Friday, April 19, 2024

သျှမ်းပြည်နယ် မှ သယ်ဆောင်သည့် ကျပ်သိန်းပေါင်း တသိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး ကယားပြည်နယ်တွင် ဖမ်းဆီးရမိ

Must read

သျှမ်းပြည်နယ်မှတင်ဆောင်သွားသည့် မူးယစ်ဆေး ကျပ်သိန်းပေါင်း တသိန်းကျော်ကို ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ကယားပြည်နယ်လွိုင်ကော်မြို့တွင်ဖမ်းဆီးရမိသော သျှမ်းပြည်နယ်မှလာတင်ဆောင်လာသည့် မူးယစ်ဆေးဝါးတန်ဖိုးကျပ်သိန်ပေါင်း တစ်သိန်းခြောက်သောင်းကျော်နှင့် သယ်ဆောင်သူများ

ဇူလိုင် ၁၂ ရက် နံနက် ၄ နာရီ က နမ့်စန်- မိုးနဲ -ဆီဆိုင်- လွိုင်ကော်သို့ မိုင်းပန်မြို့သား ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၆ ဦးတို့၏ Dongfeng ထရပ်ယာဉ် ၃ စီး အား မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ နှင့် နယ်မြေခံရဲတပ်ဖွဲ့ တို့မှ လွိုင်ကော်မြို့နယ် လင်ဖုံ လေးရွာ လမ်းခွဲတွင် ဖမ်းဆီးစစ်ဆေးခဲ့ရာ ကျပ်သိန်းပေါင်း ၁၆၀၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးကို သိမ်းဆည်းရမိခဲ့သည်။

သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများမှာ ICE ၅၀၀၀၀၀ ဂရမ်၊ ကတ်တမင်း ၆၄၉၀၀၀ ဂရမ်နှင့် ကဖင်း ၁၁၅၀၀၀၀ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်းပေါင်း တစ်သိန်းခြောက်သောင်း ကျော် ) တို့ဖြစ်ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ မူးယစ်ဆေးဝါး သယ်ဆောင်သူများဖြစ်သော သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် စိုင်းအောင်ကျော်မိုး(၄၆)နှစ်၊ အပါအဝင် ယာဉ်မောင်း/ ယာဉ်နောက်လိုက် အမျိုးသား ၆ ဦး ကို လွိုင်ကော် မြို့မ ရဲစခန်း တွင် မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေ ဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဆက်လက် ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article