Tuesday, January 27, 2026

တရုတ်နိုင်ငံ Miss Friendship International ၂၀၁၉ ပြိုင်ပွဲတွင် နမ့်ခမ်းသူ နန်းမွေခမ်း ဆု ၂ ခု ဆွတ်ခူး

တရုတ်ပြည်သူ့သမ္မတ နိုင်ငံ တွင် ကျင်းပသည့် Miss Friendship International ၂၀၁၉ ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်သည့် သျှမ်းတိုင်းရင်းသူ နန်းမွေခမ်း လည်း ဆု ၂ ခု ဆွတ်ခူးခဲ့ကြောင်း သိရသည်။

Photo Credit to Nang Mwekham Facebook- တရုတ်နိုင်ငံ Miss Friendship International ၂၀၁၉ ပြိုင်ပွဲတွင် Miss Congeniality Award နှင့် Miss Popular Vote ဆုဆွတ်ခူးရရှိသော မြန်မာနိုင်ငံကိုယ်စားပြု နမ့်ခမ်းသူ နန်းမွေခမ်း

အဆိုပါ ပြိုင်ပွဲ တွင် နိုင်ငံပေါင်း ၆၀ နိုင်ငံ မှ အလှမယ် များ ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာ နိုင်ငံကိုယ်စားပြုအနေဖြင့် သျှမ်း တိုင်းရင်းသူ နန်းမွေခမ်း မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကာ Miss Congeniality Award နှင့် Miss Popular Vote ဆု တို့ကို ရရှိခဲ့သည်။

Photo Credit to Nang Mwekham Facebook- တရုတ်နိုင်ငံ Miss Friendship International ၂၀၁၉ ပြိုင်ပွဲတွင် Miss Congeniality Award နှင့် Miss Popular Vote ဆုဆွတ်ခူးရရှိသော မြန်မာနိုင်ငံကိုယ်စားပြု နမ့်ခမ်းသူ နန်းမွေခမ်း

“ ကျမ ကို vote ( အွန်လိုင်း မှ မဲပေး) ကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေအနေနဲ့ ကျမ ကို Vote မပေးခဲ့ရင် ဒီဆုကို ရမှာ မဟုတ်ပါဘူး။ ဆုရတဲ့ အတွက် အရမ်းလည်း ဝမ်းသာပါတယ် ” ဟု နန်းမွေခမ်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo Credit to Nang Mwekham Facebook- တရုတ်နိုင်ငံ Miss Friendship International ၂၀၁၉ ပြိုင်ပွဲတွင် Miss Congeniality Award နှင့် Miss Popular Vote ဆုဆွတ်ခူးရရှိသော မြန်မာနိုင်ငံကိုယ်စားပြု နမ့်ခမ်းသူ နန်းမွေခမ်း

နန်းမွေခမ်းသည် မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံရခြင်းမှာ သူမ အနေဖြင့် ဘာသာစကား ၅ မျိုး ဖြစ်သည့် မြန်မာ၊ သျှမ်း၊ ထိုင်း၊တရုတ် နှင့် အင်္ဂလိပ် တို့ကို ပြောဆိုနိုင်ခြင်းကြောင့်ဖြစ်ကြောင်း သူမက ဆိုသည်။

အလှမယ် နန်းမွေခမ်းသည် ၂၀၁၈ ခုနှစ်တွင်လည်း မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် အဖြစ် တရုတ်နိုင်ငံ နန်ကျင်းမြို့ တွင် ကျင်းပခဲ့သည့် Miss All Nations ပြိုင်ပွဲ ကို သွားရောက် ယှဉ်ပြိုင်ရာ Miss Ecotourism ဆု နှင့် Dream of Read Mansions Twelve Nobile- Miaoyu Title ဆုတို့ကို ဆွတ်ခူးရရှိခဲ့သည်။

Photo Credit to Nang Mwekham Facebook- တရုတ်နိုင်ငံ Miss Friendship International ၂၀၁၉ ပြိုင်ပွဲတွင် Miss Congeniality Award နှင့် Miss Popular Vote ဆုဆွတ်ခူးရရှိသော မြန်မာနိုင်ငံကိုယ်စားပြု နမ့်ခမ်းသူ နန်းမွေခမ်း

နန်းမွေခမ်းသည် သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့တွင် မွေးဖွားပါသည်။ ၂၀၁၃ ခုနှစ်တွင် B.A (History) ဘွဲ့ ရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် Miss Golden Land ၀င်ရောက်ယှဉ်ပြိုင်ရာမှ သျှမ်းပြည်မြောက်ပိုင်းမယ်အဖြစ် ရွေးချယ်ခံပြီးနောက် Model လုပ်ငန်းသို့ စတင်ဝင်ရောက်လာခဲ့ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ခေါင်းဆောင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တရုတ်နိုင်ငံတွင် တွေ့ဆုံ

0
တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပနေသည့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြပွဲသို့ တက်ရောက်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တို့ တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။ အလားတူ စစ်ခေါင်းဆောင်နှင့် တောင်ကိုရီးယား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် စစ်ရေးပြပွဲ အခမ်းအနားတွင် ဘေးချင်းကပ်ထိုင်လျက် လက်ဆွဲနှုတ်ဆက်နေသည်ကို...

တရုတ်နိုင်ငံတွင် စစ်ခေါင်းဆောင်နှင့် အိန္ဒိယဝန်ကြီးချုပ် တွေ့ဆုံပြီး မြေရှားတူးဖော်ရေးဆွေးနွေး

0
တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ တို့ တွေ့ဆုံခဲ့စဉ် မြေရှားသတ္တုတူးဖော်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃၁ ရက်) တွင် တရုတ်နိုင်ငံ တီယန်ကျင်း၌ ကျင်းပလျက်ရှိသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO ဆွေးနွေးပွဲမတိုင်မီ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်...

စစ်ခေါင်းဆောင် တရုတ်နိုင်ငံသွားရောက်ပြီး ဒုတိယကမ္ဘာစစ်အောင်ပွဲ တက်ရောက်မည်

0
တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် နှစ် (၈၀) ပြည့် ဒုတိယကမ္ဘာစစ် အောင်ပွဲအခမ်းအနားသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သည် ရုရှားသမ္မတ ပူတင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့နှင့်အတူ တက်ရောက်မည်ဖြစ်ကြောင်း သတင်းသိရသည်။ လာမည့် စက်တင်ဘာလ (၃) ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပမည့် ဒုတိယကမ္ဘာစစ်အောင်ပွဲ သို့မဟုတ်...

TNLA ကို နမ့်ဆန်၊ မန်တုံအထိ စစ်ကောင်စီ တပ်ဆုတ်ခိုင်း၍ ဆွေးနွေးပွဲမအောင်မြင်ဘဲ ပြီးဆုံး

0
တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် စစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ကူမင်းမြို့၌ ထပ်မံတွေ့ဆုံခဲ့သော်လည်း ဆွေးနွေးပွဲ မအောင်မြင်ဘဲ ပြီးဆုံးခဲ့ရကြောင်း TNLA ဘက်မှ ထုတ်ပြန်လိုက်သည်။ ဧပြီလ ၂၈-၂၉ ရက်တို့တွင် တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့်...

ကိုးကန့်ကျားဖြန့်ဂိုဏ်းနှင့် ဆက်နွှယ်သူများကို တရုတ်နိုင်ငံ တရားရုံးတွင် ရုံးတင်စစ်ဆေး

0
သျှမ်းပြည် ကိုးကန့်ဒေသမှ အွန်လိုင်းကျားဖြန့်လုပ်ငန်းကို အဓိက လုပ်ကိုင်သည့် ကိုးကန့်ခေါင်းဆောင်ဟောင်း ‘မြီ’ မိသားစုများနှင့် ဆက်နွှယ်သူ (၂၃) ဦးကို ရာဇဝတ်မှုများအတွက် တရုတ်နိုင်ငံ တရားရုံးတွင် ရုံးတင်စစ်ဆေးခဲ့ကြောင်း သတင်းသိရသည်။ ဖေဖော်ဝါရီ (၁၄) ရက်မှ (၁၉) ရက်အထိ တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ်ရှိ Wenzhou...