ကျောက်မဲ နောင်ပိန်တွင် အမျိုးသမီးတဦး သတ်ခံရ ၊အလောင်း ပိုင်ရှင်မဲ့ဖြစ်နေ

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာ အနီးတွင် အမျိုးသမီး တဦး အသတ်ခံရပြီး၊ ယနေ့အချိန်ထိ အလောင်းမှာ ပိုင်ရှင်မဲ့ ဖြစ်နေကြောင်း သိရသည်။

Photo Credit to ကမ်းလင့်လက်များ လူမှူကူညီရေးအသင်း အောင်ဓမ္မာရုံ နောင်ပိန်- ပိုင်ရှင်မဲ့အမျိုးသမီးအလောင်းအား ဆွေမျိုးများသိစေရန် သက်ဆိုင်ရာအာဏာပိုင်များ ဖြန့်ဝေထားသည့် လက်ကမ်းစာစောင်

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၅  ရက်နေ့က အသက် ၃၀ ဝန်းကျင် အမျိုးသမီး တဦးသည် ကျောက်မဲမြို့နယ် နောင်ပိန်ရဲစခန်းအပိုင် လွိုင်လန်း လမ်းတွင် သတ်ခံထားရပြီး၊ လက်ရှိ အချိန်ထိအလောင်းမှာ ပိုင်ရှင်မဲ့ဖြစ်နေကြောင်း၊ သတ်ခံရသည့် အမျိုးသမီး၏ ဆွေမျိုးများကို ရှာဖွေနေကြောင်း နောင်ပိန်ရဲစခန်း မှ ရဲအုပ်သန်းထွန်းက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ အင်္ဂတေ နဲ့ ရိုက်ခံထားရတာ။ ဦးခေါင်းထိတယ်။ မျက်စိထိထားတယ်။ ဘယ်ရွာ က လဲဆိုတာတော့ မသိသေးဘူး။ ဓာတ်ပုံတွေနဲ့ ရွာတွေလိုက်ဖြန့်ထားတယ်။ နောင်ပိန် ပတ်ဝန်းကျင်က ဟုတ်၊ မဟုတ် မသိသေးဘူး။ တရားခံကိုလည်း စုံစမ်းစစ်ဆေးနေပါတယ်” ဟု ရဲအုပ် သန်းထွန်း က ဆိုသည်။

Photo Credit to Citizen Journalist- ကျောက်မဲမြို့အဝင်ဆိုင်းဘုတ်

လွိုင်လန်းလမ်း က ချုံပုတ်အတွင်း သေဆုံးနေသည့် အဆိုပါအမျိုးသမီးအလောင်းကို ကျောက်မဲ နမ့်ခုံး ပရဟိတ အသင်းမှ  ကျောက်မဲ ပြည်သူ့ဆေးရုံ ရင်ခွဲရုံ သို့ ပို့ဆောင်ထားကြောင်း၊ ထိုအလောင်း ပိုင်ရှင်များ သိရှိစေရန် လည်း နီးစပ်ရာ လူမှု အဖွဲ့အစည်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူး တို့ကို ပုံ နှင့်တကွ ဖြန့်ဝေပေးထားကြောင်း ကမ့်လင့်လက်များ လူမှုကူညီရေးအသင်း မှ ဦးနေအောင် ကပြောသည်။

“ အမျိုးသမီး တဦး အသတ်ခံရတာဟုတ်ပါတယ်။ အခု အလောင်းပိုင်ရှင်တွေ သိဖို့ အတွက် ကျနော်တို့ ဓာတ်ပုံတွေလိုက်ကူဖြန့်ပေးနေတယ်။ ဘယ်က အမျိုးသမီး ဆိုတာတော့ ပြောလို့မရသေးဘူး” ဟု ဦးနေအောင်ကပြောသည်။

အဆိုပါ အမျိုးသမီး သတ်ခံရသည့် အမှု နှင့် ပတ်သက်ပြီး နောင်ပိန်နယ်မြေ ရဲစခန်း တွင် (ပ) ၂၂/ ၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ အမှု ဖွင့်ထားပြီး အမှု အား ရဲအုပ်သန်းထွန်းမှ အသေးစိတ် စစ်ဆေးလျှက် ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ကျောက်မဲ စစ်ရှောင်အမျိုးသမီးတစ်ဉီး ပြင်ဦးလွင်မှာ သတ်ခံရ၊ သမီးဖြစ်သူ မီးလောင်ဒဏ်ရာပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နေ စစ်ရှောင်အမျိုးသမီးတစ်ဦးသည် ပြင်ဦးလွင်မြို့တွင် ကျောင်းတက်နေသည့် သမီးဖြစ်သူထံ အလည်သွားနေစဉ် လုပ်ကြံသတ်ဖြတ်ခံရပြီး သမီးဖြစ်သူလည်း မီးရှို့ခံရပြီး မီးလောင်ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်တွင် ကျောက်မဲမြို့မှ စစ်ရှောင်အမျိုးသမီးတစ်ဉီးသည် ပြင်ဦးလွင်မြို့ရှိ ဘော်ဒါဆောင်တစ်ခု၌ ကျောင်းတက်ရောက်နေသည့် သမီးဖြစ်သူထံသို့ သီတင်းကျွတ်ကျောင်းပိတ်ရက်...