Wednesday, January 28, 2026

စက္ကူခေါက်လေယာဉ်ပစ်ချံပီယံ မြန်မာနိုင်ငံသား စိုင်းမောင် ထောင်းဒီး ၁၀ နှစ်ကြာပြီဖြစ်သော်လည်း ထိုင်းအစိုးရထံမှ အထောက်အပံ့ မရသေး  

ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသော သျှမ်းပြည်သားမိဘ ၂ ပါးမှမွေးဖွားသည့် ဂျပန်နိုင်ငံမှ စက္ကူလေယာဉ်ပျံဆု ဆွတ်ခူးရရှိခဲ့သူ ထိုင်းနိုင်ငံဂုဏ်ဆောင် စိုင်းမောင် ထောင်းဒီးအား ပညာရေးတွင် Ph.D ပြီးသည်အထိ ကူညီထောက်ပံ့မှုပေးမည်ဖြစ်ပြီး ထိုင်းနိုင်ငံသားကတ်ထုတ်ပေးမည်ဟု ထိုစဉ်အစိုးရကပြောဆို ထားသော်လည်း ယနေ့တိုင် ခံစားခွင့်မရသေးကြောင်းသိရသည်။

ထိုင်းနိုင်ငံဂုဏ်ဆောင် စက္ကူခေါက်လေယာဉ်ပစ်ချံပီယံ ကျောင်းသားလေး စိုင်းမောင် ထောင်းဒီး

လွန်ခဲ့သည့် ၁၀ နှစ်ခန့် အဖိဆစ် ဝေ့ချာချီဝ ထိုင်းအစိုးရလက်ထက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မူလတန်းကျောင်းသားလေး စိုင်းမောင် ထောင်းဒီး (သျှမ်းလူမျိုး) သည် ထိုင်းနိုင်ငံကျောင်းသားကိုယ်စားပြုကာ ဂျပန်နိုင်ငံ စက္ကူလေယာဉ်ပစ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမဆုနှင့်တတိယဆုများဆွတ်ခူးရရှိခဲ့သဖြင့် ထိုင်းနိုင်ငံဂုဏ်ဆောင်ခဲ့သူ ကျောင်းသားလေးအဖြစ် ထိုင်းအစိုးရသတ်မှတ်ကာ ထိုင်းကျောင်းသားလူငယ်များအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခဲ့သည်။ သို့သော်ပညာရေးထောက်ပံ့မှုတော့မရရှိခဲ့ဟု ဆိုပါသည်။

ဒီကနေ့အထိ ထူးခြားမှုတော့သိပ်မရှိလှဘူး။ ကျနော်အထိ အထက်တန်းကျောင်းတက်နေပါတယ်။ နောက် ၂ နှစ်ဆို အထက်တန်းပြီးတော့မှာပါ။ ကျောင်းပြီးရင်တော့ ရန်းဆစ် တက္ကသိုလ်မှာ ကျောင်းတက်ဖို့တော့ တက္ကသိုလ်က စာပို့လာတယ်။ သူတို့အစစအရာ ကူညီထောက်ပ့ံမှုပေးမယ်ပြောတယ်။ နိုင်ငံသားဖြစ်ခွင့်ကိစ္စတော့ဘာမှမထူးခြားဘူး။ ပညာသင်ထောက်ပံ့ကြေးလည်းမရပါဘူး။ ထိုင်းအစိုးရက ကျနော့်ကိုအခွင့်အလမ်းပေးသည်ဖြစ်စေမပေးသည်ဖြစ်စေ ကျနော်က တအားကြီးမျှော်လင့်ချက်မထားဘူး။ လူကြီးတွေ မျှော်လင့်ချက်ပေးထားတဲ့အတိုင်း မလုပ်ပေးတော့ ၀မ်းနည်းမိတာတော့အမှန်ပါဘဲ – ဟုသျှမ်းသံတော်ဆင့်အား ပြောဆိုသည်။

စိုင်းမောင်ထောင်းဒီးသည် ၁၉၉၇ ခုနှစ်တွင်မွေးဖွားပါသည်။ မိဘများမှာ သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်ဒေသခံ စိုင်းညွန့်နှင့် နန်းမွန်းတို့ဖြစ်ကြသည်။ ထိုင်းနိုင်ငံအတွင်း ကျောင်းတက် ပညာသင်ယူနေပြီး အသက် ၁၂ နှစ်အရွယ် မူလတန်းကျောင်းသားအရွယ်က ထိုင်းနိုင်ငံကိုကိုယ်စားပြုကာ ဂျပန်နိင်ငံ သို့ စက္ကူခေါက်လေယာဉ်သွားပစ်ပြိုင်ရာ ဆုရရှိလာခဲ့သည်။

စိုင်းမောင် ထောင်းဒီးသည် လက်ရှိတွင် အဝေးသင်အထက်တန်းကျောင်း (ကောဆော်နော) ဖြေဆိုရင်း ထိုင်းနိုင်ငံ Thai PBS ရုပ်သံသတင်းဌာန  ဒရုန်းလေယာဉ်ပိုင်းဆိုင်ရာဌာနတွင် အလုပ်လုပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 ထိုင်းရောက်သျှမ်းရွှေ့ပြောင်းအလုပ်သမား စိုင်းမောင်ထောင်းဒီး ၁၀ နှစ်တာကာလအတွင်း စက္ကူလေယာဉ်ပစ်ပြိုင်ပွဲ ချန်ပီယံထပ်မံဆွတ်ခူး  

0
ထိုင်းနိုင်ငံ၏ ၁၅ ကြိမ်မြောက် စက္ကူလေယာဉ်ပစ်ပြိုင်ပွဲတွင် သျှမ်းပြည်သားရွှေ့ပြောင်းအလုပ်သား စိုင်းမောင်ထောင်းဒီး ချမ်ပီယံဆု ထပ်မံဆွတ်ခူးရရှိခဲ့ပြီး ဂျပန်နိုင်ငံတွင် သွားရောက်ယှဉ်ပြိုင် ရန်စီစဉ်နေလျှက်ရှိကြောင်းသိရသည်။ ဩဂုတ်လ ၂၇ ရက်နေ့က ထိုင်းနိုင်ငံ နွန်းထာ့ပူရီခရိုင်တွင် ကျင်းပသော ၁၅ ကြိမ်မြောက်ထိုင်းနိုင်ငံ စက္ကူလေယာဉ်ပစ်ပြိုင်ပွဲတွင် စိုင်းမောင်ထောင်းဒီး ထပ်မံအနိုင်ရရှိကာ ချမ်ပီယံဆု ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပါသည်။ “ကျနော်အနိုင်ရမယ်လို့တောင်မထင် ဘူး။...

ရွှေ့ပြောင်း စက္ကူလေယာဉ်မင်းသား ထိုင်းနိုင်ငံသားကတ်ရရှိရေး ၀န်ကြီးချုပ်ဟောင်းအဘိဆစ် ထောက်ခံချက်ပေး

0
ဂျပန်နိုင်ငံ စက္ကူလေယာဉ်ပစ်ပြိုင်ပွဲတွင် အနိုင်ရရှိကာ ထိုင်းနိုင်ငံအတွက်ဆုများရရှိလာသည့် ထိုင်းနိုင်ငံရောက် သျှမ်းပြည်သားရွှေ့ပြောင်းအလုပ်သမားမိဘ ၏သား စိုင်းမောင်ထောင်းဒီးအား ထိုင်းနိုင်ငံသား မှတ်ပုံတင် ရရှိရေးအတွက် ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း အဘိဆစ် ဝေ့ချာချီဝ အပါအဝင် အစိုးရအဖွဲ့ဝင် ၀န်ကြီးဟောင်းများ က ထောက်ခံ စာများထုတ်ပေးလိုက်သည်။ သြဂုတ်လ ၉ ရက်နေ့က ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း ပရချားထိပတ်...