တောင်ကြီးမြို့နယ် ကျောက်နီအုပ်စုတွင် ကျေးရွာပိုင်စားကျက်မြေများကို စစ်တပ်သိမ်းဆည်း

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာအုပ်စုရှိ ကျေးရွာပိုင် စားကျက်မြေများကို စစ်ကောင်စီတပ်မှ သိမ်းဆည်းလိုက်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ သိမ်းဆည်းခံရသည့် စားကျက်မြေများသည် တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာ၊ ရေပူကျေးရွာနှင့် သရက်ပင်လှကျေးရွာ စသည့် ကျေးရွာများမှ ပိုင်ဆိုင်သည့် စားကျက်မြေများ ဖြစ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီတပ်မှ သိမ်းဆည်းလိုက်ခြင်းကြောင့် ထိုကျေးရွာများတွင်ရှိသည့် ကျွဲနွား တိရစ္ဆာန်များအတွက် စားကျက်မြေများ မရှိတော့ဘဲ ပိုင်ဆိုင်ထားသည့် ကျွဲနွားများ ရောင်းချလိုက်ရကြောင်း ဒေသခံများကပြောသည်။

“စားကျက်မြေကို သူတို့လာသိမ်းတော့ ကျနော်တို့ နွားတွေက စားစရာမရှိ၊ နွားလွှတ်ဖို့ နေရာမရှိဆိုတော့ ရောင်းလိုက်ကုန်ပြီ။ အိမ်မှာ နွား (၁၀)ကောင်တောင်ရှိတာ အကုန်ရောင်းလိုက်ပြီ။ ခုတော့ အဲ့မြေမှာ သူတို့တွေ နွားလာမွေးထားတာရှိတယ်။ နွားစားမြက်တွေ လာစိုက်ထားတယ်၊ PNO ဘက်က လူတွေလည်း တွေ့နေရတယ်” ဟု ကျောက်နီကျေးရွာအုပ်စုမှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီမှ အဆိုပါ သိမ်းဆည်းထားသည့် မြေများတွင် မွေးမြူရေးဇုန် လာရောက်တည်ဆောက် နေပြီး PNO ပြည်သူ့စစ်မှလည်း ၎င်းစားကျက်မြေနေရာတွင် မွေးမြူရေးလုပ်ငန်း လာရောက်လုပ်ကိုင်နေကြသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ၎င်းစားကျက်မြေကို ကျောက်နီစိုက်ကွင်းဟု ခေါ်ဆိုပြီး မြေဧက ထောင်နှင့်ချီ ရှိကြောင်း၊ ဒေသခံ အများစု ထိုမြေတွင် သီးနှံစိုက်ခွင့်၊ ထွန်ယက်ခွင့် မရှိတော့ကြောင်း၊ ထွန်ယက်မိခဲ့လျှင် ထိုသူကို တရားစွဲဆိုကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

အဆိုပါ စားကျက်မြေသည် စစ်အာဏာရှင် ဦးသန်းရွှေ လက်ထက်ကတည်းက သိမ်းဆည်းခြင်းခံရပြီး (၂၀၁၅) ခုနှစ် NLD အစိုးရလက်ထက်တွင် သိမ်းဆည်းထားသည့် မြေတချို့တဝက်ကို ဒေသခံများထံ ပြန်ပေးခဲ့သော်လည်း အကုန်ပြန်မရခြင်းကြောင့် မြေပိုင်ရှင် အမျိုးသားတစ်ဦးမှ ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်း မီးရှို့သတ်သေကာ ဆန္ဒပြခဲ့သည်ဟု သိရသည်။

သိမ်းဆည်းခံခဲ့ရသည့် စားကျက်မြေ တချို့တဝက်ကို ပြည်သူများထံ ပြန်ပေးခဲ့သည် ဟု ဆိုသော်လည်း စစ်တပ်အာဏာသိမ်းပြီး (၂၀၂၃) ခုနှစ်တွင် အားလုံးကို ပြန်လည်သိမ်းဆည်းသွားခဲ့ကာ ဒေသခံများကို ဝင်ရောက်ခြေချခွင့် မပေးတော့ကြောင်း ဒေသခံများက ပြောသည်။

“ကျနော်တို့ NLD အစိုးရလက်ထက်မှာလည်း မြေတွေပြန်ရဖို့ ကြိုးစားကြည့်သေးတယ် မရခဲ့ဘူး။ အခု စစ်အစိုးရ လက်ထက်ဆိုတော့ ဘာမှကို ပြောလို့မရတော့ဘူး။ အာဏာရှင်စနစ် ပြုတ်ကျမှပဲ ပြည်သူပိုင် မြေတွေ ပြန်ရတော့မယ်။ အခုတော့ ပြောလဲ မထူးတော့ဘူး” ဟု တက်ကြွလှုပ်ရှားသူ လူငယ် အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ကျောက်နီကျေးရွာ အုပ်စုတွင် PNO ပြည်သူ့စစ်မှ အထူးဒေသ (၆)နယ်မြေအဖြစ် သတ်မှတ်ကာ ဆက်ကြေးကောက်ခံခြင်း၊ စစ်သားစုဆောင်းများ လာရောက် လုပ်ဆောင်လေ့ရှိသည်ဟု အသက် (၃၀)ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

“PNO အတွက် တစ်အိမ် ကျပ်(၄သောင်း) ထည့်ရတယ်။ လတိုင်းတော့ မထည့်ရပေမဲ့ သူတို့က လိုအပ်တယ် ထည့်တော့ဆိုရင် တန်းထည့်ပေးရတာ။ စစ်မှုထမ်းအတွက်လည်း ကောက်တယ်။ ရွာက ပိုက်ဆံပေး လူငှားပြီး ထည့်ရတယ်။ ခုချိန်က အရင်းတွေက ဈေးကြီး၊ ပြန်ရောင်းမယ့် သီးနှံတွေက ဈေးမရှိတော့ ဘာမှ လုပ်စားလို့မရဘူး”ဟု အဆိုပါ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုလက်ရှိ ကျောက်နီကျေးရွာအုပ်စုတွင် သောက်သုံးရေ ရှားပါးမှုနှင့် ကြုံတွေ့နေရပြီး ကုန်ဈေးနှုန်းမြင့်တက်ခြင်းနှင့်အတူ ဝင်ငွေထွက်ငွေ မမျှသောကြောင့် အခက်အခဲများနှင့် ကြုံတွေနေရသည်ဟု သိရသည်။

ပြီးခဲ့သည့် မတ်လ (၂၁)ရက်နေ့တွင်လည်း တောင်ကြီးမြို့နှင့် အနီးတစ်ဝိုက် ဒေသများတွင် အကွက်ရိုက် ရောင်းချထားသည့် မြေများကို စစ်တပ်နှင့် ရဲများက ဘက်ဟိုးများဖြင့် ဖျက်ဆီးခဲ့ပြီး စစ်တပ်ပိုင်ဟုဆိုကာ ပြန်လည်သိမ်းဆည်းလိုက်ကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

နယ်စပ်တည်ငြိမ်ရေးနှင့် ကျားဖြန့်နှိမ်နင်းရန် စစ်တပ်နှင့် ထိုင်းအရာရှိများ ဆွေးနွေး

0
မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့် ဒေသတွင်း ဆိုးဝါးစွာဖြစ်ပေါ်နေသော အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို တိုက်ဖျက်ရန် စစ်ကော်မရှင်၏ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၇ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...