Sunday, February 1, 2026

CATEGORY

သတင်း

မိုင်းပန်မြို့က ပအိုဝ်းရွာသားများ ဘာကြောင့် နေရပ်မှစွန့်ခွါ

သျှမ်းပြည်တောင်ပိုင်း မိုင်ပန်မြို့မှာ စစ်ရေးတင်းမာမှုတွေကြောင့် မိုက်ပုတ်ရွာ၊ ပန်ပိရွာက ဒေသခံရွာသားတွေ နေရပ်ကနေစွန့်ခွါထွက်ပြေးခဲ့ကြပါတယ်။ ရွာသားတချို့က သံလွင်အရှေ့ခြမ်း ၀ နယ်ဘက်ကိုသွားရောက် ခိုလှုံ နေကြရပြီး ရွာသားတချို့ကလည်း မိုင်းပန်မြို့အနောက်ဘက် လင်းခေးမြို့နယ်ဘက်ကို တိမ်းရှောင် ထွက်ပြေး ခဲ့ကြပါတယ်။ကြီးမားတဲ့တိုက်ပွဲတွေမရှိခဲ့ပေမယ့် ကလေးတွေပညာရေးကိုအဓိကထားပြီး အခြေအနေ တင်းမာ မှုကြားကနေ ရုန်းထွက်လာခဲ့တာဖြစ်ကြောင်း...

သျှမ်းခေတ်ပေါ်တေးအဆိုတော် စိုင်းဆိုင်ဇွမ်ဖှ၏သားငယ် ပြည်နယ်အဆင့်ကွန်ပြူတာစွမ်းရည်ပြိုင်ပွဲတွင်ဆုရရှိ

ပြည်နယ်အဆင့် ကျောင်းပေါင်းစုံ ကွန်ပျူတာစွမ်းရည်ပြိုင်ပွဲတွင် သျှမ်း ခေတ်ပေါ်တေးသီချင်းအဆိုတော် စိုင်းဆိုင်ဇွမ်ဖှ၏သား ICTC ကျောင်းသား စိုင်းဆိုင်လောဝ်ဖှ အသက် ၁၂ နှစ်သည် အလယ်တန်းအဆင့် ကွန်ပြူတာ ထူးချွန်ဆုတတိယ ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။ ဇန်နဝါရီလ ၃ ရက်နေ့က လားရှိုးမြို့တွင်ကျင်းပသော ဆုချီးမြှင့်ခြင်းအခမ်းအနားတွင်တက်ရောက်ကာ ဆုဆွတ်ခူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “သူဆုရရှိမယ်လို့ ကျနော်မထင်မိဘူး။ အခုလိုရရှိတဲ့အတွက်လည်း...

PNLO နှင့် RCSS ကြားစစ်ရေးတင်းမာမှုကြောင့် လင်းခေးမြို့သို့ စစ်ရှောင် ၇၀ ကျော်ရောက်

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ် လွယ်ပန်ပိ တောင်ကြောတလျှောက်နေ ကျေးလက်ရွာ သားများအား လက်နက်ကိုင်တပ်ဖွဲ့များမှ တပ်သားသစ်စုဆောင်းသည်ဟုဆိုကာ လင်းခေးမြို့သို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရသည်။ လင်းခေးမြို့နယ် ၀မ့်တိုက် (တောင်ရွာ)ရပ်ကွက် ဟိုနားကျောင်းသို့လည်းကောင်း ပန်ဝေါင်ရပ်ကွက် ဘုန်းကြီးကျောင်းသို့လည်းကောင်း တိမ်းရှောင်ခိုလှုံနေခဲ့ကြသည်။ “မိုင်းပန်မြို့ နောင်ချိုရွာသစ်ကလာပါတယ်။ ပအိုဝ်းတပ်တွေမလာခင်တုန်းက RCSS/SSA လဲ တပ်သားသစ်တွေ စုဆောင်းတယ်။ ခြေလျင်နဲ့...

လက်နက်ကိုင်တပ်ဖွဲ့များစစ်ရေးတင်းမာမှုကြောင့် သီပေါတွင်စစ်ဘေးရှောင် ၁၅၀၀ ခန့်ရှိ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးတင်းမာမှုကြောင့် ဒေသခံလူထု ၁၅၀၀ ခန့်မှာ ဘုန်းကြီးကျောင်းတိုက် ၉ ခုသို့ ရောက်ရှိခိုလှုံနေကြကြောင်းသိရသည်။ သီပေါမြို့နယ် နားမခေါ်အုပ်စု တွန်ကျိုင်းရွာအနီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် SSPP နှင့် RCSS တို့ကြား စစ်ရေးတင်းမာမှုဖြစ်ပွါးခဲ့ခြင်းကြောင့် တွန်ကျိုင်းရွာနှင့်အနီးတဝိုက်ရှိကျေးရွာများမှဒေသခံများ နီးစပ်ရာ ဘုန်း ကြီးကျောင်းအသီးသီးသို့ ထွက်ပြေးခိုလှုံနေကြခြင်းဖြစ်ကြောင်းသိရသည်။ “သူတို့...

မိုင်းဖုန်းဆရာတော် ဝိဇာတမွေးနေ့ပွဲအမှတ်တရ တာချီလိတ်မြို့မှအလှူရှင်က မြေဧက ၃၀ လှူဒါန်းရေစက်ချ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖုန်းမြို့နယ် ပါဆာကျေးရွာတွင် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရ၏ ၅၆ နှစ်မြောက်ဝိဇာတမွေးနေ့ပွဲ အမှတ်တရအဖြစ် မြေဧက ၃၀ ကို တာချီလိတ်မြို့မှ အလှူရှင်က ရေစက်သွန်းချလှူဒါန်းခဲ့ကြောင်းသိရသည်။ "တကယ်တော့ အဲဒီမြေတွေက အရင်ကတည်းက သာသနာ့ပိုင်မြေတွေ။ စစ်တပ်က သိမ်းယူပြီး ပြန်ပြီးအကွက်ချရောင်းချတယ်။ မြေပိုင်ရှင်တွေက...

MTA လက်နက်ချခြင်း ၂၃ နှစ်ပြည့် ( ခေါင်းဆောင်ကြီးဦးခွန်ဆာ၏ ကိုယ်ရေးအတ္ထုပတ္တိအကျဉ်း)

၂၀၁၉ ဇန်နဝါရီလ ရ ရက်နေ့သည် ခွန်ဆာ မုံးတိုင်းအာမီ (MTA)  မှ တပ်မတော်အစိုးရထံလက်နက်ချခြင်း ၂၃ နှစ်ပြည့်ပြီဖြစ်ပါသည်။ အင်အားထောင်နှင့်ချီသော သျှမ်းပြည်တပ်မတော် မုံးတိုင်းအာမီ ကိုဦးဆောင်ခဲ့သူဦးခွန်ဆာမှာ ဘယ်လိုလူမျိုးလဲ။ ဘယ်လိုအတွေးအခေါ်တွေရှိတာလဲသိရှိရအောင် ဦးခွန်ဆာ၏ ကိုယ်ရေးအတ္ထု ပတ္တိအကျဉ်းကို ဖော်ပြလိုက်ရပါသည်။ ဦးခွန်ဆာ၏ ကိုယ်ရေးအတ္ထုပတ္တိအကျဉ်း အမည် - ခွန်ဆာ အခြားအမည်- ထွန်းဆာ၊...

CSSU အလုပ်တာဝန်မလွှဲအပ်မှီ သျှမ်းလက်နက်ကိုင်တပ်တွေ့ဆုံနိုင်ရေး ဦးစိုင်းအိုက်ပေါင်းပြော

တိုက်ပွဲများရပ်တန့်ရန် အတွက် သျှမ်းလက်နက်ကိုင် ၂ ဖက် တွေ့ဆုံ ဆွေးနွေးပြီး အဖြေရှာရန် သျှမ်းပြည်ညီညွတ်ရေး ကော်မတီအစည်းဝေး CSSU မှ သျှမ်းလက်နက်ကိုင် ၂ ဖွဲ့ ထံ စာပို့ကြောင်း သတင်းရရှိသည်။ “ ကျနော် CSSU တာဝန်ယူနေတုန်း သျှမ်းလက်နက်ကိုင် ၂ ဖွဲ့...

သျှမ်းပြည်နယ် အတွင်း စစ်ဘေးရှောင်များထပ်မံတိုးလာကြောင်း ကုလ ထုတ်ပြန်

သျှမ်း ပြည်နယ် သီပေါမြို့နယ် အတွင်း သျှမ်းလက်နက်ကိုင် အချင်းချင်းဖြစ်ပွားသည့် တိုက်ပွဲကြောင့် စစ်ဘေး ရှောင်များ ထပ်မံတိုးလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က သတင်းထုတ်ပြန်ထားသည်။ သျှမ်းပြည်နယ် သီပေါမြို့နယ် တွန်ကျိုင်းကျေးရွာ တွင် ဒီဇင်ဘာ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ...

၆ ကြိမ်မြောက် သျှမ်းပုရပိုက်စာပေကွန်ဖရင့် စာတမ်းပေါင်း ၂၅၀ ခန့်ဖတ်ကြားနိုင်ခဲ့

၆ ကြိမ်မြောက် သျှမ်းပုရပိုက်စာပေကွန်ဖရင့် (ကွန်ဖရင့် လစ်လုံ) အား မန္တလေးတိုင်းပြင်ဦးလွင်မြို့တွင် ကျင်းပခဲ့ရာ တက်ရောက်သူ ပြည်တွင်းပြည်ပမှ ဧည့်သည်တော် ၂၀၀ ကျော်ရှိကြောင်းသိရသည်။ ၆ ကြိမ်မြောက် သျှမ်းပုရပိုက်စာပေကွန်ဖရင့် နှင့်အတူ ၄ ကြိမ်မြောက် သျှမ်းသမိုင်းလေ့လာရေး ကွန်ဖရင့် ကိုပါ ပူးတွဲကျင်းပကြောင်း အခမ်းအနားတက်ရောက်သည့် သျှမ်းသမိုင်းလေ့လာရေးသားသူ...

လယ်မြေဧကတသောင်းကျော်အားရေပေးဝေသည့်နမ့်ဟူးရေထွက်ကို သဘာဝစိမ့်စမ်း ရေထွက်ဧရိယာဖြစ်စေရေး လယ်သမားများ ကွင်းဆင်းတိုင်းတာ

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်တွင် နမ့်ဟူး သဘာဝရေထွက် အား သဘာဝ စိမ့်စမ်းရေထွက်ဧရိယာ အဖြစ်ကာကွယ်ထိန်းသိမ်းရန်အတွက် ဒေသခံလယ်သမားများ ကွင်းဆင်းတိုင်းတာမှုပြုနေကြောင်းသိရသည်။ မြို့နယ်ထွေအုပ်၏ မိုးနဲမြို့နယ်အတွင်း အင်း ၃ အင်းနှင့်မောင်ခိုင် မောင်နိုင်ရေထွက်ဧရိယာနယ်နိမိတ် ပြန် လည် စီစစ်တိုင်းတာသတ်မှတ်ရေးလုပ်ငန်းစီမံချက် ကျလာပြီးနောက် နမ့်ဟူးသဘာဝရေထွက်ဧရိယာအား ဒေသခံတောင်သူလယ်သမားများက ကွင်းဆင်းတိုင်းတာခဲ့ကြသည်။ ဇန်နဝါရီလ ၁ ရက်နေ့က...

Latest news