Tuesday, January 27, 2026

ထိုင်း မြန်မာ နယ်စပ် မူးယစ် သယ်ဆောင်သည့် အဖွဲ့နှင့် ထိုင်းရဲများ ပစ်ခတ်မှုဖြစ်ပွါး ၄ ဦးသေ

ထိုင်းနိုင်ငံအတွင်း မြောက်ပိုင်း ထိုင်းမြန်မာနယ်စပ်တွင် မူးယစ်ဆေးဝါး သယ်ဆောင်သည့်အဖွဲ့နှင့် ထိုင်း နိုင်ငံ နယ်စပ်လုံခြုံရေး တပ်ဖွဲ့တို့ ထိတွေ့မှုဖြစ်ပွါးကာ မူးယစ်ဆေးဝါးသယ်ဆောင်သူ ၄ ဦးသေဆုံးကြောင်းသိရသည်။

Photo Credit to Thairat- ထိုင်း မြန်မာ နယ်စပ် မူးယစ် သယ်ဆောင်သည့် အဖွဲ့နှင့် ထိုင်းရဲများ ပစ်ခတ် အိုက်စ်များဖမ်းဆီးရမိ

ဇူလိုင်လ ၂၄ ရက်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်း ခရိုင်၊ မယ့်ဖှာ့လုံ( Mae FaLong) မြို့နယ်အတွင်း တောတွင်း တနေရာသို့ ကျောပိုးအိတ်များဖြင့် လမ်းလျှောက်ဝင်လာသည့် အမျိုးသား ၁၅ ဦး အဖွဲ့ကို တွေ့ရှိသဖြင့် ထိုင်းနိုင်ငံ လုံခြံုရေး အဖွဲ့ မှ ရှာဖွေစစ်ဆေးရန် တားဆီးရာမှ ထိုသို့ ပစ်ခတ်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၄င်းတို့သည် ၁၅ မိနစ်ခန့်အကြာ အပြန်အလှန်ပစ်ခတ်ခဲ့ပြီးနောက်ပိုင်း မူးယစ်သယ်ဆောင်သည့်အဖွဲ့မှ ၄ ီ ဦး သေဆုံးခဲ့ပြီး တခြား အဖွဲ့ဝင်များ ထွက်ပြေး လွှတ်မြောက်သွားကြောင်း ထိုင်းနယ်စပ်ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါသေဆုံးသူ ၄ ဦးမှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း ထိုင်းသတင်းများတွင်ရေးသားဖော်ပြထားသည်။

ထို ပစ်ခတ်မှု ဖြစ်ပွါးသည့်နေရာတွင် AK 47 ရိုင်ဖယ် တလက်၊ အိုက်စ် (၂၀) ကီလို ဂရမ် ကို ထိုင်းရဲများ သိမ်းဆည်းရမိခဲ့ပြီး ထွက်ပြေးလွှတ်မြောက်နေသူများအား မြန်မာ နယ်စပ် တလျှောက် တွင် ထိုင်းတပ်ဖွဲ့ များက ပိုက်စိပ်တိုက် ရှာဖွေ နေကြောင်း မယ့်ဖှာ့လုံတွင်နေထိုင်သည့်ဒေသခံများပြောပြချက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

ထိုင်း-မြန်မာနယ်စပ်မှ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ငါးသန်းကျော်ကို ချင်းမိုင်ခရိုင်တွင် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ့်တျန် (Mae Taeng) မြို့နယ်တွင် စိတ်ကြွဆေးပြား ငါးသန်းနှစ်သိန်း (၅,၂၀၀,၀၀၀) ပြားကို လူငယ် ၃ ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် နံနက် ၂ နာရီကျော်အချိန်တွင် ချင်းမိုင်ခရိုင် မယ့်တျန်...

UWSA က မူးယစ်မှောင်ခိုဂိုဏ်းကို နှိမ်နှင်းပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ တရုတ်ထံ လွှဲပြောင်းပေးဟုဆို

0
တရုတ်နိုင်ငံထဲ မူးယစ်ဆေးဝါး ခိုးသွင်းရန် ကြိုးပမ်းခဲ့သည့် မူးယစ်မှောင်ခိုဂိုဏ်းကို ‘ဝ’တပ်ဖွဲ့ UWSA မှ နှိမ်နှင်းပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းသိရသည်။ ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသအတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများတွင် စိတ်ကြွဆေး၊ ဘိန်း၊ ဘိန်းဖြူ စသဖြင့် (၇၅၀) ကီလိုဂရမ်ကျော်၊...

မူးယစ်ဆေးဝါးကိစ္စ UWSA ကို စစ်ကောင်စီ မဖြေရှင်းနိုင်ပါက ထိုင်းကိုယ်တိုင်ဖြေရှင်းရန် တောင်းဆိုမည်ဟု သက်ဆင်ပြော

0
သျှမ်းပြည်တွင် အခြေစိုက်ပြီး ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေသည့် ‘ဝ’တပ်ဖွဲ့ UWSA နှင့် ဆက်နွှယ်နေသော မူးယစ်ဂိုဏ်းများကို နှိမ်နှင်းရန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်မှ တိုက်တွန်းတောင်းဆိုလိုက်သည်။ ယနေ့ (မေလ ၂၇ ရက်) တွင် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ချုပ် (ONCB) တွင် ပြုလုပ်သည့်...

ဓာတ်ပုံဟောင်းကိုအသုံးပြုပြီး TNLA ၏မူးယစ်းဆေးဝါးတွေကို PDF ကဖမ်းဆီးရမိဟု သတင်းအမှားဖြန့်

0
ဓာတ်ပုံဟောင်းကို အသုံးပြုပြီး တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၏ စစ်ဦးစီးချုပ် ဒုဗိုလ်မှူးကြီး တာဟိုပလန်၏ သိန်းပေါင်း ငါးသောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ပြည်သူ့ကာကွယ်ရေးတပ် PDF က ဖမ်းဆီးရမိကြောင်း သတင်းအမှားဖြန့်ချိနေပါသည်။ ဆိုင်းလိတ် (နာမည်) ဆိုသည့် လူမှုကွန်ရက်အကောင့်တစ်ခုမှ “TNLA တာဟိုပလန်ရဲ့ သိန်းပေါင်းငါးသောင်းကျော်...