အေးသာယာတွင် စစ်မှုထမ်းဥပဒေ အကြောင်းပြ ငွေကြေးနှစ်ထပ်ကောက်ခံနေ

သျှမ်းပြည် တောင်ကြီးမြို့နယ် အေးသာယာမြို့သစ်တွင် စစ်မှုထမ်းဥပဒေအတွက်ဟုဆိုကာ ငွေကြေးကော်ခံရာ၌ အိမ်ထောင်ခွဲသွားသူများကို နှစ်နေရာခွဲ၍ ငွေတောင်းခံနေသဖြင့် ဒေသခံများ အခက်တွေ့နေရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

အေးသယာမြို့ရှိ ရပ်ကွက်အချို့တွင် အိမ်ထောင်စုရင်းဝင် သားသမီးများ အိမ်ထောင်ခွဲသွားသော်လည်း မူလမိဘနေအိမ်တွင် တစ်ကြိမ်၊ အိမ်ထောင်ကျရာ ရပ်ကွက်/ ကျေးရွာတွင် တစ်ကြိမ် စုစုပေါင်း နှစ်နေရာအတွက် ငွေကြေးပေးဆောင်နေရကြောင်း အေးသာယာမြို့ခံတစ်ဦးက ပြောသည်။

“ကျနော် သားအကြီးဆုံးက မြောက်ဘက်ရွာမှာ အိမ်ထောင်ကျတာ။ အဲ့ဒါ စစ်မှုထမ်းကြေးကို နှစ်နေရာ ပေးရတာ။ အိမ်မှာရော အဲ့မှာရော ပေးရတာ။ အခု စစ်မှုထမ်းကြေးက ငါးသောင်းလေ။ ဒီမှာ ငါးသောင်း ဟိုမှာ ငါးသောင်းဆို တစ်သိန်း ဖြစ်သွားတာပေါ့” ဟု အေးသယာမြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် အေးသာယာအတွင်းရှိ ရပ်ကွက်အလိုက် တစ်အိမ်ထောင်လျှင် အနည်းဆုံး ကျပ်ငါးသောင်းမှ စတင်ကာ လစဉ်ကြေး ကောက်ခံမှုများ ရှိနေပြီး ယင်းပမာဏမှာ အခြေခံလက်လုပ်လက်စား မိသားစုများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေကြောင်း ၎င်းက ပြောသည်။

ထိုသို့ မတရားသဖြင့် နှစ်ကြိမ်ကေက်ခံမှုအပေါ် ဒေသခံများက မကျေနပ်သော်လည်း အုပ်ချုပ်ရေးပိုင်း၏ အရေးယူမှုကို ကြောက်ရွံ့သဖြင့် နှုတ်ပိတ်နေကြရကြောင်း သိရသည်။

“ကိုယ်က မကျနပ်လို့ ပြောလိုက်ရင် ကိုယ့်ကို ဒုက္ခပေးမှာကို ကြောက်ရသေးတယ်။ သူတို့က ကူညီမှာ မဟုတ်ဘူး” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ၌ စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းရှိ ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းရန် လူးစားထိုးခ သို့မဟုတ် ကင်းလွတ်ခွင့်ဟုဆိုကာ ငွေကြေးများကို ကိုယ်တိုင်သတ်မှတ်၍ ကောက်ခံနေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စစ်မှုထမ်းဥပဒေအရ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်ဖြစ်ကာ အမျိုးသားအနေဖြင့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ် မပြည့်မီအထိ သတ်မှတ်ထားပြီး အမျိုးသမီးများအနေဖြင့် အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အထိ သတ်မှတ်ထားသည်။

စစ်မှုထမ်း အပတ်စဉ်တစ်ခုလျှင် သင်တန်းသား ၅,၀၀၀ နှုန်းဖြင့် ၂၀၂၆ ခုနှစ် မေလ ၂၅ ရက်နေ့အထိ စစ်မှုထမ်းစဉ် ၂၅ ကြိမ် ဖွင့်လှစ်ထားပြီးဖြစ်ရာ အဆိုပါ ကိန်းဂဏန်းအတိုင်းသာဆိုလျှင် စစ်တပ်က ၂ နှစ်ကျော်အတွင်း စစ်သားသစ် ၁၂၅,၀၀၀ (တစ်သိန်းနှစ်သောင်းငါးထောင်) စုဆောင်းနိုင်ခဲ့ပြီ ဖြစ်သည်။

စစ်မှုထမ်းဥပဒေအရ ၂ နှစ်ပြည့်မြောက်သည့် တပ်သားများကို နေရပ်ပြန်ခွင့်ပေးနေပြီဟု စစ်ကော်မရှင်ဘက်က ဝါဒဖြန့်နေသော်လည်း အမှန်တကယ် သင်တန်းခဲ့သည့် အင်အား ၅,၀၀၀ ကျော်အနက် ၂,၀၀၀ ဝန်းကျင်သာ နေရပ်ပြန်လာနိုင်ကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ၏ အစီရင်ခံစာအရ သိရသည်။

ကျန်ရှိနေသည့် လူငယ် ၃,၀၀၀ ကျော်မှာ စစ်မြေပြင်တွင် သေဆုံးခြင်း၊ ပျောက်ဆုံးခြင်း၊ ဖမ်းဆီးခံရခြင်း သို့မဟုတ် တော်လှန်ရေးအဖွဲ့များထံ ဘက်ပြောင်းခိုလှုံခြင်းများကြောင့် ပြုန်းတီးသွားခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် စစ်မှုထမ်းအပတ်စဉ် တစ်ခုစီတိုင်းတွင် ၇၀ မှ ၈၀ ရာခိုင်နှုန်းအထိမှာ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရသူများ ဖြစ်ကြောင်း ဆိုသည်။

စစ်မှုထမ်းဆောင်စဉ် သေဆုံး သို့မဟုတ် ပျောက်ဆုံးသွားသည့် လူငယ်များအတွက် ၎င်းတို့၏ မိသားစုများထံ အကြောင်းကြားခြင်းမျိုး မရှိသည့်အတွက် မိဘများမှာ သားသမီးများ၏ ကံကြမ္မာကို မသိရှိဘဲ စိုးရိမ်သောက ရောက်နေကြရကြောင်း MDSI က ထောက်ပြသည်။

လက်ရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၀ ကျော်အထိ တွက်ချက်ပါက အိမ်မပြန်နိုင်တော့သည့် လူငယ်ဦးရေမှာ ၅၀,၀၀၀ မှ ၆၀,၀၀၀ အထိ ရှိလာနိုင်ကြောင်း သတိပေးထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးနှင့် ကလောမြို့နယ် ကြိုတင်မဲ ကြံ့ခိုင်ရေးပါတီ အပြတ်အသတ် အနိုင်ရ

0
သျှမ်းတောင်၊ တောင်ကြီးမြို့နယ်နှင့် ကလောမြို့နယ်တို့တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က ကြိုတင်မဲများ ရေတွက်ရာ ကြံ့ခိုင်ရေးပါတီက မဲထောင်ချီ အပြတ်အသတ် အနိုင်ရရှိကြောင်း သတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။ စစ်တပ် ပြုလုပ်သည့် ရွေးကောက်ပွဲ ကြိုတင်မဲများကို ရေတွက်ရာ တောင်ကြီးမြို့နယ်တွင် ပြည်သူ့လွှတ်တော် နေရာ အတွက်...

တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာ မကြုံစဖူး တောင်ကျရေကြောင့်နေအိမ်ထဲထိ ရေဝင်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာတွင် မကြုံစဖူး တောင်ကျရေကြောင့် နေအိမ်ထဲထိ ရေများဝင်ရောက်ပြီး ပျက်စီးမှုများစွာ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်တွင် တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများသည် မကြုံစဖူး နေအိမ်ထဲထိ ရုတ်တရက်ဝင်ရောက်ပြီး လမ်းများတွင် ကျောက်တုံး၊ သစ်တုံးနှင့်...

အေးသာယာ ရပ်ကွက် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းမဲပေါက်သူထံ ပိုက်ဆံယူပြီး မဲမပေါက် လူငယ်ကို အစားထိုးခေါ်ထည့်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အေးသာယာမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ စစ်မှုထမ်းမဲပေါက်သူထံ ပိုက်ဆံယူပြီး မဲမပေါက်သည့် လူငယ်ကို လူစားထိုးခေါ်ထည့် နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စပြီး စစ်မှုထမ်း အမှတ်စဉ် (၁၅)အတွက် အေးသာယာတွင် မဲနှိုက် နယ်မြေ (၈) (က) ရပ်ကွက်တွင် သုံးဦးမဲပေါက်ပြီး...

တောင်ကြီးမြို့နယ် ကျောက်နီအုပ်စုတွင် ကျေးရွာပိုင်စားကျက်မြေများကို စစ်တပ်သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာအုပ်စုရှိ ကျေးရွာပိုင် စားကျက်မြေများကို စစ်ကောင်စီတပ်မှ သိမ်းဆည်းလိုက်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ အဆိုပါ သိမ်းဆည်းခံရသည့် စားကျက်မြေများသည် တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာ၊ ရေပူကျေးရွာနှင့် သရက်ပင်လှကျေးရွာ စသည့် ကျေးရွာများမှ ပိုင်ဆိုင်သည့် စားကျက်မြေများ ဖြစ်ခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီတပ်မှ သိမ်းဆည်းလိုက်ခြင်းကြောင့်...

စစ်မှုထမ်းသည့်ကာအတွင်း အလုပ်သမားအတွက် လုပ်ခလစာ ပေးရမည့်ကိစ္စ လုပ်ငန်းရှင်းများ ခေါင်းကိုက်နေ

0
အမျိုးသားများသာ မက အမျိုးသမီးငယ်များပါ စစ်မှုထမ်းရတော့မည့် ပြည်သူ့စစ်မှုထမ်း နည်းဥပဒေကို ယမန်နေ့ (ဇန်နဝါရီလ ၂၃ ရက်) နေ့စွဲဖြင့် စစ်ကောင်စီက ထုတ်ပြန်လိုက်ရာ ယင်းနည်းဥပဒေ ပုဒ်မ (၄၄) နှင့် (၄၅) ပါ ပြဌာန်းချက်များကြောင့် လုပ်ငန်းရှင်များ ခေါင်းကိုက်နေရကြောင်း ရန်ကုန်မြို့၊ လှိုင်သာယာ...