စစ်ကောင်စီက ဘာကြောင့် TNLA ကို အပြင်းအထန်တိုက်ခိုက်နေလဲ

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာအနီးရှိ TNLA တပ်စခန်းကို ဒီဇင်ဘာ (၇) ရက်က စပြီး စစ်ကောင်စီက လေကြောင်း နဲ့ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ တွေကြောင့် စစ်ရှောင် (၁,၀၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ တိုက်ပွဲ အခြေနေနဲ့ ပတ်သက်ပြီး တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့ ဒု – ဗိုလ်မှူးကြီး တားအိုက်ကျော် ကို သျှမ်းသံတော်ဆင့် မှ နန်းနောင့်နောင့် က ဆက်သွယ်မေးမြန်းထားပါတယ်။

Photo: TNLA (ဒု- ဗိုလ်မှူးကြီး တားအိုက်ကျော်)

မေး ။ ။ ဒီကနေ့မှာ သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့တို့ တိုက်ပွဲ အခြေအနေ ဘယ်လိုရှိလဲရှင့်။

ဖြေ ။. ။ ဒီနေ့မှာတော့ အသံငြိမ်နေပါတယ်။ ဘာတိုက်ပွဲသံမှတော့ မကြားရသေးဘူး။ ဒါပေမယ့် ကျနော်တို့ တိုက်ပွဲ ပြင်းထန်တာကတော့ ဒီဇင်ဘာလ ၇ ရက်နေ့ကနေ ၁၁ ရက် ည ပိုင်းအထိ ဖြစ်ပါတယ်။ ၁၁ ရက် ညပိုင်းရဲ့ နောက်ပိုင်း မှာတော့ အသံက ငြိမ်သွားပြီ။ ဒါပေမယ့် ဒီနေ့ ၁၃ ရက်နေ့ မနက်ပိုင်း ၁ နာရီလောက်မှာတော့ ရဟတ်ယာဥ်တစ်စီး နဲ့ ပစ်မှတ်ကိုလာရှာတဲ့ သဘောရှိတယ်။ အဲ့အချိန်မှာ ပစ်တော့ မပစ်သွားဘူး။ ၂ နာရီကျော်လောက် မှာတော့ အဲ့တိုက်ပွဲဖြစ်ပွားတဲ့ နားတစ်ဝိုက်မှာပဲ ဗုံးကြဲ တိုက်ခိုက်မှု ထပ်မံပြုလုပ်တယ်။ ၄ လုံးလောက် ပစ်သွားတာ။ နှစ်ဖက် ပစ်ခတ်တာတော့ မရှိတော့ဘူး။

မေး ။ ။ ဒီလိုမျိုးထိတွေ့တိုက်ပွဲ စတင်ဖြစ်လာပုံနဲ့ ထိတွေ့တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ရတာက ဘာကြောင့်လို့ ထင်မိပါသလဲရှင့်။

ဖြေ ။ ။ သူတို့ရဲ့ အကြောင်းရင်း နဲ့ ရည်ရွယ်ချက်ကိုတော့ ကျနော်တို့ မသိဘူး။ တိုက်ပွဲဖြစ်ရတဲ့ ကိစ္စကတော့ ကျနော်တို့ နေရာ ကို ဒီဇင်ဘာလ ၇ ရက်နေ့က ရဟတ်ယာဥ် ၅ စီး နဲ့ ၃ နေရာလောက်ကို စစ်သားတွေ လာချသွား တာ။ အဲ့လို လာချတဲ့ အချိန်မှာပဲ ကုန်းသာမှာ ရှိတဲ့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေက သူတို့လူ ချချချင်းပဲ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတာ။ တိုက်ပွဲဖြစ်ပြီး ဟိုဘက်က လေယာဥ်နဲ့ ပြန်လာပစ်တော့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်သွားတာပေါ့။

မေး ။. ။ လက်ရှိ ထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့နေရာက TNLA တပ်ဖွဲ့အတွက် ကျင်လည်သွားလာတဲ့ နေရာလို့ သိရပါတယ်။ ဆိုတော့ နှစ်ဖက် ထိတွေ့တိုက်ပွဲမှာလည်း TNLA ဘက်က အသာစီး ရင်ဆိုင်နိုင်ခဲ့တယ်ဆိုတာ ဟုတ်လားရှင့်။

ဖြေ ။ ။ အသာစီးနဲ့ အောက်စီး ရယ်လို့တော့ ကျနော် မသုံးသပ်လိုဘူး၊ တိုက်ပွဲက အပြန်အလှန်ပစ်ခတ်တာ ဖြစ်တယ်။ သူတို့ဘက်ကနေ လက်နက်ကြီး နဲ့ နမ့်ဆန်တပ်ကနေ ရမ်းပစ်နေတာရှိတယ်၊ လေကြောင်းနဲ့ ပစ်တာ ကတော့ နေ့ရော ညရော၊ ဂျက်လေယာဥ်တွေနဲ့ အများအပြား လာပစ်သွားတာ။ အဲ့နဲ့ ဒီနယ်မြေတွေက TNLA ဘက်က ကျွမ်းကျင်တယ်လို့ ပြောနိုင်တယ်။

မေး ။ ။ ထိတွေ့ တိုက်ပွဲဖြစ်ပွားစဥ်က နှစ်ဖက်တပ်ဖွဲ့ရဲ့ ထိခိုက်ကျဆုံးမှုနဲ့ ကျေးရွာထဲ ထိခိုက်ပျက်စီးမှုကရော ဘယ်လို ရှိသလဲရှင့်။

ဖြေ ။ ။ ထိခိုက်ကျဆုံးမှုကတော့ နှစ်ဖက်လုံးက ရှိပါတယ်၊ ဒါပေမယ့် အတိအကျတော့ မသိရသေးဘူးပေါ့နော်၊ လူနေအိမ် ထိခိုက်မှုလည်းရှိတယ်။ အများဆုံးကတော့ ကုန်းသာရွာကပေါ့။ တချို့က လုံးဝ ပျက်စီးသွားတာ ရှိတယ်။ တချို့လည်း အနည်းအကျဥ်း ထိခိုက်မှုပေါ့၊ ဘုန်းကြီးကျောင်း သာသနာ့ အဆောက်အဦးလည်း ထိခိုက်တယ်။ လုံးဝ မီးလောင်သွားတဲ့ နေအိမ် အရေအတွက်ကိုတော့ ကျနော် မသိ ရသေးဘူး။ ပြန်ပြီး စိစစ်နေတုန်းပဲ ရှိသေးတယ်။

မေး ။ ။ စစ်ကောင်စီဘက်က စစ်ရဟတ်ယာဥ် အသုံးပြုမှု ဘယ်လောက်များလဲ။

ဖြေ ။ ။ ခန့်မှန်းခြေ အရတော့ အကြိမ် ၄၀ နဲ့ ၅၀ ကြားရှိပါတယ်။ ရဟတ်ယာဥ်ရယ်။ ဂျက်လေယာဥ်တွေနဲ့ပေါ့။

မေး ။ ။ အခုလိုမျိုး စစ်ကောင်စီဘက်ကနေ TNLA တပ်ဖွဲ့ကို ရဟတ်ယာဥ်တွေ နဲ့ ဗုံးကြဲတိုက်ခိုက်ရတာက ဘာကြောင့်လဲရှင့်။

ဖြေ ။ ။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ မသိရဘူး၊ ဒါပေမယ့် ဒီဟာက စစ်ကောင်စီဘက်ကနေ တိုင်းရင်းသား အင်အားစု ပေါ်မှာ လုပ်နေကျ လုပ်နည်းအတိုင်းတွေပါပဲ၊ တစ်ဖက်မှာ တိုက်ပွဲနားပြီးရင် နောက်တစ်ဖက်မှာ ထပ်တိုက် အဲ့လိုမျိုးတွေပေါ့။

မေး ။ ။ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတဲ့ ကာလမှာရော TNLA တပ်ဖွဲ့ကို မဟာမိတ်တပ်ဖွဲ့တွေက လာရောက် စစ်ကူပေးတာ ရှိလားရှင့်။

ဖြေ ။ ။ မဟာမိတ်တပ်ဖွဲ့က လာပြီးစစ်ကူတိုက်ပေးတာမျိုးမရှိဘူး။ အထူးသဖြင့် ဒီတိုက်ပွဲဖြစ်ပွားတဲ့နေရာက ကျနော်တို့ TNLA တပ်ဖွဲ့တစ်ဖွဲ့တည်း လှုပ်ရှားတဲ့ နေရာဖြစ်ပါတယ်။ ကျန်တဲ့ မဟာမိတ်က လာပြီး ကူတာ မရှိဘူး။

မေး ။ ။ အခုအခြေအနေအရဆိုရင် နေရပ်စွန့်ခွာပြီး စစ်ရှောင်ထွက်ပြေးရတဲ့ ပြည်သူတွေရော နေရပ်ပြန်လာလို့ အဆင်ပြေနိုင်ပြီလားရှင့်။

ဖြေ ။ ။ ဟုတ်ကဲ့။ ကျနော်ထင်တာကတော့ တိုက်ပွဲလည်းမရှိတော့ဘူး။ စကစဘက်ကလည်း မရှိတော့ဘူး ဆိုရင် ကျနော်တို့ဘက်က လက်နက်ကြွင်း လက်နက်ကျန်တွေ၊ မှိုင်းတွေကို ရှင်းလင်းရမယ့် ကိစ္စတွေ ရှိသေးတယ်။ ကျနော်ထင်တာကတော့ ဒီ တစ်ရက် နှစ်ရက်အတွင်း ပြန်လို့ မရသေးဘူး။ သင့်လည်း မသင့်သေးဘူး။ နောက် တစ်ရက် နှစ်ရက်တော့ စောင့်ပါအုံးလို့ ပြောချင်ပါတယ်။

မေး ။ ။ နောက်တစ်ခု မေးချင်တဲ့ မေးခွန်းကတော့ နှစ်ဖက်ထိတွေ့တိုက်ပွဲကြား ပျက်စီးသွားတဲ့ ပြည်သူ့ နေအိမ်တွေ ကို လက်နက်ကိုင် တပ်ဖွဲ့အနေနဲ့ ပြန်လည် ပြုပြင်မေးမြန်းဖို့အတွက် အစီအစဥ် ဘယ်လိုရှိလဲ။

ဖြေ ။ ။ ဒါကတော့ နောက်ဆက်တွဲ ကိစ္စပေါ့နော်။ ဘယ်လို ဆက်လုပ်ရမလဲ ဆိုတာ ကျနော်တို့ မသိရသေးဘူး။ ပြည်သူလူထုနေအိမ် ထိခိုက်ပျက်စီးလည်း တော်တော်များတယ်လို့ သိရတယ်။ ဒါကြောင့် ပြန်လည်ထူထောင်ရေး အပိုင်းကိုတော့ ကျနော်တို့ မပြောတတ်သေးဘူး။ ခါတိုင်းကတော့ ကျနော်တို့ တပ်က တောက်လျှောက်လုပ်ခဲ့ ဖူးတယ်။

မေး ။ ။ နောက်ဆုံးအနေနဲ့ ဘာများ ဖြည့်စွက် ပြောချင်ပါသလဲရှင့်။

ဖြေ ။ ။ မရှိတော့ပါဘူး။

အခုလို အချိန်ပေးပြီး ဖြေကြားတဲ့အတွက် ကျေးဇူးတင်ပါတင်ရှင့်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...