မူစယ် ရွှေနန်းတော်ဂိတ်တွင် ဆိုင်ကယ်နှင့်ကားတိုက်မှုဖြစ် လူတဦးသေ

သျှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ မြန်မာ တရုတ်နယ်စပ် ရွှေနန်းတော် (အလယ်ဂိတ်) ရှေ့ တွင် ယနေ့ နေ့့လည် ၁ နာရီ ခွဲခန့် တွင် ယာဉ်တိုက်မှု ဖြစ်ပွားက အမျိုးသား တဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

Photo by Muse Youth- မူစယ် ရွှေနန်းတော်ဂိတ်တွင် ဇူလိုင်လ ၁၁ ရက် ၂၀၁၉ ကဆိုင်ကယ်နှင့်ကားတိုက်မှုဖြစ် လူတဦးသေ

ဖြစ်စဉ်မှာ ယနေ့ (ဇူလိုင် ၁၁) ရက်နေ့တွင် မူဆယ်မြို့ ပြည်ထောင်စု လမ်းမပေါ် ရွှေနန်းတော်ဂိတ် ရှေ့ တွင် မော်တော် ဆိုင်ကယ်နှင့် ကား တိုက်မှု ဖြစ်ပွားကာ ဆိုင်ကယ်မောင်းသည့် အမျိုးသား ပွဲချင်း ပြီ သေဆုံးခဲ့ကြောင်း မူဆယ် ဒေသခံများက ပြောကြားသည်။

“ ကားနဲ့ ဆိုင်ကယ်တိုက်တာပါ။ အဲ့နေရာက ကားတော်တော်ရှုပ်တယ်။ ဆိုင်ကယ်လည်း အရမ်းများတယ်။ဆိုင်ကယ်သမားကတော့ ခေါင်း ကြွေမွသွားတယ်” ဟု မူဆယ် ဒေသခံ စိုင်လျန်း သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လက်ရှိ ယာဉ်တိုက်မှု ဖြစ်သည့်နေရာ သည် မကြာခဏ ယာဉ်တိုက်မှု ဖြစ်ပွားမှု ရှိသည့်နေရာ ဖြစ်ကြောင်း၊ ကား ဆိုင်ကယ်များ စည်းကမ်းမရှိ ယာဉ်မောင်းမှု နှင့် ဆိုင်ကယ်သမားများ ဆိုင်ကယ် ဦးထုတ်မဆောင်မှုကြောင့် ယခုကဲ့သို့ မဖြစ်သင့်ပဲ ဖြစ်ပွားသည် ဟု စိုင်းလျန်း အမျိုးသားက ပြောသည်။

“ အဓိကတော့ ဆိုင်ကယ်ဦးထုတ်ဆောင်းဖို့နဲ့၊ ဖြည်းဖြည်းမောင်းဖို့ပါပဲ။ အဲ့နေရာက ကုန်ကားတွေရော သုံးဘီးရော ဆိုင်ကယ်ရော ရှုပ်နေတဲ့နေရာဆိုတော့ သတိနဲ့ မောင်းဖို့ ပဲ ပြောချင်ပါတယ်” ဟု စိုင်းလျန်း ကဆိုသည်။

သေဆုံးသူ ဆိုင်ကယ်သမားမှာလည်း လက်ရှိအချိန်အထိ ပိုင်ရှင်မဲ့ဖြစ်နေသေးကြောင်း သိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

မူဆယ်မြို့ ငါးပစ်ဂိမ်းဆိုင်တွင် ပစ်ခတ်မှုဖြစ်၊ အမျိုးသားတဦး သေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုနားနယ်မြေအတွင်းရှိ ငါးပစ်ဂိမ်းဆိုင်တခုတွင်  ယနေ့ (ဇူလိုင် ၃၀)ရက် မနက် ၁၁နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖြစ်စဉ်သည် ယနေ့ (ဇူလိုင်လ ၃၀ ရက်) မနက် ၁၁ နာရီဝန်းကျင် မူဆယ်မြို့ ဟိုနားနယ်မြေ ကောင်းမူတုံရပ်ကွက်ရှိ ငါးပစ်ဂိမ်းဆိုင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...