Wednesday, January 28, 2026

မြန်မာနိုင်ငံသား ၂ဦးကို ထိုင်းရဲ မှ ဖမ်းဝရမ်းထုတ်

ထိုင်းနိုင်ငံသို့ ၇ ရက်သက်တမ်းအလည်အပတ်ဝင်ခွင့်ကတ်ဖြင့်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂ ဦးအား ထိုင်းရဲတပ်ဖွဲ့  ဖမ်းဝရမ်းထုတ် ထားကြောင်း သတင်းရရှိသည်။

Photo by Chiang Mai News- ထိုင်းရဲများဖမ်း၀ရမ်းထုတ်ကြေငြာထားသောမြန်မာနိုင်ငံသား ၂ ဦး

ဖမ်းဝရမ်း ထုတ်ပြန်ခံရသူများမှာ အသက် ၂၆ နှစ် အရွယ်  မဦးသန်းခင် နှင့် အသက် ၂၈ နှစ် အရွယ် မောင်မောင်စိုး တို့ ဖြစ်ပြီး မြန်မာအစိုးရဘက်မှ  ကူညီဖမ်းဆီးပေးရန် တောင်းဆို ချက်အရ ဖမ်း၀ရမ်းထုတ်ရခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များပြောသည်ဟု ထိုင်းနိုင်ငံချင်းမိုင်နယူးစ်သတင်းဌာနက သတင်းရေးသားဖော်ပြထားသည်။

စက်တင်ဘာ ၁၀ ရက်နေ့က မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် မြို့သစ် (၅)ရပ်ကွက်ရှိ နေအိမ်တွင် လက်နက်ခဲယမ်းများနှင့်လူ ၄ ဦးကို ဖမ်းဆီးရမိပြီး ၎င်းတို့အနက် ၂ ဦးမှာထွက်ပြေးလွှတ်မြောက်ခဲ့သည် ။

၎င်းတို့သည် ရခိုင့်တပ်မတော် AA  အဖွဲ့ဝင်များဖြစ်သည်ဟုယူဆရကြောင်းမြန်မာနိုင်ငံဘက်မှ ပြောဆိုသဖြင့် သံသယရှိသူ   မဦးသန်းခင်နှင့် မောင်စိုးတို့ အား  ထိုင်းအာဏာပိုင်များကဖမ်း၀ရမ်းထုတ်လိုက်ခြင်းဖြစ်ကြောင်း  ထိုင်းသတင်းတွင်ဖော်ပြထားသည်။

ဖမ်းဝရမ်းထုတ်ခံရ သူ ၂ ဦးသည် မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင် နယ်စပ် တံတားမှ စက် တင်ဘာ ၈ ရက်နေ့က (၇  ရက်သက်တမ်းရှိ) တရားဝင် ယာယီ နိုင်ငံကူးလက်မှတ် ဖြင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ခဲ့ကြသည်ကို ထိုင်းနိုင်ငံနယ်စပ် စီစီတီဗွီ မှတ်တမ်းအရ တွေ့ရပြီး ၄င်တို့သည် ယနေ့တိုင်ထိုင်းနိုင်ငံမှ  ထွက်ခွါခြင်းမရှိကြသေးကြောင်းလည်း ထိုင်းရဲများကကြေငြာထားသည်။

Photo by Chiang Mai News-မဦးသန်းခင် နှင့် မောင်မောင်စိုး တို့ကို ထိုင်းနယ်စပ် စီစီတီဗွီမှ မြင်တွေ့ရကြောင်း ထိုင်းရဲများထုတ်ပြန်

မဦးသန်းခင်တို့ ၂ ဦးသည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အတွင်းဝင်လာစဉ်အဖြူရောင်  ဂျပ်ဖာ ကို  သယ်ဆောင်လာခဲ့ကြကြောင်း လည်း တီဗွီမှတ်တမ်းအရ သိရသည်။

လက်ရှိတွင် ထိုင်း-မြန်မာ နယ်စပ် တလျှောက်ရှိ ဂိတ်များအားလုံး စိစစ်ရန်လည်း ထိုင်းရဲဌာန က ပြောဆိုထားသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ က မန္တလေး ချမ်းမြသာစည်မြို့နယ် မြို့သစ် (၅) ရပ်ကွက်တွင် THLIRAYA XT-ITTE. Satellite Phone (အသစ်)  (၄၀) လုံး၊ မှန်ပြောင်း (BAIGISH) Made in Russia ၃ ခု၊ GARMIN (GPS+GLONASS) ၂၅လုံး၊ ယမ်းတုံး ဟု ယူဆရသော အထုတ် (၂၈) ထုပ်၊ ဒီတိုနီတာ ၁၀၀ ထုပ်ပါ(၁၀)ခု၊ ဖယောင်းချောင်း ၃၅ချောင်း၊ စက္ကူဖြူ ၁၅လိပ် ပါ(၃)ထုပ်၊ ယမ်းဖြူ ဟု ယူဆရသော (ဆာလာအိတ် ) ၅ အိတ် နှင့် စက္ကူညို (၁)ထုပ် နှင့် လူ ၄ ဦးတို့ ကို မြန်မာရဲမျာက ရှာဖွေတွေ့ရှိ ဖမ်းဆီးထားသည်ဟုလည်း သိရသည်။

 

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အဖမ်းအဆီးကြမ်းနေသည့် ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ သတိထားရန်လို

0
ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နှင်းရေး အရှိန်တိုးမြှင့် လုပ်ဆောင်မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပြီးနောက် ယခုရက်ပိုင်းအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆက်တိုက်ဖမ်းဆီးခံနေရကြောင်း သိရသည်။ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေသူများနှင့် ထိုင်းနိုင်ငံသားများသာ လုပ်ပိုင်ခွင့်ရှိပြီး နိုင်ငံခြားသားများကို တားမြစ်ထားသော လုပ်ငန်းအမျိုးအစားများတွင် လုပ်ကိုင်နေသူများအား တစ်နိုင်ငံလုံးအနေဖြင့် ရှာဖွေဖမ်းဆီးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက...

ထိုင်းရောက် မြန်မာများ ဥပဒေနှင့် စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာရန် NUG အသိပေး

0
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားမှုများ ဆက်တိုက်ဖြစ်ပေါ်လာပြီးနောက် ထိုင်းနိုင်ငံ၏ ဥပဒေနှင့် စည်းမျဉ်းများ၊ စည်းကမ်းများအပါအဝင် မြန်မာနိုင်ငံသားများ လိုက်နာနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အချက် ၄ ချက်ကို ဇန်နဝါရီလ ၁၄ ရက်တွင် ထုတ်ပြန်အသိပေး လိုက်သည်။ အဆိုပါထုတ်ပြန်ချက်ထဲတွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံ၏...

ဘတ်ရိုက်ခြင်း (သို့မဟုတ်) ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းကြသူများ

0
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဒီဇင်ဘာလ ၁၂ ရက်မှစ၍ အလုပ်လုပ်ခွင့်လက်မှတ် Work Permit (ဝေါ့ခ်ပါမစ်) အသစ်ပြုလုပ်ပေးရန် အမည်စာရင်း တင်သွင်းနိုင်ပြီဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဒီဇင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ ယခုအခါ အလုပ်လုပ်ခွင့်လက်မှတ် (ဝေါ့ခ်ပါမစ်) ပြုလုပ်ရန်...

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသော မြန်မာ ၁၆၂ ဦး ဖမ်းခံရ

0
ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၆၂ ဦးကို ကန်ချနပူရီခရိုင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့ (အောက်တိုဘာလ ၁၉) ရက် နံနက် ၉ နာရီခွဲတွင် ကန်ချနပူရီခရိုင် ဘန်ဟင်လမ် ကျေးရွာအုပ်စု အမှတ် ၅ အတွင်းရှိ တောထဲတွင် တရားမဝင်...

မဲခေါင်မြစ်မှတဆင့် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်သို့ တင်ပို့မည့် စိတ်ကြွဆေးပြား ခြောက်သန်းဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် Wiang Kaen မြို့နယ်နှင့် Chiang Khong မြို့နယ်ရှိ မဲခေါင်မြစ်မှတစ်ဆင့် ချင်းမိုင်ခရိုင်သို့ တင်ပို့မည့် စိတ်ကြွဆေးပြား ခြောက်သန်းကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ အဆိုပါမူးယစ်ဆေးဝါးများကို (စက်တင်ဘာလ ၁၂ ရက်)က ချင်းရိုင်ခရိုင် Chiang Khong မြို့နယ်တွင်...