စစ်မှုထမ်းသည့်ကာအတွင်း အလုပ်သမားအတွက် လုပ်ခလစာ ပေးရမည့်ကိစ္စ လုပ်ငန်းရှင်းများ ခေါင်းကိုက်နေ

အမျိုးသားများသာ မက အမျိုးသမီးငယ်များပါ စစ်မှုထမ်းရတော့မည့် ပြည်သူ့စစ်မှုထမ်း နည်းဥပဒေကို ယမန်နေ့ (ဇန်နဝါရီလ ၂၃ ရက်) နေ့စွဲဖြင့် စစ်ကောင်စီက ထုတ်ပြန်လိုက်ရာ ယင်းနည်းဥပဒေ ပုဒ်မ (၄၄) နှင့် (၄၅) ပါ ပြဌာန်းချက်များကြောင့် လုပ်ငန်းရှင်များ ခေါင်းကိုက်နေရကြောင်း ရန်ကုန်မြို့၊ လှိုင်သာယာ စ်ကမှုဇုန်ရှိ လုပ်ငန်းရှင် တဥ◌ီးက ယနေ့ (ဇန်နဝါရီ ၂၅ ရက်) တွင် ပြောသည်။

အခန်း (၁၀) ခန်း ပါဝင်သည့် အဆိုပါ နည်းဥပဒေ ပုဒ်မ (၄၄) နှင့် (၄၅) တွင်
၄၄။ အလုပ်သမားတစ်ဦးသည် ပြည်သူ့စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်ရသည့်အခါ ယင်း အလုပ်သမား၏ အလုပ်ရှင်သည် အလုပ်သမားအတွက် အခကြေးငွေကို သက်ဆိုင်ရာဝန်ကြီးဌာနက သတ်မှတ်ပြဋ္ဌာန်းထားသည့်ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးရမည်။

၄၅။ ပြည်သူ့စစ်မှုထမ်းကာလပြည့်မြောက်သည့် အလုပ်သမားတစ်ဦးက မူလအလုပ်လုပ်ကိုင်ခဲ့သည့် အလုပ်ရှင်ထံသို့ ပြန်လည်သတင်းပို့သည့်အခါ အလုပ်ရှင်သည် ယင်းအလုပ်သမားအား မူလအလုပ်အကိုင် ကိုဖြစ်စေ၊ မူလအလုပ်အကိုင်တွင် ပြန်လည်ခန့်ထားရန် အခက်အခဲရှိသည့်အခါ အလားတူအလုပ်အကိုင် တွင်ဖြစ်စေ ခန့်ထားနိုင်ရေးအတွက် ဗဟိုအဖွဲ့သည် အလုပ်သမားဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရ မည်။ ဆိုသည့် အချက်များ ပါဝင်နေခြင်း ဖြစ်သည်။

“အဲဒီလို ဆိုတော့ စစ်မှုထမ်းတဲ့ အလုပ်သမား အတွက် အနည်ဆုံး ၂ နှစ်စာ လစာ စက်ရုံဘက်က ပေးရမယ်လို့ ပြောတဲ့ သဘာပေါ့။ အထည်ချုပ်တို့ ဘာတို့လိုဆို အလုပ်သမားက ထောင်ချီတယ်လေ၊ အများစုက လူငယ်တွေပဲ။ အဲတော့ အလုပ်ရှင်တွေ ခေါင်းကိုက်နေကြတာပေါ့” ဟု အထက်ပ လုပ်ငန်းရှင်က ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ လုပ်ငန်းရှင်များ လာရောက်တွေ့ဆုံ ရှင်းလင်းမည်ဟု ရန်ကုန်တိုင်း စစ်အစိုးရက အကြောင်းကြားထားကြောင်း လုပ်ငန်းရှင် အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။

ယင်းဥပဒေ ပြဌာန်းချက်သည် စတိုးဆိုင်နှင့် လဖက်ရည်ဆိုင် ကဲ့သို့သော တနိုင်တပိုင် လုပ်ငန်းများတွင် အကြုံးဝင်ခြင်း ရျိမရျိကိုမူ မသိရသေးပေ။

ပြဌာန်းလိုက်သည့် ပြည်သူ့ စစ်မှုထမ်း နည်းဥပဒေတွင် အခန်း (၁၀) ခန်း၊ နည်းဥပဒေ ပြဋ္ဌာန်းချက် (၅၉) ခု ၊ နောက်ဆက်တွဲ ပုံစံ (၁၂) ခု ပါဝင်ပြီး အခန်း (၁) အမည်နှင့်အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ အခန်း (၂) ပြည်သူ့စစ်မှုထမ်းရန် အသက်နှင့်ကာလတွက်ချက်ခြင်း၊ အခန်း (၃) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အခန်း (၄) စစ်မှုထမ်းစာရင်း ပြုစုခြင်းနှင့် မှတ်ပုံတင်ခြင်း၊ အခန်း (၅) ဆေးစစ်ခြင်းနှင့် စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုရန် ဖြစ်စေ၊ စစ်မှုထမ်းရမည့်ကာလအပိုင်း အခြားကို လျှော့ပေါ့ပေးရန်ဖြစ်စေ၊ သီးခြားဖော်ပြထားသော ကာလအပိုင်းအခြားအထိ ရွှေ့ဆိုင်းရန်ဖြစ်စေ လျှောက်ထားခြင်း၊ အခန်း (၆) တွင် အမိန့်စာ ဆင့်ခေါ်ခြင်း၊ အခန်း (၇) တွင် ဆေးစစ်ရေးဘုတ်အဖွဲ့များ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အခန်း (၈) တွင် ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ အခန်း (၉) တွင် စစ်စည်းရုံးခြင်းနှင့် အခန်း (၁၀) တွင် အထွေထွေ ပြဋ္ဌာန်းချက်များ ပါဝင်သည်။

ယခု ထုတ်ပြန်လိုက်သော ပြည်သူ့စစ်မှုထမ်း နည်းဥပဒေတွင် အမျိုးသား၊ အမျိုးသမီး ခွဲခြားထားခြင်း မရှိဘဲ အသက်သတ်မှတ်ချက် ပြည့်မီသည့် လူငယ် ကျား-မ မရွေး စစ်မှုထမ်းရမည် ဖြစ်ပြီး ထွက်ပြေးပါက နေအိမ်တွင်ရှိသည့် အိမ်သားများ အရေးယူခံရမည်ဟုလည်း ဥပဒေ ပုဒ်မ (၃၃)၊ ပုဒ်မခွဲ (က) နှင့် (ခ) တွင် ပါရှိသည်။

“အရပ်စကားနဲ့ ပြောရမည် ဆိုရင် အနှစ်ချုပ်က ကျား-မ မရွေး အကုန်စစ်မှုထမ်းရမည်။ နှစ်ကုန်တိုင်းမှာ အသက်ပြည့်မီတဲ့ လူငယ်တွေ စာရင်းသွင်းရမည်။ အဲလိုစာရင်းသွင်းလိုက်ရင် နိုင်ငံခြား ထွက်လို့မရတော့ဘူး။ ထွက်ပြေးရင် အိမ်မှာရှိတဲ့လူကို ဖမ်းမယ်။ အလုပ်ရှင်တွေ အနေနဲ့လည်း ကိုယ့်အလုပ်သမား စစ်မှုထမ်းရတဲ့ ကာလမှာ လစာ ဆက်ပေးရမယ်၊ ပြန်လာရင် အလုပ်ပြန်ခန့်ရမယ်။ စစ်မှုထမ်းကာလ ရွှေ့ဆိုင်း ဆိုင်းငံ့ခွင့်တင်လို့ရတယ်၊ ဒါပေမယ့် ထုံးစံအတိုင်း ငွေတောင်းမှာပေါ့။ အနှစ်ချုပ်ကတော့ လူငယ် အားလုံး ဘယ်မှ သွားလို့မရတော့ဘူး၊ စစ်မှုထမ်းရမည် ဒါပါပဲ” ဟု ရန်ကုန်မြို့ အခြေစိုက် ဝါရင့် ရှေ့နေ တစ်ဦးက ပြောဆိုထားသည်။

စစ်ကောင်စီ ပြဋ္ဌာန်းထားသော ပြည်သူ့စစ်မှုထမ်းဥပဒေတွင် စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ ဆိုသည်မှာ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသူ၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသူ၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသူ၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသူကို ဆိုလိုသည်။

ထို့အပြင် လူငယ်များ စစ်မှု ထမ်းရန် ပျက်ကွက်လျှင် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း၊ စစ်မှုထမ်းရန်တိမ်းရှောင်ကြံစည်လျှင် ထောင်ဒဏ် ၅ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း၊ စစ်မှု ထမ်းရန် ပျက်ကွက်သူ၊ တိမ်းရှောင်ရန် ကြိုးစားသူကို ကူညီပါက ထောင်ဒဏ် ၁ နှစ် ချမှတ်နိုင်ကြောင်း ပြည်သူ့စစ်မှုထမ်းဥပဒေတွင် ပြဋ္ဌာန်းထားခဲ့ပြီး ဖြစ်သည်။

ဓာတ်ပုံ- စစ်ကောင်စီ ထုတ်ပြန်သည့် ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ အပြည့်အစုံ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...