တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာ မကြုံစဖူး တောင်ကျရေကြောင့်နေအိမ်ထဲထိ ရေဝင်

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာတွင် မကြုံစဖူး တောင်ကျရေကြောင့် နေအိမ်ထဲထိ ရေများဝင်ရောက်ပြီး ပျက်စီးမှုများစွာ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်တွင် တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများသည် မကြုံစဖူး နေအိမ်ထဲထိ ရုတ်တရက်ဝင်ရောက်ပြီး လမ်းများတွင် ကျောက်တုံး၊ သစ်တုံးနှင့် ရွှံ့နွံများ ဖုံလွှမ်းကာ ယနေ့အချိန်ထိ တောင်ကျရေ စီးဆင်းနေသေးကြောင်း ကျောက်နီကျေးရွာ ဒေသခံအမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တစ်ရက်ကို ၃ နာရီလောက် မိုးသည်းလိုက်တာနဲ့ တောင်ကျရေတွေက ရွာထဲ အရှိန်နဲ့ ဆင်းလာတယ်၊ အိမ်ထဲထိပါ ဝင်တယ်။ အဲ့ရေစီးအားနဲ့အတူ ရွှံ့တွေ ကျောက်တုံးတွေပါတော့ လမ်းတွေ အိမ်တွေ ပျက်စီးကုန်တာပေါ့။ ရေကျသွားရင်တော့ အိမ်ထဲ ရွှံ့နွံကျန်မယ်။ စပါးတွေ ထည့်ထားတဲ့ အိတ်တွေလည်း ဘာမှ ရစရာမရှိ ရေစိုကုန်ပြီ” ဟု ၎င်းအမျိုးသမီးက ပြောဆိုသည်။

တောင်ကျရေစီးသန်မှုကြောင့် စပါးခင်းများလည်း ရေမြှုပ်ပြီး ပျက်စီးသွားကြောင်း သိရသည်။

တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာတွင် ယခုကဲ့သို့ တကြိမ်တခါမျှ မကြုံဖူးသည့် တောင်ကျချောင်းရေ စီးဆင်းမှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း၊ ထိုကဲ့သို့ ဖြစ်ခြင်းသည် သစ်တောပြုန်းတီးမှုကြောင့်ဟု အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဉီး မှတ်ချက်ပြုသည်။

“အဓိက ဒီလိုဖြစ်ရတာက သစ်တောပြုန်းတီးလို့ ထင်တယ်။ တောင်ပေါ်မှာက သစ်ပင်တွေ မရှိတော့ ရေတွေက အားပြင်းပြင်းနဲ့ စီးဆင်းလာကြတာ။ အရင်နှစ်က အဲ့လောက်မဆိုးဘူး၊ ဒီနှစ်တော့ ပိုဆိုးတယ်။ ဒေသခံတွေက တောင်ယာ ချဲ့ထွင်လာတာနဲ့အမျှ သစ်ပင်တွေ မထိန်းသိမ်းနိုင်တော့ရင် ဒါမျိုး တောင်ကျရေတွေ ဝင်တာ ဆက်ဖြစ်နေဦးမှာ”ဟု ၎င်း အမျိုးသမီးက ဆိုသည်။

ယခုလက်ရှိ ကျောက်နီကျေးရွာတွင် လမ်းပန်းဆက်သွယ် သွားလာရေးအတွက် ကိုယ်ထူကိုယ်ထ လမ်းများ ပြုပြင်နေရပြီး အလှူရှင်များနှင့် လုပ်အားပေးကူသူများလည်း လိုအပ်နေကြောင်း သိရသည်။

Banner

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းတွင် တောင်ကြီးမြို့နယ် အပါအဝင် ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ရေကြီးရေလျှံ ဖြစ်ပေါ်ခဲ့ပြီး စပါးခင်း ဧကများစွာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...

အေးသာယာတွင် စစ်မှုထမ်းဥပဒေ အကြောင်းပြ ငွေကြေးနှစ်ထပ်ကောက်ခံနေ

0
သျှမ်းပြည် တောင်ကြီးမြို့နယ် အေးသာယာမြို့သစ်တွင် စစ်မှုထမ်းဥပဒေအတွက်ဟုဆိုကာ ငွေကြေးကော်ခံရာ၌ အိမ်ထောင်ခွဲသွားသူများကို နှစ်နေရာခွဲ၍ ငွေတောင်းခံနေသဖြင့် ဒေသခံများ အခက်တွေ့နေရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ အေးသယာမြို့ရှိ ရပ်ကွက်အချို့တွင် အိမ်ထောင်စုရင်းဝင် သားသမီးများ အိမ်ထောင်ခွဲသွားသော်လည်း မူလမိဘနေအိမ်တွင် တစ်ကြိမ်၊ အိမ်ထောင်ကျရာ ရပ်ကွက်/ ကျေးရွာတွင် တစ်ကြိမ် စုစုပေါင်း နှစ်နေရာအတွက်...

ပင်လောင်းတွင် တောင်ကျရေ ရုတ်တရက်စီးဆင်းမှုကြောင့် စိုက်ခင်းများ ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးကုန်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ မေလ (၂၁)ရက်တွင် ပင်လောင်းမြို့နယ် အပါအဝင် သျှမ်းတောင်တွင် မိုးများရွာသွန်းခဲ့ပြီးနောက် နောင်ပီကျေးရွာတွင် တောင်ကျရေများ ရုတ်တရက်ကျဆင်းကာ ကော်ဖီထုတ်စိုက်ခင်း၊ ပြောင်းစိုက်ခင်းနှင့် ခရမ်းချဉ်စိုက်ခင်းများသို့ ရေဝင်လာသဖြင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံး သွားခဲ့ရသည်။ ထိုသို့ သဘာဝဘေးကြုံတွေ့မှုကြောင့်...