တာချီလိတ် မှ သယ်ဆောင်လာသည့် မူးယစ်ဆေး ထိုင်းနိုင်ငံ မယ်ဆိုင် တံတား ဂိတ်တွင် ဖမ်းဆီးရ

သျှမ်းပြည် အရှေ့ပိုင်း ထိုင်းနယ်စပ် ချစ်ကြည်ရေး တံတား (၁) မယ်ဆိုင်တံတား စစ်ဆေးရေး ဂိတ် တွင် စိတ်ကြွဆေးပြား ၁သောင်းကျော် နှင့် အိုက်စ် (၄၀၀) ဂရမ် ကိုထိုင်းရဲများဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

Photo Credit to Chiangrai Report – ထိုင်းနိုင်ငံသား ၂ ဦးထံမှ ဖမ်းမိသည့်ဆေးပြားများကိုထိုင်းရဲများ ရေတွက်နေစဉ်

ဇူလိုင်လ ၁၇ ရက် ယနေ့မနက် ၉ နာရီ ဝန်းကျင်က တာချီလိတ် မှ မယ်ဆိုင်သို့ ပြန်လာသည့် အသက် (၁၉ ) နှစ် နှင့် အသက် (၃၀) ကျော် အရွယ် ထိုင်းနိုင်ငံမြောက်ပိုင်း ဖယောင်းခရိုင်မှ အမျိုးသား ၂ ဦး ကို လမ်းလျှောက်ပုံထူးဆန်းနေသည်ဟုဆိုကာ ထိုင်း လူဝင်ကြီးကြပ်ရေး နှင့် အကောက်ခွန် တို့ မှ စစ်ဆေးရာ ခန္ဓါကိုယ်ပေါ်တွင် ဥပဒေမလွှတ်ကင်းသည့်ပစ္စည်းမတွေ့သော်လည်း ဖိနပ်အတွင်း လျှို့ဝှက်ထည့်သွင်းသယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများကို ဖမ်းမိသည် ဟု Chiang Rai Report မှ ရေးသားချက် အရ သိရသည်။

အဆိုပါ ထိုင်း နိုင်ငံသား ၂ ဦး ၏ ဖိနပ်နှစ်ဘက် အတွင်း ဝှက်ပြီး သယ်လာသည့် စိတ်ကြွဆေးပြား (၁၁၀၀၀) နှင့် အိုက်စ် (၄၀၀) ဂရမ် တို့ကို စစ်ဆေးတွေ့ရှိကြောင်း သတင်းတွင်ဖော်ပြထားသည်။

ယခုရက်ပိုင်း သျှမ်းပြည်နယ် တာချီလိတ် အတွင်းတွင် ထိုင်းနိုင်ငံသားများ ထံ မကြာခဏ မူးယစ်ဆေးဝါး များနှင့် လက်နက်များဖမ်းဆီးရမိနေကြောင်း သတင်းရရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...