လယ်ယာခြံမြေအတွင်းသီးနှံများ ဆွတ်ခူးရန်နှင့် ကျောင်းနေအရွယ်ကလေးများ စာမေးပွဲဖြေဆိုခွင့်ရရေးအတွက် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း စစ်ရေးတင်းမာနေမှုများ လျှော့ချ၊ ရပ်တန့်ပေးရန် စစ်ဘေးရှောင်များက လိုလား ကြောင်း သျှမ်းသံတော်ဆင့်အားပြောသည်။ ဘုန်းကြီးကျောင်းများတွင် တလနီးပါး စစ်ဘေးရှောင်ခိုလှုံကာ နေရပ်မပြန်နိုင်သေးသော စစ်ဘေးရှောင်များက ဇန်နဝါရီလ ၂၁ ရက်နေ့က သျှမ်းသံတော်ဆင့်မှဆက်သွယ်မေးမြန်းရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ နားမခေါ်ဘုန်းကြီးကျောင်းရောက် စစ်လေးရှောင်အမျိုးသမီးတဦးက -...
စစ်ဘေးရှောင်နေစဉ်ရွာသားတဦး မတော်တဆထိခိုက်မှုကြောင့် သေဆုံး
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း တိုက်ပွဲကြောင့် စစ်ဘေးရှောင်သည့်ဒေသခံတဦး မတော်တဆထိခိုက်မှုဖြစ်ပွါးကာ သေဆုံးခဲ့မှုဖြစ်ပွါးခဲ့သည်။ ဇန်နဝါရီလ ၁၄ ရက်ညပိုင်းက သီပေါမြို့နယ်ခိုင်းဟျိုးရွာအနီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ခိုင်းဟျိုးရွာသားများ ဘုန်းကြီးကျောင်းသို့ ခိုလှုံရန်နေအိမ်မှထွက်ပြေးကြရာ ဒေသခံရွာသား တဦး မောင်းနှင်လာသော ဆိုင်ကယ်တစီး သစ်ပင်နှင့်တိုက်မိကာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ နားမခေါ်ဘုန်းကြီးကျောင်းရောက် ခိုင်းဟျိုးရွာသားတဦးက - “ည ၈ နာရီအချိန်...
အဝေးသင် ကျောင်းသား အနီးကပ် ၂ ကြိမ် တက်ရမည့်အပေါ် အခက်အခဲရှိဟုဆို
အဝေးသင် ဝိဇ္ဇာဘာသာရပ်အထူးပြု ကျောင်းသားများ အနီးကပ် ၂ ကြိမ် တက်ရမည့်အတွက် အခက်အခဲများစွာ ရှိကြောင်း သိရသည်။ အဝေးသင် ပညာရေး အရည်အသွေး မြင့်မားစေရန် တနိုင်ငံလုံးရှိ အဝေးသင် (ဝိဇ္ဇာ) အနီးကပ် ၁၀ ရက်အစား ၅ ရက် ၂ ကြိမ် တက်ရန်...
မြေလွှတ်မြေရိုင်းနှင့်ပတ်သက်ပြီး SNLD လွှတ်တော်ကိုယ်စားလှယ်များ လူထုနှင့်တွေ့ဆုံဆွေးနွေးဖလှယ်
ဗဟိုရုံးချုပ်မှအကြံပေးလမ်းညွှန်မှုဖြင့် ကျားခေါင်းပါတီ SNLD လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ် တိုင်းမှ ပါတီအလုပ်အမှုဆောင်များက မိမိဒေသအတွင်း ဒေသခံလူထုနှင့်တွေ့ဆုံကာ မြေလွှတ်၊မြေလပ်နှင့် မြေရိုင်းများနှင့်ပတ်သက်သည်များ ဆွေးနွေးရှင်းလင်းဖလှယ်မှုပြုခဲ့ကြကြောင်းသိရသည်။ လားရှိုးမြို့နယ် SNLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက - "တကယ်လို့ မြေလွှတ် မြေရိုင်းတွေကို တရားဝင် လျှောက်လွှာတင် တောင်းမယ်ဆိုရင်လူထုအနေနဲ့ ဘာအခွင့်အရေးတွေရမလဲ။ တကယ်လို့...
ထိုင်း နယ်စပ်ရောက် မိုင်းပန် စစ်ဘေးရှောင် ၃၀၀ ကျော် နေရပ်ပြန်
စစ်ရေးတင်းမာမှုကြောင့် ထိုင်း နယ်စပ် သို့ ထွက်ပြေးတိမ်းရှောင်နေသည့် သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ် ပန်ပိတောင်ပေါ်မှ စစ်ဘေးရှောင် ရွာသား ၃၀၀ ကျော် မှာ ယနေ့နေ့ခင်းပိုင်း နေရပ်သို့ ပြန်ရောက်ပြီဖြစ်ကြောင်းသိရသည်။ မိုင်းပန်မြို့နယ် နားမွန်အုပ်စု မိုက်ပုတ်ရွာ ပန်ပိရွာ နောင်ချိုရွာမှ စစ်ဘေးရှောင် ရွာသား ၃၀၀...
မန္တလေးတိုင်း တိုင်းရင်းသားရေးရာဝန်ကြီးအား ပြန်လည်စီစစ်ပေးရန် SNLD တောင်းဆို
မန္တလေးတိုင်း တိုင်းရင်းသားရေးရာဝန်ကြီးအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ပြန်လည်စီစစ်ပေးပါရန် SNLD ပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုက်တွန်းတောင်းဆိုလိုက်သည်။ မန္တလေးတိုင်း တိုင်းရင်းသားရေးရာဝန်ကြီး အတွက်ပါ၀င်ယှဉ်ပြိုင်သည့် ကျားခေါင်းပါတီက နန်းထွေးမှုံက - “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံကိုကျမတို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က စာတင်တယ်။ မန္တလေးတိုင်း သျှမ်းတိုင်းရင်းသားရေးရာဝန်ကြီးရွေးကောက်ပွဲတုန်းက သျှမ်းမဟုတ်တာတွေလာပြီး မဲပေးတာ တွေရှိတယ်။...
အချင်းချင်းချစ်ကြည် ညီညွတ်ဖို့ မိုင်းဖုန်းဆရာတော်တရားဟော
အချင်းချင်းချစ်ကြည် ညီညွတ်ကြရန်နှင့် ခိုက်ရန်ဖြစ်ပွါးမှုမဖြစ်ပွါးကြရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မယ့်ရင်းမြို့နယ်ရှိ ထိုင်းစစ်သင်တန်းကျောင်းတွင် တရားဒေသနာဟောကြားစဉ် မိုင်းဖုန်းဆရာတော် က မိန့်တော်မူသည်။ ဇန်နဝါရီလ ၁၆ ရက် မနက်ပိုင်းက ထိုင်းနိုင်ငံ မြောက်ပိုင်းချင်းမိုင်ခရိုင် မယ့်ရင်းမြို့နယ် ဒွန်းကျောက်အုပ်စု အမှတ် ရ စစ်သင်တန်းကျောင်းတွင် မိုင်းဖုန်းဆရာတော်ဦးဉာဏသံဝရ (ခေါ်) ခူးဝါးဝန်းစုမ့်...
သီပေါမြို့နယ်ကျေးလက်အတွင်းယနေ့မနက်အစောပိုင်းက ပစ်ခတ်သံများကြားရ ၊ လူထုစိုးရိမ်ပူပန်နေ
သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့နယ် အရှေ့တောင်ဘက်ရှိ လုံဝိုင်ရွာအနီးတွင် ပစ်ခတ်တိုက်ခိုက်မှုသံများ ယနေ့မနက်အစောပိုင်းကကြားရသဖြင့် ဒေသခံများစိုးရိမ်ထိတ်လန့်မှုရှိနေကြောင်းသိရသည်။ သီပေါမြို့နယ်အရှေ့တောင်ဘက် ၂၃ မိုင်ခန့်ဝေးသောကုန်းဆော့အုပ်စုဝင် လုံဝိုင်ရွာနှင့် နောင်အန်အုပ်စုဝင် နောင်လောင်းရွာကြား ဇန်နဝါရီလ ၁၆ ရက် မနက် ရ နာရီအချိန်ခန့်က ပစ်ခတ်သံများကြားရခြင်းဖြစ်ကြောင်း ကုန်းဆော့အုပ်စုမှ ရွာသားတဦးကပြောသည်။ “အခုပစ်ခတ်သံတော့ငြိမ်နေပြီ။ ဘယ်အဖွဲ့နဲ့ဘယ်အဖွဲ့လဲဆိုတာ တော့ကျနော်တို့အသေအချာမသိရသေးဘူး။ ဒါပေမယ့် သျှမ်း...
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် (ဟော်နန်းဟောင်းဝင်း) အတွင်းရှိ သမိုင်းဝင် မြို့ရှင်နတ်နန်းအားပြုပြင်မွမ်းမံအလှဆင်ရန်အတွက် နတ်နန်းဝင်းအတွင်းမိုးနဲမြို့ခံများစုပေါင်းကာ သန့်ရှင်းမှုပြုကြကြောင်းသိရသည်။ ဇန်နဝါရီလ ၁၅ ရက်ယနေ့မနက်ပိုင်းကတည်းကစပြီး ညနေပိုင်းအထိ မြို့ခံအင်အား ၁၀၀ ထက်မနဲ မြို့ရှင်နတ်နန်းဝင်းအားရှင်းလင်းမှုပြုကြခြင်းဖြစ်ကြောင်းသိရသည်။ “ဟော်စဝ်ပူစဝ်နိုင်း (စဝ်ဝမ် စဝ်မိန်း) မြို့ရှင်နတ်နန်းဝင်းကို ပြန်လည်မွမ်းမံဖို့။ အဲဒီဝင်းမှာ ပန်းခြံလေး အလှအပလေးလုပ်ထားဖို့ စုပေါင်းရှင်းလင်းကြတာဖြစ်တယ်။...
ရလခ တိုင်းရုံးမှ စီစဉ်ညွှန်ကြားမှုဖြင့် မိုင်းပန်စစ်ဘေးရှောင်များ နေရပ်ပြန်
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နောင်မွန်အုပ်စုအတွင်း လက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးတင်းမာမှုကြောင့် နေရပ်မှ အသီးသီး စွန့်ခွါ စစ်ရှောင်နေသည့်ရွာသားများအား နေရပ်ရင်းပြန်ကြရန် ရလခတိုင်းမှ ဆင့်ဆို ညွန်ကြားခဲ့ပြီး စစ်ကား ရ စီးဖြင့် စစ်ရှောင်များအား ပို့ဆောင်ခဲ့ကြောင်းသိရသည်။ လင်းခေးမြို့သို့ စစ်ရှောင်အဖြစ်သွားရောက်ခိုလှုံနေသော မိုင်းပန်မြို့နယ် နောင်မွန်အုပ်စု လုံချိုရွာသား ရ၀ ကျော်အား...





