လင်းခေးမြို့ ပန်ဆတ်စစ်ဆေးရေးတင်းကြပ်ပြီး ခရီးသွားပြည်သူများ ခြိမ်းခြောက်ပြောဆို

သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့အနီးရှိ ပန်ဆတ်အမြောက်တပ်စခန်း စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီမှ စစ်ဆေးမှုများ တင်းကြပ်စွာ ပြုလုပ်သည့် အပြင် ခရီးသွား ပြည်သူများကိုလည်း ခြိမ်းခြောက်ပြောဆိုမှု ရှိနေကြောင်း စုံစမ်းသိရသည်။

လင်းခေးမြို့

လင်းခေးမြို့ အခြေစိုက် စစ်ကောင်စီအမြောက်တပ်၏ “ပန်ဆတ်” စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သားတို့ သည် စစ်ကိုင်းတိုင်း ၊မကွေးတိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်၊ ကရင်နီ (ကယား)ပြည် နှင့် ချင်းပြည်နယ် မှတ်ပုံတင်ကိုင်ဆောင်သည့် ခရီးသည်များကို ရှာဖွေကာ တင်းကြပ်စွာ စစ်ဆေးနေကြောင်း သတင်းသိရသည်။

“ပန်ဆတ်စစ်ဆေးရေးဂိတ်က စစ်သားတွေက ကားပေါ် ကနေ ဆင်းခိုင်းပြီး မှတ်ပုံတင်ကိုတောင်းတယ်၊ ကျနော်တို့ နောက်ကားမှာ ၉မျဥ်းစောင်း မှတ်ပုံတင်ကိုင်တဲ့ သူတစ်ဦးရှိလို့ ၅ မျဥ်းစောင်း၊ ၈ မျဥ်းစောင်း ၊ ၉မျဥ်းစောင်း၊ကိုင်တဲ့သူတွေကို တခါတည်းဆွဲချလို့ရတယ် နော် ဆိုပြီးတော့ ခြိမ်းခြောက်ပြောတယ်၊ စစ်မေးတာလည်း စုံစိနေတာပဲ” ဟု ကြုံတွေ့ရသည့် ခရီးသည် တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ပန်ဆတ် စစ်ဆေးရေးဂိတ်မှ စစ်သားများသည် လက်ရှိ စစ်ကောင်စီနှင့်တိုက်ပွဲ ပြင်းထန်နေသည့် ပြည်နယ် နှင့် တိုင်းဒေသကြီးမှ ပြည်သူများကို တင်းကြပ်စွာ စစ်ဆေးနေခြင်း ဖြစ်သည်။

ပန်ဆတ် စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီ တပ်သားတို့သည် ခရီးသွားပြည်သူများကို စစ်ဆေးမေးမြန်းသည့်အပြင် ငွေကြေးတောင်းခံမှုများလည်း ရှိကြောင်းသိရသည်။

“ဘယ်ကလာလဲ ဘယ်ကိုသွားမလဲ မေးတဲ့အပြင် သွားမဲ့နေရာက ဘယ်သူတွေရှိလဲ၊ ဘာတွေတော်စပ်ကြလဲ ဆိုတာတွေပါ မေးတာ၊ စစ်မေးခံရတဲ့သူတွေက ကြောက်လွန်း လို့ မျက်စိမျက်နှာပျက်ကြတယ်၊ ပြီးတော့ ခရီးသည် တစ်ယောက်ကို ငွေကြေး ၅ ထောင်တောင်းတယ်” ဟု အဆိုပါ ခရီးလမ်းကို သွားရောက်ခဲ့သည့် အသက် ၄၅နှစ်အရွယ်ရှိ အမျိုးသားက ပြောသည်။

လင်းခေးမြို့အထွက် ပန်ဆတ် အမြောက်တပ်စခန်း စစ်ဆေးရေးဂိတ်မှ စစ်သားတို့သည် ညဘက်အခါတွင်လည်း အရက်မူးပြီး ခရီးသွားပြည်သူများကို စစ်ဆေးကြောင်း သိရသည်။

အဆိုပါ ဂိတ်စခန်းသည် လင်းခေး – မိုးနဲ လမ်းမှ လင်းခေးမြို့ အထွက် လမ်းမကြီးပေါ်တွင် တည်ရှိပြီး ခရီးသွား ပြည်သူများကို နေ့စဉ် စစ်ဆေးနေသည့် ဂိတ်စခန်းဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...