တောင်ကြီးမြို့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်သူလုထု ထောက်ခံပွဲ ဒုတိယအကြိမ် ကျင်းပ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်သူလုထု ထောက်ခံပွဲကို တောင်ကြီးမြို့ တွင် ပြုလုပ်ရာ ဗိုလ်ချုပ်အောင်ဆန်းလမ်း (မင်းကျောင်းရှေ့)မှ ဗိုလ်ချုပ်ပန်းခြံ အထိချီတက် ခဲ့ကြကြောင်းသိရသည်။

Photo by SHAN- တောင်ကြီးမြို့တွင် ယနေ့ကျင်းပသော ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လူထုထောက်ခံပွဲ

ဇူလိုင်လ ၁၇ ရက် ယနေ့မနက်ပိုင်းက ပြုလုပ်သော ယင်းထောက်ခံပွဲအတွက် လမ်းလျှောက်ချီတက်ခြင်းအခမ်းအနားသို့ တောင်ကြီးမြို့နယ်ဒေသခံပြည်သူလုထု ၃၀၀ ကျော် တက်ရောက်ခဲ့ပြီး ကလောမြို့နှင့် တောင်ကြီးအနီးတစ်ဝိုက်ကျေးရွာအချို့မှ ပြည်သူလူထုများပါ၀င်ပူးပေါင်းခဲ့ကြောင်းသိရသည် ။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာဆိုရင် ကျနော်တို့ပြည်သူလူထုဆန္ဒတွေ မပါပဲရေးဆွဲထားတဲ့ ဥပဒေဖြစ်တဲ့ အတွက် အခုပြင်ဆင်ဖို့ ကြိုးစားနေပြီ။ လွှတ်တော်ဖက်ကလည်းကြိုးစားနေတာတွေ့တယ်။ တောင်ကြီးမြို့မှာရှိတဲ့ပြည် သူတွေကလည်း ဒီဥပဒေပြင်ဆင်ရေးကို အထူးစိတ်ဝင်စားတဲ့အတွက် ဒီပွဲကို ပြုလုပ်ရခြင်းဖြစ် တယ် ”ဟု ထောက်ခံပွဲတွင်ဦးဆောင်ကော်မတီဝင် တရားဥပဒေစိုးမိုးရေးကွန်ရက် မှ ကိုဝင်းနိုင်စိုး ပြောသည် ။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD အစိုးရမှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပ ဒေပြင်ဆင်ရေးနှင့် ပတ်သက်၍မဲဆွယ်ကာလတွင် ကတိကဝတ်ပေးခဲ့ပြီး ၄င်း အစိုးရ သက်တမ်း ၃ နှစ်ကျော်ရှိလာ သည့်တိုင်အောင် ပြင်ဆင်နိုင် ခြင်းမရှိ်သေးသည့် အပေါ် ထောက်ခံပွဲကျင်းပရေးဦးဆောင်ကော်မတီဝင် ကိုနန္ဒကြယ်စင် က –

“ အားလုံးသိတဲ့ အတိုင်းပဲမြန်မာနိုင်ငံရဲ့ ၂၀၀၈ အခြေခံဥပဒေဟာ ကမ္ဘာ မှာပြင်ရအခက်ဆုံး သော ဖွဲ့စည်းပုံထဲမှာ ပါနေတယ် ၊ အချိန်ယူကြိုး စားပြီး လုပ်ဆောင်နေတယ် ၊ အခုဆိုရင် ပြည်ထောင်စုလွတ်တော်ထဲမှာ ၄၅ ဦးကော်မတီကိုဖွဲ့တယ်။ သူတို့ပြင်ဖို့အတွက်လုပ်နေတယ် ။ သူတို့အစီရင်ခံစာ တောင်ထွက်နေပါပြီ။ ပြည်သူဖက်က စိတ်ရှည်ရှည်နဲ့သူတို့ဦးဆောင်မှု နောက် က ထောက်ခံအားပေးဖို့လိုအပ်မယ်လို့ကျတော်ထင်ပါတယ် ” သုံးသပ်ပြောဆိုသည် ။

တောင်ကြီးမြို့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်သူလုထု ထောက်ခံပွဲ နှင့်ပတ်သက်၍ ပြီးခဲ့သည့် မတ်လ တွင် တစ်ကြိမ်နှင့် ယခုတစ်ကြိမ် ၊ ယခုနှစ်အတွင်း စုစုပေါင်း ၂ ကြိမ်မြောက်ကျင်းပခဲ့ပြီးဖြစ်သည် ။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE