Tuesday, January 27, 2026

သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့က ပွင့်သစ်စ ပညာ့ကြယ်တပွင့်

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့ဖွား ရန်ကုန်မြို့မှာ ကျောင်းတက်နေတဲ့ ကျောင်းသား လူငယ်တဦး ဂျပန်နိုင်ငံအစိုးရကနေ ပညာတော်သင်ဖို့ ခေါ်ယူခြင်းခံရတယ်လို့သိရပါတယ်။ ဘာကြောင့် ခေါ်ယူခံရသလဲ။ ဘာတွေကိုသွားလေ့လာမလဲ။ ခံယူချက်က ဘာတွေရှိသလဲ။ ကျောင်းပြီးရင်ဘာလုပ်ဖို့ စိတ်ကူးထားသလဲဆိုတာသိရအောင် ပညာတော်သင်ခေါ်ခံရသူ စိုင်းကွမ်းခမ်း ကို သျှမ်းသံတော်ဆင့်ကနေ မေးမြန်းထားပါတယ်။

“အကယ်၍ လုပ်ငန်းအောင်မြင်တယ်ဆိုရင် ကျနော်ကိုယ်တိုင် ပညာတော်သင်ထောက်ပံ့ပေးတဲ့သူဖြစ်ချင်ပါတယ် ”- လို့ပြောဆိုလာတဲ့ သျှမ်း-တောင်က ဂျပန်ကိုပညာတော်သင်သွားမယ့် စိုင်းကွမ်းခမ်း

မေး။ ။ နောင့်စိုင်းနာမည်လေးသိပါရစေ။
ဖြေ။ ။ကျနော့် နာမည်က စိုင်းကွမ်းခမ်းလို့ခေါ်ပါတယ်။

မေး။ ။ အသက်ဘယ်လောက်ရှိပြီလဲ။
ဖြေ။ ။ အသက် ၂၁ နှစ်ပါ။

မေး။ ။ ဘယ်ဇာတိလဲ။
ဖြေ။ ။ သျှမ်းပြည်နယ်တောင်ပိုင်း လင်းခေးမြို့ဇာတိဖြစ်ပါတယ်။

မေး။ ။ ပညာရေးနဲ့ပတ်သက်ပြီး သိပါရစေ။ ဘယ်ကျောင်းတွေတက်ခဲ့ဖူးသလဲ။
ဖြေ။ ။ သူငယ်တန်းကနေ ရှစ်တန်းအထိ အ.ထ.က လင်းခေးမှာပညာသင်ပါတယ်။ ၉တန်း၁၀တန်းရောက်တော့ ရန်ကုန်မှာတက်ပါတယ်။ ဆယ်တန်းပြီးတော့ တက္ကသိုလ်ကို ရန်ကုန်မှာပဲ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (University of Computer Studies, Yangon) မှာ ဒုတိယနှစ်အထိတက်ပြီးတော့ တတိယနှစ်ကနေ ပဥ္စမနှစ် ယခုနှစ်အထိ သတင်းအချက်အလက် နည်းပညာတက္ကသိုလ် (University of Information Technology) ကို ပြောင်း တက်ခဲ့ပါတယ်။ လာမယ့် September 2018 မှာပြီးပါမယ်။

မေး။ ။ မြန်မာ့ပညာရေးမှာဘယ်အဆင့်အထိအောင်မြင်ထားသလဲ။
ဖြေ။ ။ မြန်မာ့ပညာရေးမှာ Bachelor of Computer Science (Software Engineering) ဘွဲ့အထိ ပြီးပါပြီ။

မေး။ ။ မြန်မာစကားအပါအဝင် တခြားနိုင်ငံခြားဘာသာစကား လေ့လာထားတာရှိလား။
ဖြေ။ ။ဂျပန်ဘာသာကို သင်ယူနေပါတယ်။

မေး။ ။ ဘာကြောင့်အဲဒီဘာသာစကားတွေကိုလေ့လာဖို့ စိတ်ဝင်စားရပါသလဲ။
ဖြေ။ ။ ယခု scholarship ရထားတဲ့ ကျောင်းမှာတော့ အင်္ဂလိပ်လိုသင်ရပေမယ့် ကိုယ်သွားရမယ့်နိုင်ငံရဲ့ ဘာသာစကားကို သင်ယူထားတာ communication လုပ်ရာမှာ ပိုလွယ်ကူအောင်လို့ပါ။

မေး။ ။ ဂျပန်နိုင်ငံမှာပညာတော်သင်အရွေးခံရတယ်လို့ကြားသိရပါတယ်။ မြန်မာအစိုးရကပို့တာလား ဂျပန်က ခေါ်တာလား။ ပရောဂျက်နာမည်က ဘာလဲ။
မေး။ ။ ဟုတ်ပါတယ်ခင်ဗျ။ ဒီ scholarship ကို Japan နိုင်ငံ Ishikawa က JAIST ဂျပန်ကျောင်း Japan Advanced Institute of Science and Technology က ပေးတာဖြစ်ပါတယ်။ Master’s Program ကို ဆက်တက်ဖို့ဖြစ်ပါတယ်။

မေး။ ။ ဘယ်ဘာသာရပ်ကိုသင်ယူလေ့လာဖို့ ရွေးချယ်ထားပါသလဲ။ ဘာကြောင့်လဲ။
ဖြေ။ ။ Computer Science မေဂျာကို ရွေးချယ်ထားပါတယ်။ Undergraduate မှာ အဲဒီ Major ကို လေ့လာထားလို့ပါ။

မေး။ ။ ဘာကြောင့်ပညာတော်သင်ဖို့အရွေးခံရပါသလဲ။
ဖြေ။ ။ အရင်ဆုံး လူတွေ့စစ်ပါတယ်၊ တက္ကသိုလ်က ရခဲ့တဲ့နှစ်တိုင်းရဲ့ ရမှတ်တွေကို assess လုပ်ပါတယ်။ ပြီးတော့ ကိုယ်ဆက်လက်လေ့လာချင်တဲ့ ဘာသာရပ်ကို သွားရမယ့် ဂျပန်ကကျောင်းက ပို့ချနေတာကြောင့်ပါ။ အဲ့ဒီ သုံးခုပါ။

မေး။ ။ အခု ဘယ်နနှစ်လောက် ပညာတော်သင်သွားရပါမလဲ။
ဖြေ။ ။ ၂ နှစ်ပါ။

မေး။ ။ ဒီပရောဂျက်ကနေ နှစ်တိုင်းခေါ်ယူတာလား။
ဖြေ။ ။ Scholarship က နှစ်တိုင်းခေါ်ပါတယ်။ ကျနော်တို့ကျောင်းချိန်က ၅ နှစ်တက်ရတာဆိုတော့ graduate ဖြစ်တာကနှစ်က ၂ နှစ်ပဲရှိသေးပါတယ်။ ဆိုလိုတာက ကျောင်းပြီးတဲ့အသုတ်က ၂နှစ်ပဲရှိသေးပါတယ်။ scholarship က မနှစ်ကစပေးပါတယ်။ ကျနော်တို့ကျောင်းက ဖွင့်တာ ၆ နှစ်ပဲရှိသေးတယ်လေ။

မေး။ ။ ဟုတ်လား။ အဲလိုဆိုရင် နောင့်စိုင်း တို့ကျောင်းက ပညာတော်သင်အခေါ်ခံရတာ ၂ သုတ်ဘဲရှိသေးတာပေါ့။ ဘယ်နယောက်အခေါ်ခံရပြီလဲ။ ဘယ်သူတွေပါသွားလဲ။
ဖြေ။ ။ ဒီတစ်သုတ်က ၅ ယောက်ပါပါတယ်။ စုစုပေါင်း ယောကျ်ားလေး ၃ ယောက် မိန်းကလေး ၂ ယောက်။ တိုင်းရင်းသားက ၂ ယောက်ပါတယ်ပေါ့နော်။ ပအိုဝ်းတစ်ယောက်ရယ်။ ကျနော် ရှမ်းတယောက်ရယ်။ ကျန်တာက ဗမာလူမျိုးပေါ့ ၃ ယောက်။

မေး။ ။ မနှစ်ကကော် ။
ဖြေ။ ။ မနှစ်က မိန်းကလေး ၄ ယောက်ခေါ်သွားပါတယ်။

မေး။ ။ နောင့်စိုင်းက ဘယ်တော့သွားရမလဲ ဂျပန်ကို။
ဖြေ။ ။ ကျောင်းက အောက်တိုဘာလမှာ စ မှာဖြစ်ပါတယ်။ ဆိုတော့ ကျနော်က စက်တင်ဘာလလောက်မှာ သွားဖြစ်မယ်ထင်ပါတယ်။

မေး။ ။ ကျောင်းပြီးရင်ဘာဆက်လုပ်ဖို့စိတ်ကူးထားပါသလဲ။
ဖြေ။ ။ ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်ပါတယ်။ ကျနော်တို့ဆီက လူငယ်တွေကို နိုင်ငံခြားမှာ ပညာတော်သင်သွားနိုင်ဖို့ ကူညီပါမယ်။ ဖြစ်နိုင်ရင် အကယ်၍ လုပ်ငန်းအောင်မြင်တယ်ဆိုရင် ကျနော်ကိုယ်တိုင် ပညာတော်သင်ထောက်ပံ့ပေးတဲ့သူဖြစ်ချင်ပါတယ်။

မေး။ ။ အရင်တုန်းကကော တခြားနိုင်ငံကိုပညာတော်သင် သွားဖူးပါသလား။ ဘာအကြောင်းတွေလေ့လာခဲ့ရသလဲ။
ဖြေ။ ။ မနှစ်က ဂျပန်နိုင်ငံကိုပဲ internship အနေနဲ့ ၂လ သွားဖူးပါတယ်။

မေး။ ။ အခုခေတ်လူငယ်တွေအတွက် ဘယ်ပညာရပ်က အဓိက အရေးပါတယ်လို့ထင်ပါသလဲ။
ဖြေ။ ။ ကွန်ပျူတာ ပညာရပ်က အရေးပါတယ်လို့ထင်ပါတယ်။ IT ခေတ်မှာဆိုတော့ ကွန်ပျူတာပညာရပ်ကို အနည်းနဲ့အများလေ့လာထားတာကောင်းတယ်လို့ထင်ပါတယ်။ တခြားပညာရပ်တွေ လည်း အဓိက ကျပါတယ်။

မေး။ ။ လူငယ်တွေကိုပညာရေးနဲ့ပတ်သက်ပြီးဘယ်လိုတိုက်တွန်းပြောကြားချင်ပါသလဲ။
ဖြေ။ ။Information တွေကို များများရယူစေချင်ပါတယ်။ အဲဒီလို information တွေများများရဖို့ ကိုယ့်ရဲ့ network ကိုလည်း ကျယ်ကျယ်ထားရပါမယ်။ communication လုပ်ရပါမယ်။ internet လည်း ကောင်းလာနေပြီဆိုတော့ internet ပေါ်မှာလည်း အသုံးဝင်မယ့်အရာတွေ များများလေ့လာစေချင်ပါတယ်။

မျှော်မှန်းချက်အတိုင်းအောင်မြင်ပါစေနော် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လင်းခေးမြို့တွင် စစ်ကော်မရှင်ဝန်ထမ်းများမှ မြို့နေလူထု အိမ်ထောင်စုစာရင်း စစ်ဆေးနေ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ်ရှိ စစ်ကော်မရှင်လက်အောက်ခံ ဝန်ထမ်းများသည် ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းများ အိမ်တိုင်ရာရောက် လိုက်လံ စစ်ဆေးနေကြောင်း သတင်းရရှိသည်။ လင်းခေးမြို့နယ်သည် ယခုလာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် ပါဝင်သည်။ ထို့ကြောင့် နိုဝင်ဘာလ နောက်ဆုံးပတ်က စတင်ပြီး လင်းခေးမြို့ရှိ စစ်ကော်မရှင်...

လင်းခေးမြို့ အမျိုးသားတစ်ဦး လက်လုပ် သေနတ်ဖြင့် ပစ်သတ်ခံရ

0
သျှမ်းပြည် လင်းခေးမြို့တွင် ယနေ့ (စက်တင်ဘာ ၄)ရက် နံနက်ပိုင်းတွင် မူယစ်ဆေးဝါးသုံးစွဲသော အသက် ၃၀အရွယ်ရှိ အမျိုးသားတစ်ဦးသည် လက်လုပ် သေနက်ဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဥ်မှာ ယနေ့ (စက်တင်ဘာ ၄)ရက် နံနက်ပိုင်းတွင် မူးယစ်ဆေးသုံးစွဲပြီး ဆေးကြောင်နေသော အမျိုးသားတစ်ဦးသည် လက်လုပ်သေနတ်ဖြင့်...

ကံစမ်းမဲပေါက်သည်ဟုဆိုပြီး ဒေသခံများထံ ဖုန်းဆက်ငွေလိမ်လည်မှု ပြုလုပ်နေ

0
သျှမ်းပြည် လင်းခေးမြို့တွင် ယခုရက်ပိုင်း ကံစမ်းမဲပေါက်သည်ဟုဆိုပြီး ဒေသခံများထံ ဖုန်းဆက် ငွေလိမ်လည်မှု ပြုလုပ်နေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ ယခုရက်ပိုင်းအတွင်း လင်းခေးမြို့တွင် ကံစမ်းမဲပေါက်သည်ဟုဆိုပြီး ဒေသခံများထံ ဖုန်းဆက် အကြောင်းကြားလာရာ ငွေလိမ်လည်မှုပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ ကျနော်ကို ဖုန်းဆက်လာပြီး ကံစမ်းမဲပေါက်တယ် ဘာညာပြောတယ်။ သူတို့ကုမ္ပဏီက...

လင်းခေးမြို့ ပန်ဆတ်စစ်ဆေးရေးတင်းကြပ်ပြီး ခရီးသွားပြည်သူများ ခြိမ်းခြောက်ပြောဆို

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့အနီးရှိ ပန်ဆတ်အမြောက်တပ်စခန်း စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီမှ စစ်ဆေးမှုများ တင်းကြပ်စွာ ပြုလုပ်သည့် အပြင် ခရီးသွား ပြည်သူများကိုလည်း ခြိမ်းခြောက်ပြောဆိုမှု ရှိနေကြောင်း စုံစမ်းသိရသည်။ လင်းခေးမြို့ အခြေစိုက် စစ်ကောင်စီအမြောက်တပ်၏ “ပန်ဆတ်” စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သားတို့ သည် စစ်ကိုင်းတိုင်း ၊မကွေးတိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်၊...

လင်းခေးမြို့နယ် ရာသီတုပ်ကွေး ဖြစ်သူများပြားနေ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ်အတွင်း ဒေသခံ ပြည်သူများ ရာသီတုပ်ကွေး ဖြစ်ပွားမှု များပြားနေကြောင်း သတင်းသိရသည်။ အောက်တိုဘာလဆန်းပိုင်းမှ စတင်ကာ လင်းခေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများက ရာသီတုပ်ကွေးဖြစ်ပြီး နှာစေး၊ ချောင်းဆိုး၊ အဖျားတက်သူ များပြားသဖြင့် ဆေးရုံ နှင့် ဆေးပေးခန်းများ၌ လူနာများ နေ့တိုင်းပြည့်နေကြောင်း ဒေသခံအမျိုးသား တစ်ဦးက...