Sunday, February 1, 2026

CATEGORY

သတင်း

ပစ်ခတ်မှုရပ်ပေးရေး သီပေါမြို့ခံ ၃၀၀၀ ကျော် လက်မှတ်ရေးထိုးကာ သျှမ်းတပ်ဖွဲ့ခေါင်းဆောင်များထံပေးပို့

ယမန်နှစ်ကတည်းက စစ်ဘေးရှောင်နေခဲ့ရသော သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကျေးလက်ဒေသခံလူထုမှာ  နေရပ်ပြန်ကာ အေးချမ်းစွာနေထိုင် လုပ်ကိုင်စားသောက်နိုင်ရေးအတွက် တပ် ၂ ဖက်မှခေါင်းဆောင်များအမြန်ဆုံးတွေ့ဆုံကာအပစ်ရပ်ပေးရန် စာရေးလက်မှတ်ရေးထိုးကာ ပေးပို့ခဲ့ကြောင်းသိရသည်။ သီပေါမြို့နယ် ဆီထောက်အုပ်စုမှ ဒေသခံ  ၃၀၅၄ ဦးမှာ ဇန်နဝါရီလ ၂၂ ရက်နေ့က လက်မှတ်ရေးထိုးကာ ကျားခေါင်းပါတီလွှတ်တော်ကိုယ်စားလှယ်ထံ ပေးပို့လိုက်ခြင်းဖြစ်သည်။ “သီပေါမြို့နယ် ကျားခေါင်းပါတီရုံးကိုပေးပို့ထားပါတယ်။ ...

အပစ်ရပ် ၊ အပစ်မရပ် လက်နက်ကိုင်တပ်ဖွဲ့များအားလုံးအပါအဝင် RCSS/SSA ကို အစိုးရတပ်မတော်အထူးသတိပေး

(တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ၀က်ပ်ဆိုက်မှကူးယူဖော်ပြထားသည်) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်အပေါ် သတိပေးသတင်း ထုတ်ပြန်ခြင်း ၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက နိုင်ငံအတွင်း ရေရှည်တည်တံ့ခိုင်မြဲသော ထာဝရငြိမ်းချမ်းရေးရရှိစေရန် ရည်ရွယ်၍ “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်” အား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့၌ ထုတ်ပြန်ကြေညာပြီး ဖြစ်ပါသည်။ ၂။ ကြေညာချက်၌...

သီပေါရှိ စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေး စားသောက်ဖွယ်ရာများလိုအပ်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နားမခေါ်အုပ်စု နားမခေါ်ဘုန်းကြီးကျောင်းတွင်ရောက်ရှိနေသော စစ်ဘေး ရှောင် ၅၀၀ ကျော်အတွက် စေတနာရှင်များ၏ အလှူငွေဖြင့် ဒေသတွင်းလူငယ်ထုမှ ကူညီ ထောက်ပ့ံမှုများ ပေးအပ်ခဲ့ကြောင်းသိရသည်။   ဇန်နဝါရီလ ၂၃ နှင့် ၂၄ ရက်နေ့က တာချီလိတ်မြို့မှ အလှူရှင်ကြီး ဦးကျော်ငြိမ်း ဒေါ်နန်းစံဖောင်းတို့၏ ကူညီထောက်ပ့ံမှုပစ္စည်များနှင့်အတူ ခိုလမ်၊...

လွိုင်ကော်မြို့ ဓမ္မကျောင်းစာမေးပွဲ သျှမ်းလူငယ် ၀င်ရောက်ဖြေဆိုသူများပြား

ကယားပြည်နယ်လွိုင်ကော်မြို့တွင် ဒေသခံ သျှမ်းလူမျိုးများ၏ စတုတ္ထအကြိမ်မြောက် Sunday Dahmma School သင်တန်းကျောင်း စာမေးပွဲ ကျင်းပရာ ၀င်ရောက်ဖြေဆိုသူ ဒေသခံသျှမ်းလူငယ်များ ယခင်နှစ်များ ထက် ဖြေဆိုသူဦးရေ များပြားကြောင်းသိရသည်။ ၂၀၁၈- ၂၀၁၉ ဓမ္မသင်တန်းကျောင်းတွင် သင်တန်းဆရာစုစုပေါင်း ၁၀ ဦး၊ သင်တန်းသား ၂၀၈ ဦးရှိပြီး...

မိုင်းပန်မြို့တွင် မိုင်းဖုန်းဆရာတော်အုဋ်မြစ်ချပေးထားသည့်စေတီတော်တည်ဆောက်ရေးအတွက် ဒေသခံများ ကာယကုသိုလ်ပြု

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နောင်ဟီးအုပ်စု နောင်ကန်ရွာရှိ နန်းယေ့ဆိုင်ကော်ကန်တွင် မိုင်းဖုန်းဆရာတော်မိန့်တော်မူသည့် ဆုတောင်းပြည့်စေတီတော် တည်ဆောက်ရေးအတွက် မိုင်းပန်လူထုမှ အုတ်၊ သဲများသယ်ယူပို့ဆောင်ခြင်းဖြင့် ကာယကုသိုလ်ယူ နေကြကြောင်းသိရသည်။ ဇန်နဝါရီလ ၂၀ ရက်နေ့မှစတင်ကာ မိုင်းပန်ဒေသခံလူထုစုပေါင်းအင်အားဖြင့် စေတီတော်တည်ဆောက်ရေးအတွက် အုတ်၊သဲ၊ကျောက်များ ကာယကုသိုလ်ပြု သယ်နေကြခြင်းဖြစ်သည်။ “သျှမ်းနှစ်သစ်ကူးနေ့က မိုင်းဖုန်းဆရာတော် ခူးဝါးဝန်းစုမ့် နောင်နန်းယေ့ဆိုင်ကော် ရေကန်ကိုကြွပြီး...

CSSU တာဝန်ကျ ဥက္ကဌ တနှစ်တာ ဘာတွေလုပ်ပြီး ( စိုင်းအိုက်ပေါင်းအား ဆက်သွယ်မေးမြန်းချက်)

သျှမ်းနိုင်ငံရေးပါတီတွေ သျှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ သျှမ်းလူမှုအခြေပြုအဖွဲ့အစည်းတွေကနေစုပေါင်း ဖွဲ့စည်ထားတဲ့ သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ဟာ တနှစ်တကြိမ် အလုပ်အမှုဆောင်ကော်မတီနဲ့ ခေါင်းဆောင်ကြီးကို ပြန်လည်ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။ CSSU ရဲ့အလှည့်ကျဥက္ကဌအဖြစ် ပြီးခဲ့တဲ့ ၂၀၁၈ ဖေဖော်ဝါရီလက တာဝန်ကျဆောင်ရွက်လာတဲ့ SNDP ကျားဖြူပါတီဥက္ကဌ စိုင်းအိုက်ပေါင်းဟာ ဒီတနှစ်အတွင်း CSSU ရဲ့လုပ်ငန်းဆောင်တာတွေအပေါ် ဘယ်လိုမြင်ပါသလဲ။...

သီပေါ စစ်ရှောင်ရွာသားတဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာ့လုံရွာအနီးယနေ့ဖြစ်ပွါးသောတိုက်ပွဲကြောင့်  စစ်ဘေးရှောင်ရွာသားတဦး ကျည်စထိမှန်ဒဏ်ရာအပြင်းအထန်ရရှိသဖြင့်သီပေါဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုနေရကြောင်းသိရသည်။ ဇန်နဝါရီလ ၂၂ ရင် ယနေ့မွန်းလွဲပိုင်းက နားမခေါ်အုပ်စု တာ့လုံရွာအနီး ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးရာ ရွာသားများနည်းတူ ရွာသားစိုင်ကမ် (အသက် ၂၂ နှစ်) စစ်ဘေးရှောင်နေစဉ် လမ်းတွင်လက်နက်ကြီးကျည်ကျသဖြင့် ကျည်စထိမှန်ကာဒဏ်ရာအပြင်းအထန်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ နားမခေါ်ဘုန်းကြီးကျောင်းရောက်စစ်ဘေးရှောင်အမျိုးသား စိုင်းစိုင်း က- “ပစ်ခတ်သံစစကြားတုန်းက သူထွက်မပြေးရဲဘူး။...

တာချီလိတ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား တရားခံ ထွက်ပြေးနေ

သျှမ်းပြည်နယ် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ် တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသားတဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ဇန်နဝါရီလ ၂၁ ရက် မနက် ၁ နာရီအချိန်တွင် မယ်ခေါင်ရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်ရှိ ၉ ၉ ၉ အကင်ဆိုင်တွင် သောက်စားမူးယစ်ကြပြီးနောက် ပခုံးချင်းတိုက်မိရာမှ အချေအတင်စကားများကြပြီး...

“ သီးခြားလွတ်လပ်သော ကချင်နိုင်ငံတည်ထောင်ရန်” ကြေငြာချက်အား သျှမ်းနီကန့်ကွက်

ကချင်ပြည်နယ်ကို “ သီးခြားလွတ်လပ်သော ကချင်နိုင်ငံတည်ထောင်ရန်” ကချင်၏ ထုတ်ပြန်ကြေငြာချက်အပေါ် သျှမ်းနီ ပြည်သူများက ကန့်ကွက်ကြောင်း သိရသည်။ ဇန်နဝါရီ ၁၈ ရက်က သျှမ်းနီနွယ်ဖွား လူငယ်များအဖွဲ့ချုပ်၊ သျှမ်းနီအမျိုးသားတပ်မတော် နှင့် သျှမ်းနီ(တိုင်းလိုင်) နှင့် မြောက်ပိုင်း သျှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီတို့က တပြိုင်တည်းကြေငြာချက် ထုတ်ပြန် ခဲ့သည်။ ပြည်ပအခြေစိုက်...

မိုင်းလားတပ်ဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်း UWSA ခေါင်းဆောင်နှင့်တွေ့ဆုံ

အထူးဒေသ ၄ မိုင်းလားခေါင်းဆောင်နှင့်အဖွဲ့သည် နှစ်သစ်ကူးမေးမြန်းရေး ချစ်ကြည်ရင်းနှီးမှုခရီးစဉ်အဖြစ် ၀ တပ်ဖွဲ့ခေါင်းဆောင်အား ပန်ဆန်းဌာနချုပ် သို့သွားရောက်တွေ့ဆုံခဲ့ကြောင်းသိရသည်။ ဇန်နဝါရီလ ၁၅ နှင့် ၁၆ ရက်နေ့က ဥက္ကဌကြီး ဦးစိုင်းလင်း ဦးဆောင်သည့် အထူးဒေသ ၄ ကိုယ်စားလှယ်အဖွဲ့သည် UWSA ခေါင်းဆောင် ဒု- ဥက္ကဌ ဦးရှောက်မင်လျန်ဦးဆောင်သောအဖွဲ့အား...

Latest news