Sunday, February 1, 2026

CATEGORY

သတင်း

ငြိမ်းချမ်းရေးဆွေးနွေးမှု အဓိကတစ်ဆို့မှုက ဘာလဲ…..

တစ်ဆို့မှုကြောင့် ရှေ့မဆက်နိုင်တဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့ဆက်လုပ်ဆောင်သွားနိုင်ဖို့ အတွက်ရည်ရွယ်ပြီး   သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီသျှမ်းပြည်တပ်မတော် RCSS/SSA နဲ့ အစိုးရရဲ့ငြိမ်းချမ်းရေးကော်မရှင် PC တို့ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ အလွှတ်သဘော တွေ့ဆုံခဲ့ပါတယ်။ RCSS ဘက်မှ ဗိုလ်ချုပ် ပေါင်ခေး၊ ဗိုလ်မှူးကြီးစိုင်းငင်းနဲ့ ဦးစိုင်းလျန်း တို့ ဖြစ်ပြီး အစိုးရဘက်က PC အတွင်းရေးမှူးဦးခင်ဇော်ဦး၊...

RCSS နှင့် PC ချင်းမိုင်တွင် အလွှတ်သဘောတွေ့ဆုံ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS နှင့် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် PC တို့ ယနေ့မနက်ပိုင်းထိုင်းနိုင်ငံချင်းမိုင်မြို့တွင်တွေ့ဆုံကြကြောင်းသိရသည်။ ဇန်နဝါရီလ ၁၄ ရက်ယနေ့မနက်ပိုင်း ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် တွေ့ဆုံခြင်းဖြစ်ရာ RCSS ဘက်မှ ဗိုလ်မှူးချုပ် ပေါင်ခေး၊ ဗိုလ်မှူးကြီးစိုင်းငင်းနှင့် ဦးစိုင်းလျန်း တို့ ဖြစ်ပြီး အစိုးရဘက်ကမူ PC အတွင်းရေးမှူးဦးခင်ဇော်ဦး၊...

တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံ

တရုတ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန် ဦးဆောင်သည့် အဖွဲ့သည် နှစ်သစ်ကူးမေးမြန်းရေးခရီးစဉ်ဟုဆိုကာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် တွေ့ဆုံမှုပြုခဲ့ကြောင်းသိရသည်။ ဇန်နဝါရီလ ၉ ရက်နေ့က မစ္စတာ ဆွန်းကော်ရှန်နှင့်အဖွဲ့သည် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် တရုတ် နယ်စပ်တနေရာတွင်တွေ့ဆုံခဲ့ပြီး SSPP/SSA ဘက်မှ...

မိုးနဲမြို့ သက်တမ်း ၂၀၀ ကျော်ရှိ သမိုင်းဝင်စေတီတော်ရေရှည် တည်တံ့ ရေး ဒေသခံရွာသားများစုပေါင်းကာခြုံနွယ်ပိတ်ပေါင်းများအားရှင်းလင်း

မိုးနဲမြို့ရှိ ရှေးဟောင်းစေတီတော်ရေရှည် တည်တံ့ ရေးအတွက် စုပေါင်းဝိုင်းဝန်းထိန်းသိမ်းရန် မိုးနဲဒေသခံလူထုစုပေါင်းပြီး ဘုရားစေတီအား ပိတ်ဖုံးနေသော ခြုံနွယ်ပေါင်းပင်များအား ရှင်းလင်းခဲ့ကြကြောင်းသိရသည်။ မိုးနဲမြို့ကျောင်းထိုင်ဆရာတော်သံဃာတော်များ၏ ထောက်ပံ့ကူညီမှု၊ မိုးနဲမြို့နယ် သျှမ်းစာပေနှင့်ယဉ်ကျေးမှုနာယက စိုင်းထွန်းအေး၊ (ယခင်) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းမောင်ကြီးတို့မှ ဦးစီးဦးဆောင်မှုဖြင့် ဒေသခံရွာသား ၂၀၀ ခန့်က ဇန်နဝါရီလ ၁၃ ရက်နေ့က...

၂၀၁၈ အတွင်း စစ်ရေးတင်းမာမှုများကြောင့် နမ္မတူလူငယ်များ တရုတ်သို့ သွားရောက်အလုပ်လုပ်ကိုင်မှုတိုးများလာ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံအုပ်စုတွင် စစ်ရေးတင်းမာမှု စစ်ဘေးရှောင်မှုများပြား လာသည့်နောက်ပိုင်း ဒေသတွင်းလူငယ် တဝက်ကျော်မှာ တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ် ကိုင်နေကြကြောင်းသိရသည်။ နမ္မတူမြို့နယ် မန်စံ၊ မိုင်းရင်ရွာများဘက်က ဒေသခံလူငယ်များဖြစ်ကြပြီး တိုက်ပွဲများကြောင့် လယ်ယာလုပ်ငန်းခွင်ကောင်းကောင်းမဝင်ရသဖြင့် မိသားစုစားဝတ်နေရေးအတွက် ပြီးခဲ့သည့် ၂၀၁၈ နှောင်းပိုင်းကစပြီး ယနေ့တိုင် တရုတ်နိုင်ငံသို့  သွားရောက်အလုပ်လုပ်ကိုင်မှုနှုန်း များပြားလာကြောင်းသိရသည်။ “ပလောင်ရွာရော...

တိုက်ပွဲများရပ်တန့်ရန် သျှမ်းလူထု ၄ ထောင်ကျော်လက်မှတ်ထိုး တောင်းဆို

သျှမ်းလက်နက်ကိုင် တိုက်ဖွဲ့ ၂ ဖွဲ့ တိုက်ပွဲများရပ်တန့်ပေးရန်အတွက် သျှမ်းလူထု ၄ ထောင်ကျော် လက်မှတ် ရေးထိုး တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းလက်နက်ကိုင် ၂ ဖွဲ့ဖြစ်သည့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS နှင့် သျှမ်းပြည် တိုးတက် ရေး ပါတီ...

သျှမ်းပြည်နယ် အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို ကူညီ နေသည့် တပ်မတော်ကို စုံစမ်းစစ်ဆေး အရေးယူသင့် ICG တိုက်တွန်း

သျှမ်းပြည်နယ် အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှု ကို ကူညီခြင်း ၊ မသိမမြင်ယောင်ဆောင်ခြင်းပြုလုပ်နေသော တပ်မတော် ကို စုံစမ်း စစ်ဆေးကာ စနစ်တကျ အရေးယူ ပြုလုပ်သင့်ကြောင်း အပြည်ပြည်ဆိုင်ရာပဋိပက္ခများ စောင့်ကြည့်ရေးအဖွဲ့ ICG က တိုက်တွန်းလိုက်သည်။ သျှမ်းပြည်နယ်တွင် မက်သာဖက်တမင်း ပုံဆောင်ခဲ (အိုက်စ်) (ice)...

တရားမဝင်အလုပ်သမားများအားထိုင်းအစိုးရတင်းကျပ်စစ်ဆေးသွားမည်ဟုဆို

ထိုင်းနိုင်ငံအစိုးရအနေဖြင့် ၂၀၁၈ ခုနှစ်အတွင်း တရားဥပဒေနှင့်မကိုက်ညီသော ရွှေ့ပြောင်းအလုပ်သမား ၄၀၀၀ ကျော်ကို စစ်ဆေးဖမ်းဆီးရမိကြောင်း ကြေငြာလိုက်ပြီး စာရွက်စာတမ်း မပြည့်စုံသော အလုပ်သမားများအား ငှားရမ်းသည့်အလုပ်ရှင်များအား ဆက်လက်စစ်ဆေးဖမ်းဆီး သွားမည်ဖြစ် ကြောင်း ကြေငြာလိုက်သည်။ ၂၀၁၈ ဂျူလိုင်လ ၁ ရက်နေ့မှ ၂၀၁၉ ဇန်နဝါရီလ ၂ ရက်နေ့အထိ...

မန္တလေး-မူစယ်ရထားလမ်းဖောက်လုပ်ရေး တရုတ်ကုမ္မဏီမြေနေရာ စတင်ကွင်းဆင်းမှတ်တမ်းကောက်

မန္တလေး-မူစယ် မီးရထားလမ်းဖောက်လုပ်ရေးအတွက် တရုတ်နိုင်ငံ China Railway Eryuan Engineering Group Co.,Ltd) မှ သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့တွင်အစည်းအဝေးကျင်းပကာ မြေနေရာနှင့် မြေဆီမြေသားများကိုကွင်းဆင်းစစ်ဆေး မှုပြုနေကြောင်းသိရသည်။ ကုမ္မဏီအနေဖြင့် ဇန်နဝါရီလ ၅ ရက်နေ့က မူစယ်မြို့တွင် အစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး မြေသားများ ကွင်းဆင်းမှတ်တမ်းရယူမှုအဖွဲ့သည် ဇန်နဝါရီလ ၆...

သျှမ်းပြည်နယ် အတွင်း ဆုံဆို့နာကူးစက်မှုကြောင့် ကလေးငယ်သေဆုံးမှုများရှိ

သျှမ်းပြည်မြောက်ပိုင်းတွင် လတ်တလော ဆုံဆို့နာရောဂါ ဖြစ်ပွားပြီး ကူးစက်ပျံ့ပွါးမှုရှိခဲ့ရာ အသက် ၁၅ နှစ်အောက်ကလေးများ သေဆုံးမှုများရှိနေသည် ဟု သတင်းရရှိသည်။ ဆုံဆို့နာ ဖြစ်သွားသည့် ဒေသများမှာ သျှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း အစပ်ဖြစ်သည့် ကျေးရွာများ တွင်နေထိုင်ကြသည့် လူထုများဖြစ်ကြောင်း၊ ဆုံဆို့နာ ကြောင့် ကလေး သေဆုံးမှုများဖြစ်ပွားကြောင်း...

Latest news