Wednesday, January 28, 2026

ထိုင်း မြန်မာနယ်စပ်တွင် စိတ်ကြွဆေးပြား ၅ သန်း ဖမ်းဆီးရမိ

ထိုင်း – မြန်မာ နယ်စပ် ချင်းမိုင်ခရိုင် မယ်အိုင်းမြို့နယ် တောထဲတွင် ဇူလိုင် ၁၀ ရက် ည ၁၁နာရီ ဝန်းကျင် က ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား ၅သန်း သိမ်းဆည်းရမိကြောင်း ထိုင်းမီဒီယာ သတင်းများ ရေးသားချက် အရ သိရသည်။

Photo Credit to Spring News- မယ့်အိုင်းတွင် ထိုင်းရဲများဖမ်းမိသည့် ယာဘ အပြားပေါင်း ၅ သန်းကျော်

ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် ခရိုင် မယ်အိုင်းမြို့နယ် နှင့် သျှမ်းပြည်နယ် မိုင်းတုံမြို့နယ် အကြားရှိ နယ်စပ် တောထဲ (ထိုင်းနယ်အတွင်း) တွင် ဇူလိုင် ၁၀ ရက် ည ၁၁ နာရီ ဝန်းကျင်၌ ထိုင်းနယ်ခြားကင်းလှည့် အဖွဲ့နှင့် မူးယစ်ဆေးဝါး သယ်ဆောင်သူများ ထိတွေ့မှုဖြစ်ပွါးကာ ပစ်ခတ် ခဲ့ကြခြင်း သည်။

ထို ထိတွေ့ ပစ်ခတ်မှု မှာ အချိန် ၅ မိနစ်ခန့် ကြာခဲ့ပြီး မူးယစ်ဆေးဝါး သယ်ဆောင်သူများ ထွက်ပြေး လွှတ်မြောက်သွားကြောင်း ချင်းမိုင် သတင်း တွင် ရေးသားထားသည်။

ထိခိုက် ပစ်ခတ်မှု ကြောင့် ထိုင်းနယ်ခြားကင်းလှည့်အဖွဲ့ မှ ထိခိုက်ဒဏ်ရာရရှိခဲ့မှု မရှိကြောင်း၊ မူးယစ်ဆေးဝါး သယ်ဆောင်သူ များဘက်မှ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ထွက်ပြေးသွားကြောင်း လည်း ရေးသားထားသည်။

ထိုင်းနယ်ခြား ကင်းလှည့်အဖွဲ့ မှ ပိုင်ရှင်မဲ့ သိမ်းဆည်းမိသည့် မူးယစ်ဆေးဝါးများမှာ စိတ်ကြွဆေးပြား ၅ သန်း၊ အိုက်စ် ၁၀ကီလိုဂရမ် နှင့် ကတ်တမင်း ၁၀ ကီလိုဂရမ် တို့ဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

ထိုင်း-မြန်မာနယ်စပ်မှ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ငါးသန်းကျော်ကို ချင်းမိုင်ခရိုင်တွင် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ့်တျန် (Mae Taeng) မြို့နယ်တွင် စိတ်ကြွဆေးပြား ငါးသန်းနှစ်သိန်း (၅,၂၀၀,၀၀၀) ပြားကို လူငယ် ၃ ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် နံနက် ၂ နာရီကျော်အချိန်တွင် ချင်းမိုင်ခရိုင် မယ့်တျန်...

UWSA က မူးယစ်မှောင်ခိုဂိုဏ်းကို နှိမ်နှင်းပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ တရုတ်ထံ လွှဲပြောင်းပေးဟုဆို

0
တရုတ်နိုင်ငံထဲ မူးယစ်ဆေးဝါး ခိုးသွင်းရန် ကြိုးပမ်းခဲ့သည့် မူးယစ်မှောင်ခိုဂိုဏ်းကို ‘ဝ’တပ်ဖွဲ့ UWSA မှ နှိမ်နှင်းပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းသိရသည်။ ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသအတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများတွင် စိတ်ကြွဆေး၊ ဘိန်း၊ ဘိန်းဖြူ စသဖြင့် (၇၅၀) ကီလိုဂရမ်ကျော်၊...

မူးယစ်ဆေးဝါးကိစ္စ UWSA ကို စစ်ကောင်စီ မဖြေရှင်းနိုင်ပါက ထိုင်းကိုယ်တိုင်ဖြေရှင်းရန် တောင်းဆိုမည်ဟု သက်ဆင်ပြော

0
သျှမ်းပြည်တွင် အခြေစိုက်ပြီး ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေသည့် ‘ဝ’တပ်ဖွဲ့ UWSA နှင့် ဆက်နွှယ်နေသော မူးယစ်ဂိုဏ်းများကို နှိမ်နှင်းရန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်မှ တိုက်တွန်းတောင်းဆိုလိုက်သည်။ ယနေ့ (မေလ ၂၇ ရက်) တွင် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ချုပ် (ONCB) တွင် ပြုလုပ်သည့်...

ပစ်ခတ်ခံရမှုကြောင့် ကျပ်သိန်း ၅၀ လျော်ကြေးတောင်းဆိုမှု SSPP ငြင်းဆို

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် နောင်လောင်းကျေးရွာအုပ်စုအတွင်း မူးယစ်ဆေးသုံးစွဲသူများ ရှင်းလင်းစဉ် ပစ်ခတ်မှုမှာ နစ်နာသူဘက်မှ လျော်ကြေး ကျပ်သိန်း ၅၀ တောင်းဆိုမှုအား SSPP ဘက်မှ ငြင်းပယ်ထား ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သော မေလ(၁၀) ရက် မူဆယ်မြို့နယ် နမ့်စန့်ရွာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ နယ်မြေလိုက်လံစစ်ဆေးချိန်...