Wednesday, January 28, 2026

စစ်မှုထမ်းသည့်ကာအတွင်း အလုပ်သမားအတွက် လုပ်ခလစာ ပေးရမည့်ကိစ္စ လုပ်ငန်းရှင်းများ ခေါင်းကိုက်နေ

အမျိုးသားများသာ မက အမျိုးသမီးငယ်များပါ စစ်မှုထမ်းရတော့မည့် ပြည်သူ့စစ်မှုထမ်း နည်းဥပဒေကို ယမန်နေ့ (ဇန်နဝါရီလ ၂၃ ရက်) နေ့စွဲဖြင့် စစ်ကောင်စီက ထုတ်ပြန်လိုက်ရာ ယင်းနည်းဥပဒေ ပုဒ်မ (၄၄) နှင့် (၄၅) ပါ ပြဌာန်းချက်များကြောင့် လုပ်ငန်းရှင်များ ခေါင်းကိုက်နေရကြောင်း ရန်ကုန်မြို့၊ လှိုင်သာယာ စ်ကမှုဇုန်ရှိ လုပ်ငန်းရှင် တဥ◌ီးက ယနေ့ (ဇန်နဝါရီ ၂၅ ရက်) တွင် ပြောသည်။

အခန်း (၁၀) ခန်း ပါဝင်သည့် အဆိုပါ နည်းဥပဒေ ပုဒ်မ (၄၄) နှင့် (၄၅) တွင်
၄၄။ အလုပ်သမားတစ်ဦးသည် ပြည်သူ့စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်ရသည့်အခါ ယင်း အလုပ်သမား၏ အလုပ်ရှင်သည် အလုပ်သမားအတွက် အခကြေးငွေကို သက်ဆိုင်ရာဝန်ကြီးဌာနက သတ်မှတ်ပြဋ္ဌာန်းထားသည့်ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးရမည်။

၄၅။ ပြည်သူ့စစ်မှုထမ်းကာလပြည့်မြောက်သည့် အလုပ်သမားတစ်ဦးက မူလအလုပ်လုပ်ကိုင်ခဲ့သည့် အလုပ်ရှင်ထံသို့ ပြန်လည်သတင်းပို့သည့်အခါ အလုပ်ရှင်သည် ယင်းအလုပ်သမားအား မူလအလုပ်အကိုင် ကိုဖြစ်စေ၊ မူလအလုပ်အကိုင်တွင် ပြန်လည်ခန့်ထားရန် အခက်အခဲရှိသည့်အခါ အလားတူအလုပ်အကိုင် တွင်ဖြစ်စေ ခန့်ထားနိုင်ရေးအတွက် ဗဟိုအဖွဲ့သည် အလုပ်သမားဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရ မည်။ ဆိုသည့် အချက်များ ပါဝင်နေခြင်း ဖြစ်သည်။

“အဲဒီလို ဆိုတော့ စစ်မှုထမ်းတဲ့ အလုပ်သမား အတွက် အနည်ဆုံး ၂ နှစ်စာ လစာ စက်ရုံဘက်က ပေးရမယ်လို့ ပြောတဲ့ သဘာပေါ့။ အထည်ချုပ်တို့ ဘာတို့လိုဆို အလုပ်သမားက ထောင်ချီတယ်လေ၊ အများစုက လူငယ်တွေပဲ။ အဲတော့ အလုပ်ရှင်တွေ ခေါင်းကိုက်နေကြတာပေါ့” ဟု အထက်ပ လုပ်ငန်းရှင်က ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ လုပ်ငန်းရှင်များ လာရောက်တွေ့ဆုံ ရှင်းလင်းမည်ဟု ရန်ကုန်တိုင်း စစ်အစိုးရက အကြောင်းကြားထားကြောင်း လုပ်ငန်းရှင် အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။

ယင်းဥပဒေ ပြဌာန်းချက်သည် စတိုးဆိုင်နှင့် လဖက်ရည်ဆိုင် ကဲ့သို့သော တနိုင်တပိုင် လုပ်ငန်းများတွင် အကြုံးဝင်ခြင်း ရျိမရျိကိုမူ မသိရသေးပေ။

ပြဌာန်းလိုက်သည့် ပြည်သူ့ စစ်မှုထမ်း နည်းဥပဒေတွင် အခန်း (၁၀) ခန်း၊ နည်းဥပဒေ ပြဋ္ဌာန်းချက် (၅၉) ခု ၊ နောက်ဆက်တွဲ ပုံစံ (၁၂) ခု ပါဝင်ပြီး အခန်း (၁) အမည်နှင့်အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ အခန်း (၂) ပြည်သူ့စစ်မှုထမ်းရန် အသက်နှင့်ကာလတွက်ချက်ခြင်း၊ အခန်း (၃) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အခန်း (၄) စစ်မှုထမ်းစာရင်း ပြုစုခြင်းနှင့် မှတ်ပုံတင်ခြင်း၊ အခန်း (၅) ဆေးစစ်ခြင်းနှင့် စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုရန် ဖြစ်စေ၊ စစ်မှုထမ်းရမည့်ကာလအပိုင်း အခြားကို လျှော့ပေါ့ပေးရန်ဖြစ်စေ၊ သီးခြားဖော်ပြထားသော ကာလအပိုင်းအခြားအထိ ရွှေ့ဆိုင်းရန်ဖြစ်စေ လျှောက်ထားခြင်း၊ အခန်း (၆) တွင် အမိန့်စာ ဆင့်ခေါ်ခြင်း၊ အခန်း (၇) တွင် ဆေးစစ်ရေးဘုတ်အဖွဲ့များ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အခန်း (၈) တွင် ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ အခန်း (၉) တွင် စစ်စည်းရုံးခြင်းနှင့် အခန်း (၁၀) တွင် အထွေထွေ ပြဋ္ဌာန်းချက်များ ပါဝင်သည်။

ယခု ထုတ်ပြန်လိုက်သော ပြည်သူ့စစ်မှုထမ်း နည်းဥပဒေတွင် အမျိုးသား၊ အမျိုးသမီး ခွဲခြားထားခြင်း မရှိဘဲ အသက်သတ်မှတ်ချက် ပြည့်မီသည့် လူငယ် ကျား-မ မရွေး စစ်မှုထမ်းရမည် ဖြစ်ပြီး ထွက်ပြေးပါက နေအိမ်တွင်ရှိသည့် အိမ်သားများ အရေးယူခံရမည်ဟုလည်း ဥပဒေ ပုဒ်မ (၃၃)၊ ပုဒ်မခွဲ (က) နှင့် (ခ) တွင် ပါရှိသည်။

“အရပ်စကားနဲ့ ပြောရမည် ဆိုရင် အနှစ်ချုပ်က ကျား-မ မရွေး အကုန်စစ်မှုထမ်းရမည်။ နှစ်ကုန်တိုင်းမှာ အသက်ပြည့်မီတဲ့ လူငယ်တွေ စာရင်းသွင်းရမည်။ အဲလိုစာရင်းသွင်းလိုက်ရင် နိုင်ငံခြား ထွက်လို့မရတော့ဘူး။ ထွက်ပြေးရင် အိမ်မှာရှိတဲ့လူကို ဖမ်းမယ်။ အလုပ်ရှင်တွေ အနေနဲ့လည်း ကိုယ့်အလုပ်သမား စစ်မှုထမ်းရတဲ့ ကာလမှာ လစာ ဆက်ပေးရမယ်၊ ပြန်လာရင် အလုပ်ပြန်ခန့်ရမယ်။ စစ်မှုထမ်းကာလ ရွှေ့ဆိုင်း ဆိုင်းငံ့ခွင့်တင်လို့ရတယ်၊ ဒါပေမယ့် ထုံးစံအတိုင်း ငွေတောင်းမှာပေါ့။ အနှစ်ချုပ်ကတော့ လူငယ် အားလုံး ဘယ်မှ သွားလို့မရတော့ဘူး၊ စစ်မှုထမ်းရမည် ဒါပါပဲ” ဟု ရန်ကုန်မြို့ အခြေစိုက် ဝါရင့် ရှေ့နေ တစ်ဦးက ပြောဆိုထားသည်။

စစ်ကောင်စီ ပြဋ္ဌာန်းထားသော ပြည်သူ့စစ်မှုထမ်းဥပဒေတွင် စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ ဆိုသည်မှာ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသူ၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသူ၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသူ၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသူကို ဆိုလိုသည်။

ထို့အပြင် လူငယ်များ စစ်မှု ထမ်းရန် ပျက်ကွက်လျှင် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း၊ စစ်မှုထမ်းရန်တိမ်းရှောင်ကြံစည်လျှင် ထောင်ဒဏ် ၅ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း၊ စစ်မှု ထမ်းရန် ပျက်ကွက်သူ၊ တိမ်းရှောင်ရန် ကြိုးစားသူကို ကူညီပါက ထောင်ဒဏ် ၁ နှစ် ချမှတ်နိုင်ကြောင်း ပြည်သူ့စစ်မှုထမ်းဥပဒေတွင် ပြဋ္ဌာန်းထားခဲ့ပြီး ဖြစ်သည်။

ဓာတ်ပုံ- စစ်ကောင်စီ ထုတ်ပြန်သည့် ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ အပြည့်အစုံ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...