Friday, April 19, 2024

မူစယ် ရွှေနန်းတော်ဂိတ်တွင် ဆိုင်ကယ်နှင့်ကားတိုက်မှုဖြစ် လူတဦးသေ

Must read

သျှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ မြန်မာ တရုတ်နယ်စပ် ရွှေနန်းတော် (အလယ်ဂိတ်) ရှေ့ တွင် ယနေ့ နေ့့လည် ၁ နာရီ ခွဲခန့် တွင် ယာဉ်တိုက်မှု ဖြစ်ပွားက အမျိုးသား တဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

Photo by Muse Youth- မူစယ် ရွှေနန်းတော်ဂိတ်တွင် ဇူလိုင်လ ၁၁ ရက် ၂၀၁၉ ကဆိုင်ကယ်နှင့်ကားတိုက်မှုဖြစ် လူတဦးသေ

ဖြစ်စဉ်မှာ ယနေ့ (ဇူလိုင် ၁၁) ရက်နေ့တွင် မူဆယ်မြို့ ပြည်ထောင်စု လမ်းမပေါ် ရွှေနန်းတော်ဂိတ် ရှေ့ တွင် မော်တော် ဆိုင်ကယ်နှင့် ကား တိုက်မှု ဖြစ်ပွားကာ ဆိုင်ကယ်မောင်းသည့် အမျိုးသား ပွဲချင်း ပြီ သေဆုံးခဲ့ကြောင်း မူဆယ် ဒေသခံများက ပြောကြားသည်။

“ ကားနဲ့ ဆိုင်ကယ်တိုက်တာပါ။ အဲ့နေရာက ကားတော်တော်ရှုပ်တယ်။ ဆိုင်ကယ်လည်း အရမ်းများတယ်။ဆိုင်ကယ်သမားကတော့ ခေါင်း ကြွေမွသွားတယ်” ဟု မူဆယ် ဒေသခံ စိုင်လျန်း သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လက်ရှိ ယာဉ်တိုက်မှု ဖြစ်သည့်နေရာ သည် မကြာခဏ ယာဉ်တိုက်မှု ဖြစ်ပွားမှု ရှိသည့်နေရာ ဖြစ်ကြောင်း၊ ကား ဆိုင်ကယ်များ စည်းကမ်းမရှိ ယာဉ်မောင်းမှု နှင့် ဆိုင်ကယ်သမားများ ဆိုင်ကယ် ဦးထုတ်မဆောင်မှုကြောင့် ယခုကဲ့သို့ မဖြစ်သင့်ပဲ ဖြစ်ပွားသည် ဟု စိုင်းလျန်း အမျိုးသားက ပြောသည်။

“ အဓိကတော့ ဆိုင်ကယ်ဦးထုတ်ဆောင်းဖို့နဲ့၊ ဖြည်းဖြည်းမောင်းဖို့ပါပဲ။ အဲ့နေရာက ကုန်ကားတွေရော သုံးဘီးရော ဆိုင်ကယ်ရော ရှုပ်နေတဲ့နေရာဆိုတော့ သတိနဲ့ မောင်းဖို့ ပဲ ပြောချင်ပါတယ်” ဟု စိုင်းလျန်း ကဆိုသည်။

သေဆုံးသူ ဆိုင်ကယ်သမားမှာလည်း လက်ရှိအချိန်အထိ ပိုင်ရှင်မဲ့ဖြစ်နေသေးကြောင်း သိရပါသည်။

Leave a Comments

- Advertisement -spot_img

Latest article