Wednesday, January 28, 2026

နမ့်ဆန်မြို့နယ် နမ့်ခေး ဒေသခံများ စစ်ရှောင်နေစဉ် နေအိမ်ဖောက်ခံရ

သျှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ် နမ့်ခေးကျေးရွာ အတွင်း တိုက်ပွဲကြောင့် ဒေသခံ စစ်ရှောင်နေစဉ် နေအိမ်များ ဖောက်ထွင်းခံရကြောင်း သတင်းရရှိသည်။

Photo by နမ့်ခေး ဒေသခံ တဦး/နမ့်ခေး ဒေသခံ နေအိမ် ဝင်ရောက်မွှေထား ပုံ

နမ့်ဆန်မြို့နယ် နမ့်ခေးကျေးရွာ အတွင်း စက်တင်ဘာ ၁၆၊ ၁၇ ရက်တွင် မြန်မာ့တပ်မတော် နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွားကာ ဒေသခံများ နမ့်ဆန်မြို့ပေါ်သို့စစ်ဘေးရှောင်လာကြစဉ်တွင် နေအိမ်ဖောက်ထွင်းခံရကြောင်း နမ့်ခေး ဒေသခံများ ပြောပြချက် အရ သိရသည်။

“ တိုက်ပွဲဖြစ်တော့ တရွာလုံး စစ်ရှောင်နေတဲ့အချိန်မှာ အိမ်တွေ ဆိုင်တွေဖောက်ခံရတယ်။ ဆိုင်မှာရှိတဲ့ ဘီယာတွေ စားစရာတွေ အားလုံးနီးပါး ယူစားသောက်ကြတယ်။ တခြားအိမ်တွေမှာဆိုရင် ဆန်တွေ၊ဆီတွေ ယူသုံးတယ်။ အိမ်တွေဆိုရင်လည်း အားလုံးမွှေထားတယ်” ဟု နမ့်ခေး ဒေသခံတဦးက ပြောပြသည်။

Photo by နမ့်ခေးဒေသခံတဦး/ နမ့်ခေး ဈေးဆိုင် တဆိုင် ဝင်ရောက်မွှေထားပုံ

နမ့်ခေး ကျေးရွာ အနီးတွင် TNLA နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ကာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေစဉ် ရွာအတွင်း မြန်မာ့တပ်မတော် မှ တပ်စခန်းချကြောင်းလည်း ဒေသခံများက ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး နမ့်ဆန် ချမ်းမြေ့ လူမှုကူညီရေး အသင်း ဥက္ကဌ ဦးသိန်းရွှေ က “ကျနော်ကြားတာတော့ အိမ် ၃အိမ်နဲ့ ဈေးဆိုင် တဆိုင် ဖောက်ခံရတယ်။ အိမ်တွေဆိုရင်လည်းမွှေထားတယ်။ ကျပ် ၁၀ သိန်း တန်ဖိုးလောက် ပါသွားမယ်။ ဘယ်အဖွဲ့ဆိုတာတော့မသိဘူး” ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

Photo by နမ့်ခေးဒေသခံတဦး/ နမ့်ခေး ဈေးဆိုင် တဆိုင် ဝင်ရောက်မွှေထားပုံ

တိုက်ပွဲများဖြစ်ပွားချိန် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေစဉ်တွင် အိမ်ဖောက်ထွင်းခံရခြင်း၊ နေအိမ် နှင့် ဈေးဆိုင် ပစ္စည်းများကို မွှေနှောက် ယူဆောင်ခြင်းတို့ ရှိကြောင်း လည်း ဒေသခံများက ပြောဆိုသည်။

သျှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ် အတွင်း TNLA နှင့် မြန်မာ့တပ်မတော်တို့သည် စက်တင်ဘာ ၁၃ရက်မှ စတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒေသခံ အမျိုးသား တဦး သေဆုံးခဲ့ပြီး၊ ၃ဦး ဒဏ်ရာရရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

မဲပုံးထက် အိမ်ပြန်လမ်းကိုသာ တမ်းတခြင်း

0
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကြောင့် မြှင့်တက်လျက် ရှိသည်။ သို့သော် ဤနိုင်ငံရေး လှုပ်ရှားမှုများနှင့် အလှမ်းဝေးကွာစွာ ရှင်သန်ရေးအတွက် နေ့စဉ် ရုန်းကန်နေရသူများ ရှိနေသည်။ ၎င်းတို့မှာ “၁၀၂၇ စစ်ဆင်ရေး”အတွင်း...

ရွာငံ စစ်ဘေးရှောင် တစ်ထောင် ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးခဲ့ရပြီး စားနပ်ရိက္ခာအတွက် အရေးပေါ်လိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ တွင် ရွာငံမြို့နယ် မင်းပလောင်ကျေးရွာကို စစ်ကော်မရှင်က စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် စစ်ရှောင် ၅၀၀...

ဖယ်ခုံ – ပင်လောင်းနယ်စပ်ရှိ စစ်ဘေးရှောင် ၆၀၀ ခန့် သောက်သုံးရေ ခက်ခဲ

0
သျှမ်းပြည် ဖယ်ခုံ - ပင်လောင်းနယ်စပ်တကြောတွင် ၃ လကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင်များသည် အနွေးထည်နှင့် သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေကြောင်း သိရသည်။ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ ပူးပေါင်း ထိုးစစ်ဆင်မှုကြောင့် ဖယ်ခုံ - ပင်လောင်းနယ်စပ် တကြောတွင် ပြီးခဲ့သည့် အောက်တိုဘာလ...

ဖယ်ခုံ – ပင်လောင်းနယ်စပ်ရှိ စစ်ရှောင် ၅၀၀ ကျော်အတွက် ဆေးဝါး နှင့် အနွေးထည်များလိုအပ်

0
သျှမ်းပြည် ဖယ်ခုံ - ပင်လောင်းနယ်စပ်တကြောသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် ၅၀၀ ကျော် အတွက် ဆေးဝါး နှင့် အနွေးထည်များ အကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်တွင် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း ဘောရန်ကျေးရွာ နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်...