

0
သျှမ်းပြည် မိုင်းဆတ်မြို့နယ်မှ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် တာချီလိတ်မြို့တွင် ဖမ်းဆီးခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ဧပြီလ (၃၀) ရက်တွင် မိုင်းဆတ်မြို့နယ်၊ ဝိန်းကောင်းကျေးရွာ၌ စစ်ကောင်စီတပ်ဖွဲ့မှ ဖွဲ့စည်းပေးထားသည့် ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ စိုင်းဝန်းခမ်းသည် တာချီလိတ်မြို့သို့ သွားရောက်စဉ် ၎င်း၏ကားကို မူးယစ်တပ်ဖွဲ့က ရပ်တန့်ခိုင်းပြီး စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးများ...

မိုင်းဆတ်မြို့နယ် ရာအိမ်မှူးကို ရဲနှင့် အုပ်ချုပ်ရေးမှူးတို့ ဖမ်းဆီးခေါ်ဆောင်သွား

0
သျှမ်းပြည် မိုင်းဆတ်မြို့နယ်တွင် အစည်းဝေးလုပ်ရန် လူမစုပေးသည့်အတွက် ရာအိမ်မှူးတစ်ဦးကို ရဲများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မိုင်းဆတ်မြို့နယ်တွင် ဝိုင်းနေရပ်ကွင်တွင် ဧပြီလ ၁၁ ရက်အတွက် အစည်းဝေးလုပ်ရန် လူမစု ပေးသည့် အတွက်ကြောင့် ရာအိမ်မှုးတစ်ဦးကို ယမန့် ( ဧပြီ ၁၁)ရက်တွင် ရဲ...

မိုင်းဆတ်မြို့နယ် အွန်လိုင်းငွေလိမ်ဂိုဏ်း အများအပြား “ဝ” တပ်ဖွဲ့ ဝင်ရောက် စီးနင်းဖမ်း

0
သျှမ်းပြည် မိုင်းဆတ်ခရိုင် မိုင်းယွင်း ကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းများနေထိုင် အလုပ်လုပ်သည့် နေရာကို “ ဝ”တပ်ဖွဲ့ က ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ အဆိုပါ ဖြစ်စဥ်သည် အောက်တိုဘာ ၁၄ ရက် နံနက် ၃ နာရီဝန်းကျင်တွင် မိုင်းဆတ်မြို့နယ် မိုင်းယွင်းကျေးရွာအုပ်စု ပိန်းခမ်းရွာအတွင်း အွန်လိုင်းဖြင့်...

ရိုးရာဓလေ့ကို ဖျက်ဆီးတဲ့ ငွေရှာနည်း

0
တန်ဆောင်မုန်းလကွယ်ည သန်းခေါင်ယံချိန် နတ်တော်လဆန်း အကူးကာလချိန်မှာတော့ သျှမ်းဘာသာနဲ့ “ မိုင်ဆုန် ပီမိုင်ခ” မြန်မာလို” မင်္ဂလာနှစ်သစ်” ဆိုတဲ့ နှုတ်ဆက်မှုတွေ ပြုလုပ်ကြပါတယ်။ သျှမ်းလူမျိုးတွေဟာ သျှမ်းသက္ကရာဇ်အကူးအပြောင်း ညအချိန်မှာတော့ မိတ်ဆွေ၊ မိသားစုတွေ စုပြီး ပျော်ရွှင်စွာ စုပေါင်းစားသောက်ပြီး ကြိုဆိုလေ့ရှိကြပါတယ်။ ဒါ့အပြင် နှစ်တနှစ်သာ လုပ်အားကြောင့် ထွက်ရှိလာတဲ့...