မြန်မာနိုင်ငံသား ၂ဦးကို ထိုင်းရဲ မှ ဖမ်းဝရမ်းထုတ်

ထိုင်းနိုင်ငံသို့ ၇ ရက်သက်တမ်းအလည်အပတ်ဝင်ခွင့်ကတ်ဖြင့်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂ ဦးအား ထိုင်းရဲတပ်ဖွဲ့  ဖမ်းဝရမ်းထုတ် ထားကြောင်း သတင်းရရှိသည်။

Photo by Chiang Mai News- ထိုင်းရဲများဖမ်း၀ရမ်းထုတ်ကြေငြာထားသောမြန်မာနိုင်ငံသား ၂ ဦး

ဖမ်းဝရမ်း ထုတ်ပြန်ခံရသူများမှာ အသက် ၂၆ နှစ် အရွယ်  မဦးသန်းခင် နှင့် အသက် ၂၈ နှစ် အရွယ် မောင်မောင်စိုး တို့ ဖြစ်ပြီး မြန်မာအစိုးရဘက်မှ  ကူညီဖမ်းဆီးပေးရန် တောင်းဆို ချက်အရ ဖမ်း၀ရမ်းထုတ်ရခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များပြောသည်ဟု ထိုင်းနိုင်ငံချင်းမိုင်နယူးစ်သတင်းဌာနက သတင်းရေးသားဖော်ပြထားသည်။

စက်တင်ဘာ ၁၀ ရက်နေ့က မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် မြို့သစ် (၅)ရပ်ကွက်ရှိ နေအိမ်တွင် လက်နက်ခဲယမ်းများနှင့်လူ ၄ ဦးကို ဖမ်းဆီးရမိပြီး ၎င်းတို့အနက် ၂ ဦးမှာထွက်ပြေးလွှတ်မြောက်ခဲ့သည် ။

၎င်းတို့သည် ရခိုင့်တပ်မတော် AA  အဖွဲ့ဝင်များဖြစ်သည်ဟုယူဆရကြောင်းမြန်မာနိုင်ငံဘက်မှ ပြောဆိုသဖြင့် သံသယရှိသူ   မဦးသန်းခင်နှင့် မောင်စိုးတို့ အား  ထိုင်းအာဏာပိုင်များကဖမ်း၀ရမ်းထုတ်လိုက်ခြင်းဖြစ်ကြောင်း  ထိုင်းသတင်းတွင်ဖော်ပြထားသည်။

ဖမ်းဝရမ်းထုတ်ခံရ သူ ၂ ဦးသည် မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင် နယ်စပ် တံတားမှ စက် တင်ဘာ ၈ ရက်နေ့က (၇  ရက်သက်တမ်းရှိ) တရားဝင် ယာယီ နိုင်ငံကူးလက်မှတ် ဖြင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ခဲ့ကြသည်ကို ထိုင်းနိုင်ငံနယ်စပ် စီစီတီဗွီ မှတ်တမ်းအရ တွေ့ရပြီး ၄င်တို့သည် ယနေ့တိုင်ထိုင်းနိုင်ငံမှ  ထွက်ခွါခြင်းမရှိကြသေးကြောင်းလည်း ထိုင်းရဲများကကြေငြာထားသည်။

Photo by Chiang Mai News-မဦးသန်းခင် နှင့် မောင်မောင်စိုး တို့ကို ထိုင်းနယ်စပ် စီစီတီဗွီမှ မြင်တွေ့ရကြောင်း ထိုင်းရဲများထုတ်ပြန်

မဦးသန်းခင်တို့ ၂ ဦးသည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အတွင်းဝင်လာစဉ်အဖြူရောင်  ဂျပ်ဖာ ကို  သယ်ဆောင်လာခဲ့ကြကြောင်း လည်း တီဗွီမှတ်တမ်းအရ သိရသည်။

လက်ရှိတွင် ထိုင်း-မြန်မာ နယ်စပ် တလျှောက်ရှိ ဂိတ်များအားလုံး စိစစ်ရန်လည်း ထိုင်းရဲဌာန က ပြောဆိုထားသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ က မန္တလေး ချမ်းမြသာစည်မြို့နယ် မြို့သစ် (၅) ရပ်ကွက်တွင် THLIRAYA XT-ITTE. Satellite Phone (အသစ်)  (၄၀) လုံး၊ မှန်ပြောင်း (BAIGISH) Made in Russia ၃ ခု၊ GARMIN (GPS+GLONASS) ၂၅လုံး၊ ယမ်းတုံး ဟု ယူဆရသော အထုတ် (၂၈) ထုပ်၊ ဒီတိုနီတာ ၁၀၀ ထုပ်ပါ(၁၀)ခု၊ ဖယောင်းချောင်း ၃၅ချောင်း၊ စက္ကူဖြူ ၁၅လိပ် ပါ(၃)ထုပ်၊ ယမ်းဖြူ ဟု ယူဆရသော (ဆာလာအိတ် ) ၅ အိတ် နှင့် စက္ကူညို (၁)ထုပ် နှင့် လူ ၄ ဦးတို့ ကို မြန်မာရဲမျာက ရှာဖွေတွေ့ရှိ ဖမ်းဆီးထားသည်ဟုလည်း သိရသည်။

 

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဏာသိမ်းသမ္မတ သြဂုတ်လဆန်း ဘန်ကောက်လာမည်

0
မြန်မာ့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် သျှာန်ဗီရကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက AFP သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁...

တာချီလိတ်နယ်စပ် ပတ်စပိုစ့် ရှိသော်လည်း ဘတ်ထောင်ချီပေးမှ ဖြတ်သန်းခွင့်ရနေ

0
စစ်မှုထမ်းဥပဒေကြောင့် တာချီလိတ်မှတစ်ဆင့် ပြည်ပထွက်ခွာသူ များပြားလာပြီး တရားဝင် ပတ်စပိုစ့်ရှိသူများပင် စစ်ကော်မရှင်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ထိုင်းငွေ ဘတ်ထောင်ချီ တောင်းခံမှုများရှိနေကြောင်း သတင်းရရှိသည်။ လက်ရှိ မြေပြင်ပေါက်ဈေးအရ အလည်အပတ် ပတ်စပိုစ့် (PV) ကိုင်ဆောင်သူများသည် တရားဝင်ဟု ဆိုသော်လည်း နယ်စပ်ဖြတ်ကျော်ရန် တံတားဖြတ်ခအဖြစ် ထိုင်းဘတ်ငွေ ၃,၀၀၀ ခန့်...

အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် သြဂုတ်လဆန်းတွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်မည်

0
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး အဖြစ်မှ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူထားသူ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လဆန်းပိုင်းတွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် လာရောက်ရန်ရှိနေကြောင်း ဘန်ကောက်ပို့စ် သတင်းတွင်ဖော်ပြသည်။ ယခုခရီးစဉ်သည် ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲအပြီး သမ္မတရာထူး ရယူခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုသို့ ဒုတိယအကြိမ်မြောက် သွားရောက်မည့် ခရီးစဉ်...

ထိုင်းနိုင်ငံ ပတ္တရားမြို့တွင် EAOs နှင့် NSPNC တို့ကို အာဆီယံအထူးကိုယ်စားလှယ် သီးခြားစီတွေ့ဆုံ

0
လက်ရှိ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ လာဇရိုသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ EAOs များနှင့် စစ်အစိုးရလက်အောက်ခံ NSPNC ကိုယ်စားလှယ်တို့ကို သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၂ ရက်) တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ လက်ရှိ အာဆီယံဥက္ကဋ္ဌ၏...

ချင်းမိုင်တွင် မြေအောက်ဘန်ကာတစ်ခုအတွင်းမှ စိတ်ကြွဆေး ၇ သန်းကျော်ထပ်မံဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်း တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်တစ်ခုကို ဖမ်းဆီးရမိပြီး စိတ်ကြွဆေးပြား (ယာဘ) ၇.၃ သန်းကျော်နှင့် စိတ်ကြွဆေးခဲ (အိုက်စ်) ၂၅၀ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူ ၃ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ (ဇွန်လ ၂၃ ရက်) မွန်းလွဲပိုင်းတွင်...