Thursday, January 29, 2026

မူဆယ် တရုတ် ယာယီနိုင်ငံကူးလက်မှတ်(အစိမ်းရောင်ကဒ်) တရုတ်ဘက် လက်မခံ  

သျှမ်းပြည်မြောက်ပိုင်း မြန်မာ တရုတ်နယ်စပ် မူဆယ်မြို့ တွင် မြန်မာအာဏာပိုင်များပြုလုပ်ပေးသည့် တရုတ်နိုင်ငံကူး Temporary Border Pass (ယာယီ ဖြတ်ကူးခွင့်လက်မှတ်) ကို တရုတ်ဘက်ခြမ်းမှ လက်မခံမှုများရှိနေကြောင်း သတင်းရရှိသည်။

Photo by SHAN- မြန်မာတရုတ်နယ်စပ် မူဆယ်မြို့ နယ်ခြားဂိတ်တွင်လူများစည်ကား

တရုတ်ဘက်ခြမ်းကူးရန်အတွက် ယာယီဖြတ်ကူးခွင့်လက်မှတ်ကို တရုတ်ဘက်မှ  လက်မခံသည်မှာ တပတ်ကျော်ရှိပြီဖြစ်ကြောင်း ၊ ထိုအတွက်   မြန်မာဘက်ခြမ်းမှပြည်သူများအခက်တွေ့နေကြောင်း မူဆယ်မြို့ ဒေသခံများ ကပြောသည်။

“ မြန်မာအာဏာပိုင်တွေလုပ်ပေးတဲ့  တခါသုံးကဒ်က ပုံ သိပ်မမြင်ရ တာကြောင့် လို့ပြောတယ်။ တရုတ် ဘက်က အဲ့ကဒ်ကို လက်မခံဘူးဖြစ်နေတယ်။ မြန်မာဘက်က လိုအပ်ချက်တွေပါ” ဟု မူဆယ်မြို့ ဒေသခံ တဦးဖြစ်သည့် စိုင်းဖ က သျှမ်းသံတော်ဆင့် သို့ပြောသည်။

 

တရုတ်ဘက်ခြမ်းကူးရန် တခါသုံးကဒ် အစိမ်းရောင်ကဒ် ကို တရုတ်အာဏာပိုင်များ လက်မခံ သည့်အတွက် တရုတ်နိုင်ငံကူးမည့်သူများသည် အနီရောင် စာအုပ်ကို ဈေးကြီးပေးဆောင်ရပြီး ပြုလုပ်နေရကြောင်း လည်း စိုင်းဖ က ပြောသည်။

တခါးသုံးကဒ်( အစိမ်းရောင်ကဒ်)သည် ရက်သတ္တပတ် (၇)ရက် အသုံးပြုလို့ရသည့် ကဒ်ဖြစ်သည်။

Photo by Muse Youth/ တရုတ်-မြန်မာနယ်စပ်ဂိတ်ဖြတ်သန်းရာတွင် မြန်မာဘက်ခြမ်းမှ ပြုလုပ်ပေးသည့် တခါသုံးကဒ် Temporary Border Pass

မြန်မာဘက်ခြမ်းမှ လူမှုဝင်ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား (လဝက) ကပြုလုပ်ပေးသော  တရုတ်နယ်စပ်ကူး အဆိုပါ တခါသုံးအစိမ်းရောင်ကဒ်များကို  ခရီးသွားများက ၁၀၀၀ မှ ၂၀၀၀ အထိ ပေးဆောင်နေရကြောင်းသိရသည်။

လက်ရှိတွင် အစိမ်းရောင်ကဒ်ကိုတရုတ်ကလက်မခံသဖြင့် အနီရောင်နယ်ခြားကူးစာအုပ်ကို  ပြုလုပ်ရာ တအုပ်လျှင် ကျပ်ငွေ ၅ သောင်း ကုန်ကျကြောင်း မူဆယ်ဒေသခံများက ပြောပြသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလကလည်း မြန်မာဘက်မှ တခါသုံးကဒ် (အစိမ်းရောင်ကဒ်)များကို   တရုတ်ဘက်မှ လက်မခံမှု ဖြစ်ပွားခဲ့သေးသည်။

“ များသောအားဖြင့် တခါသုံးကဒ်တွေက မူဆယ်ဒေသခံ မဟုတ်တဲ့တခြားနယ်က လူတွေ လုပ်တာများတယ်။ ၇ ရက် ဟိုဘက်မှာ အလုပ်သွားရှာတယ်။ အခုတော့ နယ်စပ်ဝင်ဂိတ်တွေမှာ လူတွေများနေတယ်” ဟုလည်း တရုတ်နိုင်ငံသို့ အလုပ်လုပ်ရန်သွားမည် အာကာ က ပြောသည်။

မူဆယ် နယ်စပ်ပေါက် မှ နှစ် နိုင်ငံ ဖြတ်သန်းသွားလာရန် တခါသုံးကဒ်နှင့် Border Pass (BP) စာအုပ်အနီရောင် ပြုလုပ်သူများသည် တရက်လျှင် ၄သောင်း မှ ၅သောင်းခန့်ရှိကြောင်းသိရသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News