Tuesday, January 27, 2026

တောင်ကြီးနှင့် ကလောမြို့နယ် ကြိုတင်မဲ ကြံ့ခိုင်ရေးပါတီ အပြတ်အသတ် အနိုင်ရ

သျှမ်းတောင်၊ တောင်ကြီးမြို့နယ်နှင့် ကလောမြို့နယ်တို့တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က ကြိုတင်မဲများ ရေတွက်ရာ ကြံ့ခိုင်ရေးပါတီက မဲထောင်ချီ အပြတ်အသတ် အနိုင်ရရှိကြောင်း သတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

စစ်တပ် ပြုလုပ်သည့် ရွေးကောက်ပွဲ ကြိုတင်မဲများကို ရေတွက်ရာ တောင်ကြီးမြို့နယ်တွင် ပြည်သူ့လွှတ်တော် နေရာ အတွက် ကြံ့ခိုင်ရေး ၂၃၄၄၊ ကျားဖြူ ၁၁၊ PNO ပြည်သူ့စစ် ၁၄ နှင့် ပြည်သူ့ပါတီ ၄ မဲ၊ အမျိုးသား လွှတ်တော် နေရာ အတွက် ကြံ့ခိုင်ရေး ၁၃၃၆၊ ကျားဖြူ ၁၁၊ PNO ပြည်သူ့စစ် ၃၃ နှင့် ပြည်သူ့ပါတီ ၄ မဲ၊ ပြည်နယ် လွှတ်တော် နေရာ အတွက် ကြံ့ခိုင်ရေး ၂၃၂၀၊ ကျားဖြူ ၁၁၊ PNO ပြည်သူ့စစ် ၁၄ နှင့် ပြည်သူ့ပါတီ ၆ မဲ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

အလားတူ ကလောမြို့နယ်အတွက် ကြိုတင်မဲများ ရေတွက်ရာ ပြည်သူ့လွှတ်တော် နေရာ အတွက် ကြံ့ခိုင်ရေး ၂၀၇၈၊ ကျားဖြူ ၈၊ PNO ပြည်သူ့စစ် ၁၉ ၊ ppp ၄ မဲ၊ တောင်သူလယ်သမား ဖွံဖြိုးတိုးတက်ရေးပါတီ ၇ မဲ၊ အမျိုးသား လွှတ်တော် နေရာ အတွက် ကြံ့ခိုင်ရေး ၂၀၇၈၊ ဓနု ၁၆၊ ကျားဖြူ ၄၊ PNO ပြည်သူ့စစ် ၁၂ နှင့် ပြည်သူ့ပါတီ ၄ မဲ၊ ပြည်နယ် လွှတ်တော် နေရာ အတွက် ကြံ့ခိုင်ရေး ၂၀၆၈၊ ဓနု ၂၂၊ ကျားဖြူ ၆၊ PNO ပြည်သူ့စစ် ၁၀ နှင့် PPP ၅ မဲ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

စစ်တပ်နှင့် စစ်ကောင်စီ ဝန်ထမ်း အများစု မဲပေးသည့် ကြိုတင်မဲ ရလဒ်များအရ ကြံ့ခိုင်ရေးပါတီ အပြတ်အသတ် အနိုင်ရရှိနေမှုနှင့် ပတ်သက်၍ “ဒါက မျှော်လင့်ထားပြီးသားပါ။ နောက်ဆုံး ရလဒ်တွေကို စောင့်ကြည့်ပါအုံး။ သျှမ်းတောင် တချို့နေရာတွေ ကျနော်တို့ နိုင်မှာပါ” ဟု ကျားဖြူပါတီ အမတ်လောင်း တဦးက မှတ်ချက်ပြု ပြောသည်။

လက်ရှိ ကြိုတင်မဲ ရလဒ်များအရ တောင်ကြီးမြို့နယ်တွင် အနိုင်ရရန် ရေပန်းစားနေသည့် PNO ပြည်သူ့စစ်နှင့် ကလောမြို့နယ်တွင် အနိုင်ရရန် ကြိုးစားနေသည့် ဓနုပါတီတို့ အခြေမလှ ဖြစ်နေသည်ကိုလည်း တွေ့ရသည်။

အပိုင်း (၃) ပိုင်းခွဲ ကျင်းပမည့် စစ်ကောင်စီ ရွေးကောက်ပွဲ ပထမပိုင်း အတွက် မနက်ဖြန် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင် မဲပေးရမည် ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...

စစ်မှုထမ်းရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဒေသခံများထံ သိန်းရာချီကောက်ခံပြီး လူဝယ်ထည့်ရ

0
သျှမ်းပြည် မြို့နယ်အချို့၌ စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် လူသစ်စုဆောင်းရာတွင် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် လူစားထိုးရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ပွဲစားများမှတစ်ဆင့် ချိတ်ဆက် ဝယ်ယူနေရကြောင်း ဒေသခံများက ပြောသည်။ စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် လူသစ်စုဆောင်းမှုများကို ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစ၍ တောင်ကြီး၊...

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

မိုင်းပန်-မိုင်းတုံကြား သံလွင်တံတားသစ်(တာဆန်း)ကို စစ်ခေါင်းဆောင် လာရောက်ဖွင့်လှစ်

0
သျှမ်းပြည် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြား အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား(တာဆန်း) ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၀ ရက်) နံနက် ၁၁ နာရီခွဲတွင် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြားရှိ သံလွင်မြစ်ပေါ်တွင် အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား(တာဆန်း) ကို...