စစ်ကောင်စီ နဲ့ TNLA တို့ တိုက်ပွဲ ပြင်းထန်နေဆဲ

သျှမ်းပြည်မြောက်ပိုင်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့သည် ယနေ့ထိ တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဘက်မှ စစ်အင်အား ဆက်လက်ဖြည့်တင်းနေကြောင်း သတင်းသိရသည်။

နမ့်ဆန်မြို့နယ်က စစ်ဘေးရှောင်

ပြီးခဲ့သည့် ဒီဇင်ဘာ (၇) ရက်မှ ယနေ့ ဒီဇင်ဘာ (၁၂) ရက်ထိ နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာအနီး စစ်ကောင်စီ သည် လေကြောင်းလိုင်းဖြင့် တိုက်ခိုက်သဖြင့် အနီးဝန်းကျင်ရှိ ဒေသခံ ပြည်သူ (၁,၀၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ဒီနေ့ မနက်လည်း ကုန်းသာကျေးရွာဘက်မှာ လက်နက်ကြီးသံတွေ ထပ်ကြားနေရသေးတယ်။ မနေ့ကလည်း လက်နက်ကြီး (၇) လုံး (၈) လုံးလောက် မြို့ထဲကျတာတွေရှိတယ်။ ထိခိုက်ဒဏ်ရာ ရရှိသူ ရှိ မရှိဆိုတာ အဲ့ဒါကတော့ အသေးစိတ် မသိရသေးဘူး” ဟု စစ်မြေပြင် အရာရှိ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

နမ့်ဆန်မြို့နယ်အတွင်း စစ်ကောင်စီဘက်မှ အင်အား အများအပြား ဖြည့်တင်းလျှက်ရှိပြီး မိုးမိတ်မြို့နယ်မှ ခလရ (၂၇၆)၊ ခလရ (၂၂၃) နှင့် ခမရ (၃၄၈) တို့ဖြစ်ပြီး လားရှိုးမြို့နယ်မှ တပ်ရင်း (၂) ရင်း လည်း လာရောက် တိုက်ခိုက်ခဲ့ကြောင်း ၄င်း က ဆက်ပြောသည်။

“မိုးမိတ်မြို့နယ်ထဲက တပ်ရင်း (၃) ရင်း နဲ့ လားရှိုးဘက်က တပ်ရင်း (၂) ရင်း လာတယ်။ မန္တလေးဘက်က လာတဲ့ ကွန်မန်ဒို တပ်တွေ လည်း ပါတယ်။ စုစုပေါင်း အင်အား (၄၀၀) လောက်ရှိမယ်ထင်တယ်” ဟု စစ်မြေပြင် အရာရှိ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

နမ့်ဆန်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်များသည် ကုန်းသာကျေးရွာအနီးဝန်းကျင်က ဒေသခံများဖြစ်ကြပြီး လက်ရှိသည် ဇယန်းကြီး ဘုန်းကြီးကျောင်းမှာ စစ်ရှောင် တစ်ထောင်ကျော် သွားရောက် ခိုလုံနေကြောင်း သိရှိရသည်။

“ဒီ (၁) ရက် (၂) ရက်အတွင်း စစ်ရှောင်တွေ အများကြီး ထွက်ပြေးလာကြတယ်။ အခု လောလောဆယ်တော့ စားနပ်ရိက္ခာအတွက်က အလှူရှင်တွေ ရှိနေသေးတယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသူ အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

တိုက်ပွဲ (၁) ပတ် ကာလနီးပါး အတွင်း ကုန်းသာကျေးရွာအတွင်း ပြည်သူလူထုနေအိမ်မှာ လက်နက်ကြီး ကျရောက်သဖြင့် နေအိမ် (၅) လုံးထက်မနည်း ပျက်စီးပြီး ဘုန်းကြီးကျောင်း တစ်ကျောင်း မီးလောင်ပျက်စီး ဆုံးရှုံးခဲ့သည်။

စစ်ကောင်စီ တပ်ဖွဲ့သည် နိုင်ငံတော် အာဏာသိမ်းယူပြီးနောက် ရက္ခိုင့်တပ်တော် AA နှင့် အပစ်ခတ်ရပ် ငြိမ်းချမ်းရေး ယူပြီး သျှမ်းပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ထိုးစစ်ဆင်မှု ခပ်စိတ်စိတ် ပြုလုပ်လာကြောင်း ပြောဆိုသုံးသပ်မှုလည်း ထွက်လာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...