Tuesday, January 27, 2026

ရွှေ့ပြောင်း စက္ကူလေယာဉ်မင်းသား ထိုင်းနိုင်ငံသားကတ်ရရှိရေး ၀န်ကြီးချုပ်ဟောင်းအဘိဆစ် ထောက်ခံချက်ပေး

ဂျပန်နိုင်ငံ စက္ကူလေယာဉ်ပစ်ပြိုင်ပွဲတွင် အနိုင်ရရှိကာ ထိုင်းနိုင်ငံအတွက်ဆုများရရှိလာသည့် ထိုင်းနိုင်ငံရောက် သျှမ်းပြည်သားရွှေ့ပြောင်းအလုပ်သမားမိဘ ၏သား စိုင်းမောင်ထောင်းဒီးအား ထိုင်းနိုင်ငံသား မှတ်ပုံတင် ရရှိရေးအတွက် ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း အဘိဆစ် ဝေ့ချာချီဝ အပါအဝင် အစိုးရအဖွဲ့ဝင် ၀န်ကြီးဟောင်းများ က ထောက်ခံ စာများထုတ်ပေးလိုက်သည်။

ထိုင်းကျောင်း သား များကိုယ်စား ဂျပန်နိုင်ငံ
စက္ကူလေယာဉ်ခေါက် ပစ်ယှဉ်ပြိုင်ပွဲဝင် အနိုင်ရခဲ့သည့် စိုင်းမောင်ထောင်းဒီး နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း အဘိဆစ် ဝေ့ချာချီဝ

သြဂုတ်လ ၉ ရက်နေ့က ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း ပရချားထိပတ် ပါတီခေါင်းဆောင် မစ္စတာ အဘိဆစ်ဝေ့ချာချီဝ က – စိုင်းမောင် ထောင်းဒီးသည် ထိုင်းနိုင်ငံ နာမည်ကောင်းရရေးအတွက် အမှန် တကယ်ပြုလုပ်ပေးခဲ့သူဖြစ်ကြောင်း – ထိုင်းနိုင်ငံဝန်ကြီးချုပ် အဘိစစ်ထံ ထောက်ခံစာပေးပို့ခဲ့သည်။

အခု ၀န်ကြီးချုပ်ဟောင်းအဘိဆစ်က ကျနော် နိုင်ငံသားဖြစ်ခွင့်ရရေးအတွက် ထောက်ခံစာပေးပါတယ်။ တခြားသော ၀န်ကြီးဟောင်းတွေ လည်း ကိုယ်ရေးအနေနဲ့ လည်းထောက်ခံပေးကြပါတယ်။ ထိုင်းနိုင်ငံသားဖြစ် ခွင့်ရရေး အတွက် အချက်အလက်တွေ မပြည့်စုံသေးလို့ပါ။ ဘယ်တော့ရမလဲတော့မသိပါဘူး- ဟု စိုင်းမောင် ထောင်းဒီး က သျှမ်းသံတော်ဆင့်အားပြောသည်။

လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် မူလတန်းကျောင်းသားဘဝက စိုင်းမောင်ထောင်းဒီးသည် ထိုင်းကျောင်း သား များကိုယ်စား ဂျပန်နိုင်ငံသို့သွားရောက်ကာ စက္ကူလေယာဉ်ခေါက် ပစ်ယှဉ်ပြိုင်ပွဲဝင် အနိုင်ရရှိခဲ့သည်။ စိုင်းမောင်ထောင်းဒီး သည် ထိုင်းနိုင်ငံအတွက် ဆုများရယူပေးသဖြင့် ထိုင်းနိုင်ငံသားဖြစ်ခွင့်ပေးမည်ဟု ထိုစဉ်ကတည်းက အစိုးရဖြစ်ခဲ့သည့် ၀န်ကြီးချုပ်အဘိဆစ်ဝေ့ချာချီဝ က ပြောဆိုကတိပေးခဲ့သည်။ သို့သော်လက်ရှိတွင် ၁၀ နှစ်ကြာပြီဖြစ်သော်လည်း ထိုင်းနိုင်ငံသားမှတ်ပုံတင်ရရှိရေးအတွက် စိုင်းမောင်ထောင်းဒီနှင့် ၄င်း၏ ဆရာ ဆရာမ များက ကြိုးစားနေဆဲဖြစ်ပါသည်။

စိုင်းမောင်ထောင်းဒီးသည် လက်ရှိတွင် ထိုင်းနိုင်ငံ၏ ပုဂ္ဂလိက ရုပ်သံလိုင်းတခုတွင် မောင်းသူမဲ့ ဒရုန်း ယာဉ် မောင်း နည်းပြအဖြစ် အချိန်ပိုင်းအဖြစ်တာဝန်ထမ်းဆောင်ကာ မိဘများ၏လုပ်ငန်းကိုင်ငန်းဖြစ်သော ဆောက် လုပ်ရေး (ကော်ဆန့်) ရွှေ့ပြောင်းအလုပ်သမားအဖြစ်နေ့စဉ်ဝင်ငွေရှာနေသူတဦးဖြစ်သည်။ တဖက်တွင် လည်းကျောင်းပြင်ပ ပညာရေးစနစ် (ကောဆော်နော)တွင် အထက်တန်း ဖြေဆိုရန်ကြိုးစားနေပါသည်။

မူပါဘောလုံးအဖွဲ့တွေ ထိုင်းနိုင်ငံသားကဒ်ရရှိတာ ကျနော်ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ဖြစ်စဉ်ချင်းမတူဘူးလေ။ ဘာဘဲဖြစ်ဖြစ်ကျနော့ကိုထောက်ခံချက်ပေးတဲ့ ကျနော့ကိုအားပေးတဲ့ဆရာ၊ ဆရာမတွေ လူကြီးတွေကို ကျေးဇူးတင်ပါတယ်။- ဟု စိုင်းမောင်ထောင်းဒီးကပြောသည်။

၁၀ ရက်ကြာ ဂူတွင်းပိတ်မိခဲ့ဖူးသည့် ထိုင်းနိုင်ငံ မယ့်ဆိုင်မြို့က မူပါဘော်လုံးအသင်းကျောင်းသား ၁၃ ဦးအနက် နိုင်ငံသားမဖြစ်သေးသည့် ၄ ဦးအား ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်နေ့က ချင်းရိုင်းခရိုင် အစိုးရအာဏာပိုင်က ထိုင်းနိုင်ငံသားကတ်ပေးအပ်ခဲ့သည်။ အဆိုပါ ကျောင်းသား ၄ ဦးနှင့်အတူ နိုင်ငံသားဖြစ်ခွင့်ရှိသူ သက်သေအထောက်အထားများနှင့်ပြည့်စုံသော ကလေးငယ်စုစုပေါင်း ၃၀ ဦးအား နိုင်ငံသားလက်မှတ်ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အပြည်ပြည်ဆိုင်ရာ မဟာလူသား လူမှု စာရိတ္တမြှင့်တင်ရေး ဂုဏ်ထူးဆောင်ဆု မြန်မာ မှ ဆရာတော် ၄ပါး ရရှိ

0
အပြည်ပြည်ဆိုင်ရာ မဟာလူသား လူမှု စာရိတ္တမြှင့်တင်ရေး ဂုဏ်ထူးဆောင်ဆု ကို မြန်မာနိုင်ငံမှ ဆရာတော် ၄ ပါးအား ချီးမြှင့်ပေးကြောင်း သိရသည်။ International University of Morality at Florida.U.S.A က အပြည်ပြည်ဆိုင်ရာ မဟာလူသား လူမှုစာရိတ္တမြှင့်တင်ရေး ဂုဏ်ထူးဆောင် Ph.D ဆုကို...

 ထိုင်းရောက်သျှမ်းရွှေ့ပြောင်းအလုပ်သမား စိုင်းမောင်ထောင်းဒီး ၁၀ နှစ်တာကာလအတွင်း စက္ကူလေယာဉ်ပစ်ပြိုင်ပွဲ ချန်ပီယံထပ်မံဆွတ်ခူး  

0
ထိုင်းနိုင်ငံ၏ ၁၅ ကြိမ်မြောက် စက္ကူလေယာဉ်ပစ်ပြိုင်ပွဲတွင် သျှမ်းပြည်သားရွှေ့ပြောင်းအလုပ်သား စိုင်းမောင်ထောင်းဒီး ချမ်ပီယံဆု ထပ်မံဆွတ်ခူးရရှိခဲ့ပြီး ဂျပန်နိုင်ငံတွင် သွားရောက်ယှဉ်ပြိုင် ရန်စီစဉ်နေလျှက်ရှိကြောင်းသိရသည်။ ဩဂုတ်လ ၂၇ ရက်နေ့က ထိုင်းနိုင်ငံ နွန်းထာ့ပူရီခရိုင်တွင် ကျင်းပသော ၁၅ ကြိမ်မြောက်ထိုင်းနိုင်ငံ စက္ကူလေယာဉ်ပစ်ပြိုင်ပွဲတွင် စိုင်းမောင်ထောင်းဒီး ထပ်မံအနိုင်ရရှိကာ ချမ်ပီယံဆု ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပါသည်။ “ကျနော်အနိုင်ရမယ်လို့တောင်မထင် ဘူး။...

စက္ကူခေါက်လေယာဉ်ပစ်ချံပီယံ မြန်မာနိုင်ငံသား စိုင်းမောင် ထောင်းဒီး ၁၀ နှစ်ကြာပြီဖြစ်သော်လည်း ထိုင်းအစိုးရထံမှ အထောက်အပံ့ မရသေး  

0
ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသော သျှမ်းပြည်သားမိဘ ၂ ပါးမှမွေးဖွားသည့် ဂျပန်နိုင်ငံမှ စက္ကူလေယာဉ်ပျံဆု ဆွတ်ခူးရရှိခဲ့သူ ထိုင်းနိုင်ငံဂုဏ်ဆောင် စိုင်းမောင် ထောင်းဒီးအား ပညာရေးတွင် Ph.D ပြီးသည်အထိ ကူညီထောက်ပံ့မှုပေးမည်ဖြစ်ပြီး ထိုင်းနိုင်ငံသားကတ်ထုတ်ပေးမည်ဟု ထိုစဉ်အစိုးရကပြောဆို ထားသော်လည်း ယနေ့တိုင် ခံစားခွင့်မရသေးကြောင်းသိရသည်။ လွန်ခဲ့သည့် ၁၀ နှစ်ခန့် အဖိဆစ် ဝေ့ချာချီဝ...

သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့က ပွင့်သစ်စ ပညာ့ကြယ်တပွင့်

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့ဖွား ရန်ကုန်မြို့မှာ ကျောင်းတက်နေတဲ့ ကျောင်းသား လူငယ်တဦး ဂျပန်နိုင်ငံအစိုးရကနေ ပညာတော်သင်ဖို့ ခေါ်ယူခြင်းခံရတယ်လို့သိရပါတယ်။ ဘာကြောင့် ခေါ်ယူခံရသလဲ။ ဘာတွေကိုသွားလေ့လာမလဲ။ ခံယူချက်က ဘာတွေရှိသလဲ။ ကျောင်းပြီးရင်ဘာလုပ်ဖို့ စိတ်ကူးထားသလဲဆိုတာသိရအောင် ပညာတော်သင်ခေါ်ခံရသူ စိုင်းကွမ်းခမ်း ကို သျှမ်းသံတော်ဆင့်ကနေ မေးမြန်းထားပါတယ်။ မေး။ ။ နောင့်စိုင်းနာမည်လေးသိပါရစေ။ ဖြေ။...

ထိုင်းနိုင်ငံကို မိမိမွေးရပ်ဇာတိကဲ့သို့ချစ်မြတ်နိုးရန် ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဝန်ကြီးချုပ်တိုက်တွန်း

0
ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ကျန်အိုးချားက ထိုင်းနိုင်ငံ ဆမွတ်ဆာခွန်းခရိုင်ရှိ ရွှေ့ပြောင်း အလုပ်သမားများနှင့်တွေ့ဆုံကာ မိမိအလုပ်လုပ်ကိုင် ၀မ်းစာရှာဖွေနေဆဲ ထိုင်းနိုင်ငံအား မိမိနိုင်ငံ ကဲ့သို့ချစ်မြတ်နိုးကြရန်တိုက်တွန်းလိုက်သည်။ ၀န်ကြီးချုပ် ပရာယွတ်ဦးဆောင်သည့် ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီး၊ စိုက်ပျိုးမွေးမြူရေးဝန်ကြီးနှင့် သက်ဆိုင်ရာအာဏာပိုင်များသည် မတ်လ ၅ ရက်နေ့က ဆမွတ်ဆာခွန် ခရိုင် မြို့တွင်းမြို့နယ်ရှိ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများအားတွေ့ဆုံရာတွင်ထိုသို့တိုက်တွန်းပြောဆိုခြင်းဖြစ်သည်။ “ထိုင်းမှာလာပြီးအလုပ်အကိုင်တွေ...