အေးသာယာ ရပ်ကွက် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းမဲပေါက်သူထံ ပိုက်ဆံယူပြီး မဲမပေါက် လူငယ်ကို အစားထိုးခေါ်ထည့်

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အေးသာယာမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ စစ်မှုထမ်းမဲပေါက်သူထံ ပိုက်ဆံယူပြီး မဲမပေါက်သည့် လူငယ်ကို လူစားထိုးခေါ်ထည့် နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စပြီး စစ်မှုထမ်း အမှတ်စဉ် (၁၅)အတွက် အေးသာယာတွင် မဲနှိုက် နယ်မြေ (၈) (က) ရပ်ကွက်တွင် သုံးဦးမဲပေါက်ပြီး မဲပေါက်သူ တစ်ဦးမှ စစ်မှုမထမ်းလိုသည့်အတွက် အုပ်ချုပ်ရေးမှူးကို ငွေကျပ်သိန်း(၆၀)ပေးခဲ့သည်။

သို့သော် အုပ်ချုပ်ရေးမှူးက ၎င်းငွေကိုယူပြီ မဲမပေါက်သည့် လူငယ်ကို အစားထိုး ခေါ်ထည့် ခဲ့ကြောင်း ဖြစ်စဉ် သိရှိသူ တစ်ဦးထံမှ သိရသည်။

“ရပ်ကွက်မှာ မဲနှိုက်တော့ သုံးယောက်မဲပေါက်တယ်။ အဲဒါကို မဲမပေါက်တဲ့ လူငယ်တစ်ယောက်ကို အုပ်ချုပ်ရေးမှူးက စာရင်းပါတယ် ဘာညာ ပြောပြီး လာခေါ်သွားတယ်။ ကောင်လေးရဲ့အဒေါ်တွေက တောင်ကြီးထွေအုပ်အထိ တက်ပေမဲ့ မရလိုက်ဘူး။ အေးသာယာ အုပ်ကြီးက စာရင်းကို မပေးဘဲ နေ့ရွှေ့ညရွှေ့လုပ်နေတာ ။နောက်မှ မဲပေါက်တဲ့ မိသားစုက အုပ်ကြီးကို သိန်း (၆၀) ပေးတာ သိရတာ။”ဟု အဆိုပါ အမျိုးသားက ပြောသည်။

လူစားထိုးထည့်ခံရသည့် လူငယ်မှာ အသက် (၂၁)နှစ်အရွယ်ဖြစ်ပြီး မိဘမရှိဘဲ အဒေါ်တွေနှင့် နေထိုင်သူဖြစ်ကာ ပြီးခဲ့သည့် ဇူလိုင်လ (၆)ရက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီတပ်သားများက လာရောက်ခေါ်ဆောင်သွားကြောင်း ၎င်းက ဆက်ပြောသည်။

ထိုသို့ စစ်မှုထမ်းများကို လူစားထိုးထည့်နေသည်မှာ လူသားအရင်းမြစ်တွေကို ပြုန်းတီးစေပြီး ငွေရှိသည့် သူများသာ ကင်းလွတ်ခွင့်ရ၍ ငွေမရှိသည့် သူများသာလျှင် အသုံးချခံဖြစ်နေရကြောင်း အသက် (၃၀)အရွယ် အမျိုးသားတစ်ဉီး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တခြားရပ်ကွက်တွေတော့ ဘယ်နှယောက်မဲပေါက်တာလဲ တော့မသိပါဘူး။ အခု ပိုက်ဆံရှိတဲ့ သားသမီးတွေက မဲပေါက်ရင် သူတို့က ငွေရှိတော့ လွှတ်တယ်။ လူသားအရင်းမြစ်တွေလည်း ဖြုန်းတယ်။ ငွေရှိတဲ့သူပဲ ကျန်ပြီး ငွေမရှိတဲ့သူကတော့ စစ်မှုထမ်းထဲ အစားထိုးခံကြရတာ။ ပိုက်ဆံမရှိတဲ့သူတွေကတော့ ဘယ်နေ့ အဆွဲခံရမလဲ စိုးရိမ်နေကြတာ။” ဟု ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ်မှ စတင်ပြီး တောင်ကြီးမြို့တွင် အမှတ်(၁၅) ပြည်သူ့စစ်မှုထမ်းအတွက် မဲနှိုက်ခေါ်ယူနေပြီး၊ ပြည်သူ့စစ်မှုထမ်းရန် အလှည့်ကျသူများ စစ်မှုမထမ်းချင်ပါက တသက်သာ ရှောင်ရှားခွင့်ဟုဆိုပြီး ငွေကျပ်(၈၀)ပေးရမည်ဟု စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကောက်ခံနေကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လ (၂၀)ရက်တွင်လည်း စဝ်စံထွန်းရပ်ကွက် ကရင်မရေထွက် နယ်မြေ ၁၆ တွင် စစ်ကောင်စီ လက်အောက်ခံ ရဲနှင့် အုပ်ချုပ်ရေးမှူး တို့က ဧည့်စာရင်းစစ်မည်ဟုဆို၍ လူငယ် (၁၀) ဦးကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

ညောင်ရွှေ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူး ပေါင်းပြီး ဟိုတယ်နှင့် တည်းခိုခန်းထဲထိ ပေါ်တာဆွဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူး တို့ ပူးပေါင်း၍ ဟိုတယ်နှင့် တည်းခိုခန်းသို့ လာရောက်တည်းခိုသူများကို ပေါ်တာဆွဲနေကြောင်း သတင်းရရှိသည်။​ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် ညောင်ရွှေမြို့သို့ရောက်လာသည့် ဧည့်သည်အမျိုးသားနှစ်ဉီးကို စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူးတို့က မနက် အစော တနာရီအချိန်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထို့သို့...

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...