Tuesday, January 27, 2026

မိုင်းဆတ်မြို့နယ် အွန်လိုင်းငွေလိမ်ဂိုဏ်း အများအပြား “ဝ” တပ်ဖွဲ့ ဝင်ရောက် စီးနင်းဖမ်း

သျှမ်းပြည် မိုင်းဆတ်ခရိုင် မိုင်းယွင်း ကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းများနေထိုင် အလုပ်လုပ်သည့် နေရာကို “ ဝ”တပ်ဖွဲ့ က ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

အဆိုပါ ဖြစ်စဥ်သည် အောက်တိုဘာ ၁၄ ရက် နံနက် ၃ နာရီဝန်းကျင်တွင် မိုင်းဆတ်မြို့နယ် မိုင်းယွင်းကျေးရွာအုပ်စု ပိန်းခမ်းရွာအတွင်း အွန်လိုင်းဖြင့် ငွေလိမ်လည်ခြင်း၊ လောင်းကစားပြုလုပ်နေသောဂိုဏ်းကို “ဝ” တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးကြောင်း မိုင်းဆတ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အွန်လိုင်း ငွေလိမ်ဂိုဏ်းနေထိုင်သည့်နေရာ

“ဖမ်းခံရသွားတဲ့သူတွေက အရမ်းများတယ်။ ခန့်မှန်းရခက်တယ်။ တရုတ်နိုင်ငံဘက်က သူဌေးတွေရော အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားရော၊ အဲ့ထဲမှာနေတဲ့သူအားလုံးပါသွားတယ်” ဟု ၎င်းက ဆိုသည်။

“ဝ”တပ်ဖွဲ့ ဝင်ရောက်စီးနင်းသည့် အွန်လိုင်း ငွေလိမ်ဂိုဏ်းနေထိုင်သည့်နေရာသည် တိုက်တန်းလျား တစ်ခုဖြစ်ပြီး၊ ထိုထဲတွင် တရုတ်လူမျိုး အများအပြားနေထိုင်ပြီး အခြားလူမျိုးဖြစ်သည့် သျှမ်းလူမျိုး၊ လီဆူးလူမျိုး၊ အာခါလူမျိုး နှင့် “ဝ” လူမျိုးများလည်း နေထိုင်ပြီး အလုပ်လုပ်နေကြကြောင်း သိရသည်။

ဖမ်းဆီးခံရသူများသည် ၃၀၀ ကျော်ရှိပြီး၊ ထိုထဲတွင် တရုတ်လူမျိုး (၁၀၀) ကျော် အပါအဝင် မြန်မာအလုပ်သမား စုစုပေါင်း ၃၀၀ကျော်ခန့်ရှိကြောင်း RFA သတင်းတွင် ရေးသားထားသည်။

အွန်လိုင်း ငွေလိမ်ဂိုဏ်းနေထိုင်သည့်နေရာ

“ အဲ့နေရာက အရင်ကတည်း တရုတ်တွေ ရောက်နေပြီးသား။ နောက် အိပ်ဖို့နေရာ၊ အွန်လိုင်းလုပ်ဖို့ စားဖို့ အဲ့မှာ အကုန်လုံးလုပ်ထားတယ်။ “ဝ” က ဝမ်ဟုန်ဘက်ကို ခေါ်သွားတယ်လို့ ပြောတာပဲ” ဟု အထက်ပါ အမျိုးသားက ထပ်လောင်းပြောသည်။

မိုင်းယွင်းကျေးရွာအုပ်စုသည် မိုင်းဆတ်မြို့မှ ကား၊ ဆိုင်ကယ်ဖြင့် နှစ်နာရီနီးပါး ခရီးသွားရကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေး အခြေအနေ မငြိမ်မှုကြောင့် စီးပွားရေး၊ ပညာရေး နှင့် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာရာ လူငယ်များသည် ဝင်ငွေ များသည်ဟု ယူဆသည့် အွန်လိုင်းဂိမ်းအလုပ်ကို ပိုလုပ်ကိုင်လာ ကြသည်။

ယခုလပိုင်းအတွင်း မြန်မာ – တရုတ်နယ်စပ်တလျှောက် ကိုးကန့် ဒေသ၊ “ဝ” ဒေသ နှင့် မူဆယ်မြို့ နယ်အတွင်း အွန်လိုင်း ငွေလိမ်ဂိုဏ်း များကို တရုတ် – မြန်မာ – ထိုင်း (၃) နိုင်ငံ ပူးပေါင်းပြီး ဖမ်းဆီးမှု ပြုလုပ်သွားမည်ဟု ကြေညာထားသည်။

ယခုလ (အောက်တိုဘာ) ၁၆ ရက်တွင်လည်း မြန်မာနယ်စပ်တလျှောက်တွင် အွန်လိုင်း ငွေလိမ်ဂိုဏ်း နှင့် ဆက်စပ်သည့် သံသယရှိသူ ၄၆၀၀ ကျော် ဖမ်းဆီးရမိကြောင်း တရုတ်နိုင်ငံပြည်သူ့လုံခြုံရေး ဌာန ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

ဟိုပန် UWSA မှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်သူတစ်ဦးကို သေဒဏ်ချ

0
သျှမ်းပြည် ဟိုပန်မြို့နယ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တရားစီရင်ရေး ကော်မတီမှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်ခဲ့သူ အမျိုးသားတစ်ဦးကို သေဒဏ် ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၇ ရက်) နံနက်ပိုင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် တရားစီရင်ရေး အခမ်းအနားဟု ခေါင်းစဉ်တပ်ပြီး လောင်းကစားအကြွေးကြောင့်...

UWSA နှင့် NDAA ကြား တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများ ဆွေးနွေး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့သို့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA လက်အောက်ရှိ တရားစီရင်ရေးကော်မတီ ကိုယ်စားလှယ်အဖွဲ့ သွားရောက်ပြီး တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများ ဆွေးနွေးခဲ့ကြကြောင်း သတင်းသိရသည်။ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ NDAA ၏ ဖိတ်ကြားချက်အရ UWSA လက်အောက်ခံ တရားစီရင်ရေးကော်မတီသည် NDAA လက်အောက်ခံ အထူးဒေသ(၄) ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာ...

မက်မန်းမြို့ကို ‘ဝ’ဒေသ ရုံးစိုက်ရာမြို့အဖြစ် စစ်ကော်မရှင် ပြောင်းလဲသတ်မှတ်

0
သျှမ်းပြည် မက်မန်းမြို့နယ်ကို ‘ဝ’ဒေသ ရုံးစိုက်ရာမြို့အဖြစ် စစ်ကော်မရှင်က ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သတင်းသိရသည်။ အောက်တိုဘာလ (၃၁) ရက်တွင် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် သျှမ်းပြည်အတွင်း ‘ဝ’ဒေသအတွက် ရုံးစိုက်ရာမြို့အဖြစ် မက်မန်းမြို့ကို ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ယာယီသမ္မတ တာဝန်ယူထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ...

ထိုင်း-မြန်မာနယ်စပ်တွင် တူးဖော်နေသည့် မြေရှားနှင့်ရွေလုပ်ငန်း တရုတ်အစိုးရ ပါဝင်ပတ်သက်နေ

0
ထိုင်း-မြန်မာနယ်စပ် သတ္တုတွင်းလုပ်ငန်းများကြောင့် ဒေသခံ တစ်သန်းကျော်၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသော်လည်း တရုတ်အစိုးရမှ ကျောထောက်နောက်ခံ ပြုထားသော ကုမ္ပဏီတစ်ခုသည် ယင်းသတ္တုတူးဖော်မှုလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေသည်။ တရုတ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသော China Investment Mining အမည်ရ ကုမ္ပဏီသည် အာဏာသိမ်းပြီးနောက် ၂၀၂၃ နှစ်လယ်ပိုင်းကတည်းက သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်...