ရိုးရာဓလေ့ကို ဖျက်ဆီးတဲ့ ငွေရှာနည်း

တန်ဆောင်မုန်းလကွယ်ည သန်းခေါင်ယံချိန် နတ်တော်လဆန်း အကူးကာလချိန်မှာတော့ သျှမ်းဘာသာနဲ့ “ မိုင်ဆုန် ပီမိုင်ခ” မြန်မာလို” မင်္ဂလာနှစ်သစ်” ဆိုတဲ့ နှုတ်ဆက်မှုတွေ ပြုလုပ်ကြပါတယ်။

သျှမ်းနှစ်သစ်ကူးပွဲတော်

သျှမ်းလူမျိုးတွေဟာ သျှမ်းသက္ကရာဇ်အကူးအပြောင်း ညအချိန်မှာတော့ မိတ်ဆွေ၊ မိသားစုတွေ စုပြီး ပျော်ရွှင်စွာ စုပေါင်းစားသောက်ပြီး ကြိုဆိုလေ့ရှိကြပါတယ်။

ဒါ့အပြင် နှစ်တနှစ်သာ လုပ်အားကြောင့် ထွက်ရှိလာတဲ့ ကောက်ပဲသီးနှံသစ်ကို နှစ်သစ်အချိန်မှာလည်း ဘိုးဘွားစဥ်ဆက် က ရှိတဲ့ ဓလေ့ထုံးတမ်း စဥ်လာအရ သက်ကြီးရွယ်အိုတွေ၊ သက်ကြီးပိုင်းတွေကို မိမိလယ်ယာ၊ ခြံမှ ထွက်တဲ့ စပါး၊ ကောက်ပဲသီးနှံ့ အသစ်တွေနဲ့ သွားရောက် ကန်တော့တာတွေ ပြုလုပ်လေ့ရှိပါတယ်။

ဒီလို ဓလေ့တွေရှိခဲ့ပေမယ့် ဖေဖော်ဝါရီ (၁)ရက်ကစပြီး စစ်အာဏာရှင် တက်လာပြီးနောက်မှာတော့ သျှမ်းပြည်မှာ လောင်းကစားဝိုင်းတွေ ကျယ်ကျယ်ပြန့်ပြန့် များလာတာက သျှမ်းနှစ်သစ်ကူးပွဲတော်မှာ လောင်းကစားဝိုင်းတွေ ထည့်သွင်း ကျင်းပလာကြပါတယ်။

လောင်းကစားဝိုင်း

ဒါ့အပြင် သျှမ်းနှစ်သစ်ကူး ကြိုဆိုချိန်မှာလည်း ရိုးရာဓလေ့နဲ့ မကိုက်ညီတဲ့ ဒစ်စကိုတွေ အတိုအပြတ်တွေ ဝတ်ဆင်ပြီး စင်ပေါ်တက်က တဲ့ ရုပ်သံတွေဟာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပြန့်နှံ့လာပါတယ်။

ပွဲတော်ထဲမှာ လောင်းကစားတွေ နောက်ရိုးရာဓလေ့ မကိုက်ညီတဲ့ အတိုအပြတ် ဝတ်စုံတွေ ဝတ်ဆင်လာတဲ့ အတွက် သျှမ်းစာပေ ယဥ်ကျေးမှုအဖွဲ့နဲ့ သျှမ်းလူမျိုး အရေးဆောင်ရွက်သူတွေအတွက် စိန်ခေါ်မှု များစွာ ဖြစ်နေကြပါတယ်။

အခုနှစ် သျှမ်းနှစ်သစ်ကူးနေ့မှာ သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် ကျင်းပတဲ့ သျှမ်းနှစ်သစ်ကူးပွဲတော်မှာ လောင်းကစား (၅) ရက် ထည့်သွင်းကျင်းပခဲ့တယ်လို့ ဒေသခံတွေ သတင်းပေးလာပါတယ်။

လောင်းကစားဝိုင်း

“ဒီလို ကျနော်တို့ ရိုးရာယဥ်ကျေးမှုပွဲမှာတော့ လောင်းကစားဝိုင်းတွေ မရှိစေချင်ဘူး။ လောင်းကစားဝိုင်း မရှိလည်း ကျနော်တို့ ပွဲလုပ်နိုင်ပါတယ်။ လောင်းကစားဝိုင်းရှိမှ လူတွေစည်ကား တာမဟုတ်ဘူး။ ရှေ့ဆက်လုပ်မယ့် ရိုးရာပွဲမှာ လောင်းကစားတွေ မရှိစေချင်ဘူး”လို့ မိုင်းဆတ်မြို့နယ် သျှမ်းအရေး တက်ကြွလှုပ်ရှားတဲ့ အသက် (၃၀) ကျော် စိုင်းဦး (အမည်လွှဲ) က သျှမ်းသံတော်ဆင့် ကိုပြောပါတယ်။

သျှမ်းနှစ်သစ်ကူးပွဲတော် ရန်ပုံငွေ ပိုရအောင်ဟုဆိုပြီး လောင်းကစားဝိုင်းတွေ ထည့်သွင်းတဲ့အပေါ် ရှုတ်ချကြောင်း၊ လောင်းကစားဝိုင်းတွေ အတိုအပြတ်တွေ ဝတ်ဆင်မှုဟာ နောင်သျှမ်းရိုးရာ ဓလေ့ကိုပါ ပျက်ကွယ်တဲ့အထိ ဖြစ်လာနိုင်ကြောင်း စိုင်းဦး က ပြောပါတယ်။

“စာပေယဥ်ကျေးမှုဘက်က လောင်းကစားဝိုင်းလုပ်မှ အခွန်ငွေ ပိုများမယ် ရန်ပုံငွေ ပိုများလာမယ်ဆိုတော့ ကျနော်တို့ သွားတားလို့လဲ ရမှာမဟုတ်ဘူးထင်တယ်။ ဒီတစ်နှစ်က ကျနော်တို့ဆီမှာ လောင်းကစားဝိုင်းက ပိုကြီးတယ်”ဟု စိုင်းဦး က ဆက်ပြောပါတယ်။

ဆက်လက်ပြီး စိုင်းဦး က “ဒီလို လောင်းကစားဝိုင်းရှိတာက ကျနော်တို့ နှစ်သစ်ကူးပွဲကို ထိခိုက်လား မထိခိုက်ဘူးလား ဆိုတာကတော့ မပြောတတ်ဘူး။ ဒါပမယ့် အရင်ကတော့ ဒီလို ရိုးရာပွဲထဲ လောင်းကစားဝိုင်းမရှိဖူးဘူး”ဟု စိုင်းဦး (အမည်လွှဲ) က ဆက်ပြောပါတယ်။

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မဟာဂျာ ဦးဆောင်တဲ့ ဟိုမိန်းပြည်သူ့စစ် (S.S.S) လှုပ်ရှားရာ ဟိုမိန်းမြို့မှာလည်း သျှမ်းနှစ်သစ်ကူးကို အကြောင်းပြုပြီး လောင်းကစားပွဲ (၅) ရက် ပြုလုပ်ခွင့် ပေးခဲ့တယ်လို့ ဟိုမိန်းဒေသခံတွေက ပြောပါတယ်။

လောင်းကစားဝိုင်း

ဟိုမိန်း ဒေသမှာ သျှမ်းနှစ်သစ်ကူးပွဲ မတိုင်ခင်ကတည်းက ပြည်သူ့စစ်အနေနဲ့ သျှမ်းဇာတ်သဘင် နဲ့အတူ လောင်းကစားဝိုင်းတွေ ကျင်းပခဲ့ပြီး အဲ့ကနေ တဆက်တည်း သျှမ်းနှစ်သစ်ကူးနေ့ရောက်တော့ လောင်းကစားဝိုင်း ပါ တစ်ခါတည်း လုပ်ကြောင်း ဟိုမိန်းဒေသခံ ပါယွတ် ကဆိုပြန်ပါတယ်။


“သွားကစားတဲ့ သူတွေကတော့ အများကြီးပဲ။ လက်နက်ကိုင် ထိန်းချုပ်နယ်မြေဖြစ်တော့ သူတို့ ကြိုက်သလို ဆော့ကစားလို့ရတယ်” ဟု ပါယွတ် (အမည်လွှဲ) က ဆက်ပြောပါတယ်။

သျှမ်းနှစ်သစ်ကူးမှာ လောင်းကစားဝိုင်းရှိတာက ရိုးရာယဥ်ကျေးမှုကို ပျက်စီးပြီး နှစ်သစ်ကြိုဆိုခြင်းရဲ့ အဓိပ္ပာယ်သည် တစ်နှစ်လုံး လဘ်လာဘကောင်းရန် ဖြစ်တဲ့အတွက် လောင်းကစား ပါခြင်းသည် သျှမ်းတစ်မျိုးသားလုံးရဲ့ ဂုဏ်သိက္ခာကိုပါ ညှိးနွမ်းစေကြောင်း ရန်ကုန် သျှမ်းစာပေယဥ်ကျေးမှုမှာ စာပေ တာဝန်ယူထားသူ လည်းဖြစ် သျှမ်းစာပေကိုလည်း သင်ကြားပေးနေတဲ့ ဆရာစိုင်းလျှန်းဟန် က မှတ်ချက်ပြုလိုက်ပါတယ်။

ရိုးရာပွဲတွင်း အတိုအပြတ်ဝတ်ဆင်ခြင်း

“သျှမ်းနှစ်သစ်ကူးမှာ လောင်းကစားဝိုင်းပါထည့်ပြီး အခွန်ငွေ ဘယ်လောက်ပေးမယ်ဆိုတာကို ပြောလာရင် လုံးဝ လက်မခံဖို့ လိုအပ်တယ်။ မြို့နယ်တိုင်းက သျှမ်းစာပေ၊ ယဥ်ကျေးမှု တွေသာမက ဗဟို သျှမ်းစာပေ ယဥ်ကျေးမှုကော်မတီ အနေနဲ့လည်း ကန့်ကွက်စာ ထုတ်ပြန်ဖို့ လိုအပ်တယ်” ဆရာ စိုင်းလျှန်းဟန် က ဆက်ပြောပါတယ်။

နိုင်ငံရေး မကောင်းချိန်မှာ လောင်းကစားဝိုင်းရှိခြင်းသည် သူခိုး၊ ဓားပြ များလာသည်သာမက ၎င်းတို့ကို တာဝန်ယူပြီး ဖမ်းဆီးအရေးယူမည့်သူလည်း မရှိပေ။

နှစ်သစ်ဆိုတာ မြန်မာနိုင်ငံတွင်းနေထိုင်တဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံးတို့သည် မိမိတို့ ယဥ်ကျေးမှု အစဥ်အလာ နှစ်သစ်ကူး ကိုယ်စီရှိကြပြီး သျှမ်းနှစ်သစ်ကူးပွဲတော်အတွင်း လောင်းကစားဝိုင်းရှိခြင်းဟာ တခြားတိုင်းရင်းသားက မိမိ တိုင်းရင်းသားရဲ့ ရိုးရာ ဓလေ့ အထင်အမြင် သေးသွားမည်ကို စိုးရိမ်စိတ်ပူကြောင်း သျှမ်းစာပေယဥ်ကျေးမှု ကော်မတီဝင် လူငယ် စိုင်းတိုင်း က ဆိုပြန်ပါတယ်။

“သျှမ်းနှစ်သစ်ကူးဆိုတာ သျှမ်းရိုးရာယဥ်ကျေးမှု ဓလေ့ထုံးတမ်း အစဥ်အလာ ရှိသလို ပြုလုပ်သင့်တယ်။ ထုံးတမ်းဆိုတာ အရင်ကတည်းက ရှိထားပြီးသားပဲ။ နိုင်ငံရေး ခေတ်ရေစီးကြောင်းအလိုက် လိုက်ပြောင်းလဲမယ်ဆိုရင် စိတ်ပူဖို့ကောင်းတယ်။ ရိုးရာဓလေ့ ထုံးတမ်းစဥ်လာရှိလာတဲ့အတိုင်းပဲ လုပ်ဖို့တောင်းဆိုချင်တယ်။ တခြားတိုင်းရင်းသားတွေလည်း ကိုယ့်တိုင်းရင်းသားအပေါ် အထင်အမြင်သေးသွားမှာကိုလည်း စိတ်ပူတယ်” လို့ စိုင်းတိုင်း က ဆက်ပြောပါတယ်။
သျှမ်းနှစ်သစ်ကူးပွဲတော်ကို စစ်အစိုးရ ဦးနေဝင်းလက်ထက် က ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ရန် တားဆီးမှုတွေလည်း ရှိခဲ့ပါတယ်။

သျှမ်းနှစ်သစ်ကူးပွဲတော်

တိုင်းရင်းသား ဘာသာစာပေသင်ကြားမှုတွေကို အပြင်းအထန် နှိပ်ကွပ်တဲ့ ကာလတွေမှာဆိုရင် သျှမ်းစာပေ သင်ကြားမှုတွေ၊ ယဥ်ကျေးမှုရိုးရာပွဲတွေကို ဘုန်းတော်ကြီးကျောင်းကပဲ တာဝန်ယူ ထိန်းသိမ်းခဲ့ရတဲ့ ကာလလည်း ရှိခဲ့ဖူးပါတယ်။

အဲ့ဒီ ကာလတွေတုန်းကဆိုရင် သျှမ်းနှစ်သစ်ကူးပွဲ ပြုလုပ်ရင် ဆရာတော်တွေကပဲ ဦးဆောင်ပြီး ပြုလုပ်ခဲ့ ပါတယ်။

လက်ရှိမှာတော့ နှစ်သစ်ကူးပွဲတွေကို သျှမ်းစာပေယဥ်ကျေးမှု ဦးဆောင်ကျင်းပပြီး တချို့ဘုန်းကြီးကျောင်းဝန်း အနီးတွေ တချို့ ဘောလုံးကွင်းပြင်တွေမှာ လေးကောင်ကင်ဝိုင်း၊ ကုံးကင်ဝိုင်း ၊ ဖဲဝိုင်း၊ စတာတွေ ထည့်လာပါတယ်။

နိုင်ငံရေး ခေတ်ရေစီးကြောင်း မကောင်းချိန်မှာ ပြည်သူများ သတိဝီရိယ နေထိုင်တတ်ရန် သျှမ်းလူငယ်တစ်ဦး က ပြောဆိုပါတယ်။

“လောင်းကစားဝိုင်းရှိခြင်းသည် ပြည်သူတွေ အကျင့်စာရိတ္တပျက်စီးစေပြီး စစ်ကောင်စီဘက်ကတော့ ပြည်သူတွေ နိုင်ငံရေးထဲ စိတ်ဝင်စားမှု လျှော့နည်းလာအောင် လောင်းကစားဝိုင်း ခွန်ပြုမိန့်ကိုတော့ ဆက်ပြီးတော့ ခွင့်ပြုပေးနေအုံးမှာပဲ” လို့ အသက် ၂၀နှစ် အရွယ်ရှိ သျှမ်းလူငယ်တစ်ဦး ကပြောပါတယ်။

နောင်လာမည့် သျှမ်းတိုင်းရင်းသား ရိုးရာယဥ်ကျေးမှု ထုံးတမ်းစဥ်လာ နဲ့ ပတ်သက်တဲ့ ပွဲတွေမှာ ရိုးရာ ယဥ်ကျေးမှုကို ထိန်းသိမ်းတဲ့အနေနဲ့ ပွဲတော်အတွင်း လောင်းကစားဝိုင်းတွေ မပါဝင်ဖို့ သျှမ်းလူငယ်တွေက တောင်းဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...