Tuesday, January 27, 2026

သျှမ်းမြောက် တိုက်ပွဲကြား မီးရှို့ခံရ  ယာဉ်များ အလုံးစုံ မော်တော်ယာဉ် အာမခံ ရှိမှသာ လျော်ကြေး ပေးမည်ဟု ဝန်ကြီးပြော

သျှမ်းပြည်နယ် မြောက်ပိုင်း တွင် တိုက်ပွဲကာလက  မီးရှို့ ဖျက်ဆီးခံရသည့် ယာဉ်များအနက် လိုင်စင်ရှိယာဉ်များအနေဖြင့် အလုံးစုံ မော်တော်ယာဉ် အာမခံ ထားရှိမှသာလျှင် ပေးလျော်နိုင်မည် ဟု သျှမ်းပြည်နယ် အစိုးရ အဖွဲ့ မှ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင် က ပြောကြားခဲ့သည်။

Photo by သျှမ်းပြည်နယ် လွှတ်တော်ဖေ့ဘွတ်/ ဒေါ်ခင်ထားရီ သျှမ်းလွှတ်တော်တွင် မေးခွန်းမေးမြန်းသည့် ပုံ

အဆိုပါ ပြောကြားချက်သည့် စက်တင်ဘာ ၁၈ ရက် တွင်ကျင်းပသည့် ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော် (၁၆)ကြိမ် မြောက် ပုံမှန် အစည်းအဝေး ဒုတိယနေ့ တွင် သိန္နီမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ် နန်းခင်ထားရီ မေးမြန်းသည့် မေးခွန်းကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်ခင်ထားရီ မေးမြန်းသည့် မေးခွန်းမှာ “သျှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ဆက်စပ်ပြီး မီးရှို့ဖျက်ဆီးခံခဲ့ရသော ယာဉ်များ၏ ယာဉ်ပိုင်ရှင်များအား တရားမ နစ်နာမှု ဥပဒေ (Tort of Law ) ကူညီကုစားပေးမည့် အစီးအစဉ် ရှိ၊ မရှိ”ကို မေးမြန်းခဲ့သည်။

ထို့ကြောင့် ထိုမေးမြန်းမှု နှင့် ပတ်သက်ပြီး သျှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင် က “ ပျက်စီးဆုံးရှုံးခဲ့တဲ့ ယာဉ်တွေနဲ့ ပတ်သတ်ပြီးတော့ အလုံးစုံမော်တော်ယာဉ်အာမခံထားရှိမှသာလျှင် ပေးလျော်နိုင်မှာဖြစ်ပြီး အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြရန် ဆောင်ရွက်လျှက်ရှိတယ်” ဟု ဖြေကြားခဲ့သည်။

ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော် ၁၆ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၁၇ ရက်နေ့မှ စတင်ကျင်းပသည်။

Photo Credit to Kutkai Youth-

သျှမ်းပြည်မြောက်ပိုင်းတွင် ဩဂုတ်လ ၁၅ ရက်နေ့မှစတင်သည့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် အစိုးရတပ်မတော်ကြားတိုက်ပွဲကြောင့် ဒေသခံလူထု၏ ပြည်ထောင်စုလမ်းမတလျှောက်သွားလာသည့် မော်တော်ယာဉ်များ ၂၂ စီးထက်မနည်း မီးရှို့ဖျက်ဆီးခံရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့များက ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်း မြောက် မူဆယ် သျှမ်း၊ ကချင်၊ တအာင်း(ပလောင်) လူငယ်များ ပထမဆုံးအကြိမ် သျှမ်းလွှတ်တော် လေ့လာခွင့်ရ

0
သျှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ရှိ သျှမ်း၊ ကချင်၊ တအာင်း(ပလောင်) စာပေ နှင့် ယဉ်ကျေးမှု မှ လူငယ် ၄၃ ဦးသည် သျှမ်းပြည်နယ် လွှတ်တော် ကို ပထမဆုံး အကြိမ် သွားရောက်လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။ သျှမ်းပြည်နယ် မူဆယ်မြို့ မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်...