အပြည်ပြည်ဆိုင်ရာ မဟာလူသား လူမှု စာရိတ္တမြှင့်တင်ရေး ဂုဏ်ထူးဆောင်ဆု မြန်မာ မှ ဆရာတော် ၄ပါး ရရှိ

0

အပြည်ပြည်ဆိုင်ရာ မဟာလူသား လူမှု စာရိတ္တမြှင့်တင်ရေး ဂုဏ်ထူးဆောင်ဆု ကို မြန်မာနိုင်ငံမှ ဆရာတော် ၄ ပါးအား ချီးမြှင့်ပေးကြောင်း သိရသည်။

Photo Credit to Sao Su Kham- အပြည်ပြည်ဆိုင်ရာ မဟာလူသား လူမှု စာရိတ္တမြှင့်တင်ရေး ဂုဏ်ထူးဆောင်ဆု ဆွတ်ခူးရရှိသည့် သျှမ်းပြည်မှ သံဃာတော်များ

International University of Morality at Florida.U.S.A က အပြည်ပြည်ဆိုင်ရာ မဟာလူသား လူမှုစာရိတ္တမြှင့်တင်ရေး ဂုဏ်ထူးဆောင် Ph.D ဆုကို ဇူလိုင်လ ၂၄ ရက်နေ့က ချီးမြှင့်လိုက်ဖြစ်ရာ သျှမ်းသံဃာတော် ၄ ပါးလည်း ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

Photo Credit to Sao Su Kham- အပြည်ပြည်ဆိုင်ရာ မဟာလူသား လူမှု စာရိတ္တမြှင့်တင်ရေး ဂုဏ်ထူးဆောင်ဆု ဆွတ်ခူးရရှိသည့် သျှမ်းပြည်မှ သံဃာတော်များ အား သျှမ်းပြည်သားဒကာ ဒကာမ များလည်း တက်ရောက်ဂုဏ်ပြုချီးမြှင့်

သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ဘော်ကြို ဆရာတာ် ဒေါက်တာဒေဝိန္ဒ၊ သျှမ်းပြည်နယ် တောင်တန်းသာသနာပြုဆရာတော် ဒေါက်တာသုခမိန္ဒ (စဝ်ဆုခမ်း )၊ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ သာသနာ ဓဇဓမ္မာ စရိယ နိုင်ငံတော် ဗဟို သံဃာ ဝန်ဆောင်သည့် ဆရာတော် ဒေါက်တာ ဣိန္ဒက နှင့် မန္တလေး မှဒေါက်တာစဝ်နွမ်လှိုင်း တို့ဖြစ်သည်။

အဆိုပါ ဆုကို ဂျပန်နိုင်ငံ တိုကျိုမြို့အိုဒိုင်းဘား ခန်းမတွင် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်းသိရသည်။

Leave a Comments

SHARE