Wednesday, January 28, 2026

 ထိုင်းရောက်သျှမ်းရွှေ့ပြောင်းအလုပ်သမား စိုင်းမောင်ထောင်းဒီး ၁၀ နှစ်တာကာလအတွင်း စက္ကူလေယာဉ်ပစ်ပြိုင်ပွဲ ချန်ပီယံထပ်မံဆွတ်ခူး  

ထိုင်းနိုင်ငံ၏ ၁၅ ကြိမ်မြောက် စက္ကူလေယာဉ်ပစ်ပြိုင်ပွဲတွင် သျှမ်းပြည်သားရွှေ့ပြောင်းအလုပ်သား စိုင်းမောင်ထောင်းဒီး ချမ်ပီယံဆု ထပ်မံဆွတ်ခူးရရှိခဲ့ပြီး ဂျပန်နိုင်ငံတွင် သွားရောက်ယှဉ်ပြိုင် ရန်စီစဉ်နေလျှက်ရှိကြောင်းသိရသည်။

ထိုင်းနိုင်ငံတွင် သြဂုတ်လ ၂၆ ရက်နေ့က စက္ကူလေယာဉ်ခေါက်ပစ်ပြိုင်ပွဲဝင်နေသော စိုင်းမောင် ထောင်းဒီး

ဩဂုတ်လ ၂၇ ရက်နေ့က ထိုင်းနိုင်ငံ နွန်းထာ့ပူရီခရိုင်တွင် ကျင်းပသော ၁၅ ကြိမ်မြောက်ထိုင်းနိုင်ငံ စက္ကူလေယာဉ်ပစ်ပြိုင်ပွဲတွင် စိုင်းမောင်ထောင်းဒီး ထပ်မံအနိုင်ရရှိကာ ချမ်ပီယံဆု ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပါသည်။

“ကျနော်အနိုင်ရမယ်လို့တောင်မထင် ဘူး။ ရတော့လည်းဝမ်းသာတာပေါ့။ ကျနော့ကိုအမြဲအားပေးတဲ့ ထိုင်းနိုင်ငံ အကြီးအကဲတွေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ။ လာမယ့် ၂၀၂၀ မှာ ဂျပန်မှာကျင်းပမယ့် အိုလံပစ်ဂိမ်း မှာကျနော့်ကို ထိုင်းနိုင်ငံကိုယ်စားပြု  စက္ကူလေယာဉ်ပစ်ပြိုင်ဖို့စေလွှတ်မယ်လို့ကြားသိထားရပါတယ်။ အဲဒီအတွက်ပြင်ဆင် နေပါတယ်။” – ဟု စိုင်းမောင် ထောင်းဒီက သျှမ်းသံတော်ဆင့်အားပြောသည်။

စိုင်းမောင် ထောင်းဒီး သည် သျှမ်းပြည်တောင်ပိုင်း လွယ်လင်မြို့နယ် ခိုလမ်မြို့နယ်ခွဲမှ စိုင်းညွန့် နန်းမွမ်း တို့၏ သားသမီး ၂ ဦးအနက် သားကြီးဖြစ်ပါသည်။ ၁၉၉၇ ခုနှစ်တွင်မွေးဖွားခဲ့ပြီး မိဘ ၂ ပါးနှင့်အတူ ထိုင်းနိုင်ငံသို့ရောက်ရှိကာ ထိုင်းအစိုးရကျောင်းတွင် ပညာသင်ယူခဲ့သည်။

လွန်ခဲ့သည့် ၉ နှစ် ၂၀၀၉ ခုနှစ်က အသက် ၁၂ အရွယ် စိုင်းမောင်ထောင်းဒီးသည် ထိုင်းနိုင်ငံကိုယ်စားပြုကျောင်းသားအဖြစ် ဂျပန်နိုင်ငံ စက္ကူလေယာဉ်ပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာချံပီယံဆု ဆွတ်ခူးရရှိခဲ့သည်။  ထိုစဉ်ထိုင်းအစိုးရက ၎င်းအား ထိုင်းနိုင်ငံသားဖြစ်ခွင့်ပေးမည်ဟု ပြောဆိုကတိပေးထားခဲ့သည်။ သို့သော် ယနေ့တိုင် အကောင်အထည်ဖော်ပေးသေးခြင်းမရှိ သေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွှေ့ပြောင်း စက္ကူလေယာဉ်မင်းသား ထိုင်းနိုင်ငံသားကတ်ရရှိရေး ၀န်ကြီးချုပ်ဟောင်းအဘိဆစ် ထောက်ခံချက်ပေး

0
ဂျပန်နိုင်ငံ စက္ကူလေယာဉ်ပစ်ပြိုင်ပွဲတွင် အနိုင်ရရှိကာ ထိုင်းနိုင်ငံအတွက်ဆုများရရှိလာသည့် ထိုင်းနိုင်ငံရောက် သျှမ်းပြည်သားရွှေ့ပြောင်းအလုပ်သမားမိဘ ၏သား စိုင်းမောင်ထောင်းဒီးအား ထိုင်းနိုင်ငံသား မှတ်ပုံတင် ရရှိရေးအတွက် ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း အဘိဆစ် ဝေ့ချာချီဝ အပါအဝင် အစိုးရအဖွဲ့ဝင် ၀န်ကြီးဟောင်းများ က ထောက်ခံ စာများထုတ်ပေးလိုက်သည်။ သြဂုတ်လ ၉ ရက်နေ့က ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း ပရချားထိပတ်...

စက္ကူခေါက်လေယာဉ်ပစ်ချံပီယံ မြန်မာနိုင်ငံသား စိုင်းမောင် ထောင်းဒီး ၁၀ နှစ်ကြာပြီဖြစ်သော်လည်း ထိုင်းအစိုးရထံမှ အထောက်အပံ့ မရသေး  

0
ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသော သျှမ်းပြည်သားမိဘ ၂ ပါးမှမွေးဖွားသည့် ဂျပန်နိုင်ငံမှ စက္ကူလေယာဉ်ပျံဆု ဆွတ်ခူးရရှိခဲ့သူ ထိုင်းနိုင်ငံဂုဏ်ဆောင် စိုင်းမောင် ထောင်းဒီးအား ပညာရေးတွင် Ph.D ပြီးသည်အထိ ကူညီထောက်ပံ့မှုပေးမည်ဖြစ်ပြီး ထိုင်းနိုင်ငံသားကတ်ထုတ်ပေးမည်ဟု ထိုစဉ်အစိုးရကပြောဆို ထားသော်လည်း ယနေ့တိုင် ခံစားခွင့်မရသေးကြောင်းသိရသည်။ လွန်ခဲ့သည့် ၁၀ နှစ်ခန့် အဖိဆစ် ဝေ့ချာချီဝ...