Sunday, May 26, 2024

မိုင်းဆတ်မြို့နယ် ရာအိမ်မှူးကို ရဲနှင့် အုပ်ချုပ်ရေးမှူးတို့ ဖမ်းဆီးခေါ်ဆောင်သွား

Must read

သျှမ်းပြည် မိုင်းဆတ်မြို့နယ်တွင် အစည်းဝေးလုပ်ရန် လူမစုပေးသည့်အတွက် ရာအိမ်မှူးတစ်ဦးကို ရဲများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် မိုင်းဆတ်မြို့နယ်တွင် ဝိုင်းနေရပ်ကွင်တွင် ဧပြီလ ၁၁ ရက်အတွက် အစည်းဝေးလုပ်ရန် လူမစု ပေးသည့် အတွက်ကြောင့် ရာအိမ်မှုးတစ်ဦးကို ယမန့် ( ဧပြီ ၁၁)ရက်တွင် ရဲ နှင့် အုပ်ချုပ်ရေးမှူးတို့က ဖမ်းဆီးခေါ်သွားကြောင်း အသက် ၃၀ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“သူတို့က အစည်းအဝေးလုပ်ဖို့ ကို လူစုပေးခိုင်းတာပါ။ ရာအိမ်မှူးက မပြောလိုက်ရတော့ သူတို့ရောက်လာတဲ့ အချိန်လူမရှိတော့ သူ့ကိုဖမ်းသွားတာ။ ရပ်ကွက်ကလူကိုခေါ်ပြီး သူတို့ မလာရင် ဖမ်းမယ်လို့ တောင် ခြိမ်းခြောက်သေးတယ်။ သူလည်း ပြောဖို့ကို မေ့သွားတာပါ အဲ့ဒါကို လူရှေ့တွေမှာ ဖမ်းတာတော့ မသင့်တော်ဘူး။”ဟု ၎င်းက ဆက်ပြောသည်။

ထိုအစည်းဝေးကို တောမီးရှို့တားဆီးခြင်းကို ဟောပြောရန်သာဖြစ်ပြီး၊အဖမ်းခံရသည့်အရာအိမ်မှူး အမျိုးသားကို တရာရုံးသို့ ဖမ်းခေါ်သွားပြီး ယမန်နေ့ (ဧပြီလ ၁၁) ရက်တွင် ပြန်လွှတ်ပေးခဲ့ကြောင် သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article