သျှမ်း မြောက် မူဆယ် သျှမ်း၊ ကချင်၊ တအာင်း(ပလောင်) လူငယ်များ ပထမဆုံးအကြိမ် သျှမ်းလွှတ်တော် လေ့လာခွင့်ရ

သျှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ရှိ သျှမ်း၊ ကချင်၊ တအာင်း(ပလောင်) စာပေ နှင့် ယဉ်ကျေးမှု မှ လူငယ် ၄၃ ဦးသည် သျှမ်းပြည်နယ် လွှတ်တော် ကို ပထမဆုံး အကြိမ် သွားရောက်လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

Photo by – sai lao hlaing pan/ မူဆယ် သျှမ်း၊ ကချင်၊ တအာင်း(ပလောင်) စာပေ နှင့် ယဉ်ကျေးမှု မှ လူငယ် ၅၄ ဦး ဇွန်လ ၁၄ ရက် ၂၀၁၉ ကသျှမ်းပြည်နယ် လွှတ်တော် ကို ပထမဆုံး အကြိမ် သွားရောက်လေ့လာ

သျှမ်းပြည်နယ် မူဆယ်မြို့ မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းကျော်သိန်း နှင့် မူဆယ်မြို့ မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကိန်မိုင် ၏ ဖိတ်ကြားချက် အရ မူဆယ်မြို့ရှိ သျှမ်းလူငယ် ၁၅ ဦး၊ ကချင်လူငယ် ၁၄ ဦးနှင့် တအောင်း (ပလောင်)လူငယ် ၁၄ ဦး တို့  ဇွန်လ ၁၂ ရက်နေ့က သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

“ သျှမ်းပြည်နယ် လွှတ်တော် ထဲကို ဒါက ကျနော် အတွက် ပထမဆုံးအကြိမ်ပါ။ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ ဘယ်လိုတွေလုပ်ဆောင်နေကြတာတွေ လေ့လာခဲ့ရတယ်။ တရက်တည်း လေ့လာရတဲ့အတွက် သိပ် အားမရခဲ့ဘူး” ဟု မူဆယ်မြို့ သျှမ်းစာပေနှင့် ယဉ်ကျေးမှု မှ စိုင်းဆိုင်လှိုင်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

သျှမ်းပြည်နယ် လွှတ်တော် အတွင်း မေးမြန်းမှုတွေ ကိုလည်း မျက်မြင်တွေ့ရှိခဲ့ရကြောင်း၊ လူငယ်များအနေဖြင့် ပိုပြီး လာရောက်လေ့လာသင့်ကြောင်း ၄င်းက ဆိုသည်။

“ ကျနော် လွှတ်တော်ထဲမှာ ဘာမြင်ရလဲဆိုရင် သျှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ကြယ်ပွင့်ပြ မေးခွန်းတွေ မှာ အများစုက လမ်းပန်းဆက်သွယ်ရေးနဲ့ ပတ်သတ်တဲ့ မေးခွန်းတွေဖြစ်တယ်။ ဒီမေးခွန်းကို ကြည့်လိုက်ရင် သျှမ်းပြည်နယ်တွင် လမ်းပန်း ဆက်သွယ်ရေး အလွန်လိုနေတာကိုတွေ့ရတယ်” ဟု စိုင်းဆိုင်လှိုင်းက ဆိုသည်။

ထို့ပြင် လမ်းပန်းဆက်သွယ်ရေး နှင့် ပတ်သတ်ပြီး လုပ်ပေးရန် အစီစဉ်မရှိသေးကြောင်း ဆိုသည့် အဖြေ များနေကြောင်း၊ ထိုအဖြေကို ကျေနပ်မှု သိပ်မရှိကြောင်းလည်း သျှမ်းလွှတ်တော်ကို သွားရောက်လေ့လာသည့် စိုင်းဆိုင်လှိုင်းက ပြောသည်။

လူငယ်များအနေဖြင့် သျှမ်းပြည်နယ် လွှတ်တော် ၊ ပြည်ထောင်စုလွှတ်တော် ကို သွားရောက်လေ့လာသင့်ကြောင်း၊ ထိုမှသာ ကိုယ့်ပြည်နယ် လိုအပ်ချက် နှင့် လွှတ်တော်ဆောင်ရွက်ချက်တွေကို ပိုမိုသိလာနိုင်သည် ဟု လည်း စိုင်းဆိုင်လှိုင်းက မှတ်ချက်ပြုလိုက်သည်။

အဆိုပါ မူဆယ် တိုင်းရင်းသားလူငယ်များသည် မိုင်းပွန်မြို့ရှိ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း ဟော်နန်း၊ ပင်လုံကျောက်တို်င်၊ပင်တယ တို့ကို ဆက်လက် ပြီးသွားရောက်လေ့လာ ကြမည် ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...