Wednesday, January 28, 2026

လဲချားမြို့တွင် ချယ်ရီ မေတ္တာ ဖောင်ဒေးရှင်းမှ အခမဲ့ မျက်စိ စမ်းသပ် ကုသပေးနေ

သျှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့တွင် အခမဲ့ မျက်စိ ကုသပေးနေကြောင်း သတင်းရရှိသည်။

Photo by – Sao Pandava/အောက်တိုဘာလ ၁ ရက်မှ ၆ ရက်နေ့အထိ လဲချားမြို့တွင် ချယ်ရီ မေတ္တာ ဖောင်ဒေးရှင်း မှအခမဲ့ မျက်စိ စမ်းသပ် ကုသပေးနေ

အဆိုပါ မျက်စိကုသမှုကို အောက်တိုဘာ ၁ ရက် မှ ၄ ရက်ထိ စမ်းသပ်ပေးပြီး၊ ခွဲစိတ်မှု ကိုတော့ အောက်တိုဘာ ၅ ရက်နှင့် ၆ ရက်တို့တွင်ပြုလုပ်ပေးမည်ဖြစ်ကြောင်း၊ ထို အခမဲ့ ကုသပေး မှု အားလုံးသည် ချယ်ရီ မေတ္တာ ဖောင်ဒေးရှင်း အဖွဲ့ ၏ စက္ခုဒါန ဖြစ်ကြောင်း လဲချားမြို့မှ ကျောင်းပန် စာသင်ကျောင်းတိုက် မှ ဆရာတော် စဝ်ပန္တဝ က သျှမ်းသံတော်ဆင့် ကို မိန့်ကြားသည်။

Photo by – Sao Pandava/အောက်တိုဘာလ ၁ ရက်မှ ၆ ရက်နေ့အထိ လဲချားမြို့တွင် ချယ်ရီ မေတ္တာ ဖောင်ဒေးရှင်း မှအခမဲ့ မျက်စိ စမ်းသပ် ကုသပေးနေ

“မျက်စိဆေး လာစစ်တဲ့သူ ကုတဲ့သူ ဒီနေ့ထိဆို ရင်တော့ ၃၀၀၀ လောက်ရှိပြီ။ ခွဲစိတ်မယ့်သူ ၁၄၂ ဦးလောက်ရှိမယ်။ အများစုက မျက်စိတိမ်တွေဖြစ်တယ်” ဟု ဆရာတော်   က မိန့်သည်။

မျက်စိ ခွဲစိတ်ရမည့်သူများကို  အောက်တိုဘာ ၅ ရက် မှ ၆ ရက်နေ့ထိ လဲချား ဆေးရုံတွင် အခမဲ့ ခွဲစိတ်ပေးသွားမည် ဟုလည်း ဆရာတော်က ထပ်မံ မိန့်သည်။

လက်ရှိ မျက်စိ ဆေးလာကုသည့် သူများသည် လွိုင်လင်မြို့ နှင့် လဲချား ပတ်ဝန်းကျင် မှ ပြည်သူများအပြင် မိုင်းနောင်၊ ကျေးသီး နှင့် မိုင်းကိုင် ဘက်မှ ဒေသခံများလည်း လာကြကြောင်း သိရသည်။

အဆိုပါမျက်စိ လာရောက်စမ်းသပ် ကုသသူများသည် ကျောင်းသားအရွယ် မှ အသက်ကြီး ရွယ်အိုထိ ရှိကြောင်းလည်း သိရသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လဲချားမြို့ စိုက်ပျိုးရေးပစ္စည်းရောင်းသူ နေအိမ်ကို  ဓားပြတိုက်ခံရ

0
သျှမ်းပြည် လဲချားမြို့ စိုက်ပျိုးရေး ရောင်းဝယ်သည့် မိသားစု နေအိမ်ကို အမည်မသိ လက်နက်ကိုင်အမျိုးသား၅ဦး က ဝင်ရောက် ဓားပြတိုက်ခဲ့ပြီး ကျပ်သိန်း ၂ထောင်ခန့်ပါသွားကြောင်း သတင်းရရှိသည်။   ယမန်နေ့ ( အောက်တိုဘာလ ၃ ရက်) ညနေ ၄ နာရီဝန်းကျင် လဲချားမြို့ ရပ်ကွက် (...

လဲချားမြို့ ဈေးအတွင်းရှိ “ခမ်းလီ”ရွှေဆိုင် ဓားပြတိုက်ခံရ

0
သျှမ်းပြည် လဲချားမြို့ရှိ ဈေးအတွင်း၌ ဖွင့်လှစ်ထားသော "ခမ်းလီ"ရွှေဆိုင်အား အမည်မသိ အမျိုးသားတစ်ဦး၏ သေနတ်ဖြင့်ခြိမ်းခြောက်ကာ ဓားပြတိုက်ခြင်းခံရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၃ ရက်) နေ့လယ် ၂ နာရီခွဲခန့်က လဲချားမြို့ ရပ်ကွက်(၁)မှ ဈေးအရှေ့ဘက်တွင် လာရောက်ဖွင့်လှစ်ထားသော “ခမ်းလီ”ရွှေဆိုင်ကို အမည်မသိ အမျိုးသားတစ်ဦးက သေနတ်ဖြင့်ခြိမ်းခြောက်ပြီး...

လဲချားမြို့နယ် စစ်ကောင်စီက အရပ်သား ၂ ဦးကို သေနတ်နဲ့ ပစ်၊ ၁ ဦးသေ

0
သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ (သြဂုတ် ၁၆) ရက် နံနက်ပိုင်းတွင် ဆိုင်ကယ် စီးနင်းလာသည့် အရပ်သား နှစ်ဦးကို သေနတ်ဖြင့် ပစ်လိုက်သည့်အတွက် တစ်ဦးသေ တစ်ဦးဒဏ်ရာရသွားကြောင်း သိရသည်။ . ဖြစ်စဥ်မှာ ယနေ့ (သြဂုတ်လ ၁၆) ရက် နံနက်ပိုင်း ၁၁...

လဲချားမြို့နယ် စစ်ကောင်စီ ဂျက်လေယာဥ် ဖြင့် (၄) ကြိမ်ထက်မနည်း လာရောက်ပျံဝဲ

0
သျှမ်းပြည် လဲချားမြို့နယ်အတွင်း စစ်ကောင်စီ သည် ဂျက်ဖိုက်တာဖြင့် (၄) ကြိမ်ထက်မနည်း လာရောက် ပျံဝဲကြောင်း စုံစမ်း သိရှိရသည်။ . ပြီးခဲ့သည့် သြဂုတ် (၆) ရက်နေ့က စတင်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ယမန်နေ့ သြဂုတ်...

လဲချားမြို့နယ် SSPP နှင့် တိုက်ရန် ပြည်သူ့စစ်များကို စစ်ကောင်စီ ခေါ်ယူ

0
သျှမ်းပြည် လဲချားမြို့နယ်အတွင်း စစ်ကောင်စီမှ စစ်အင်အား ဆက်တိုက် တိုးချဲ့နေသည့်အပြင် ပြည်သူ့စစ်တပ်ဖွဲ့ တစ်ဖွဲ့လျှင် တပ်သား ၁၀၀ ပါဝင်ပေးရန်လည်း တောင်းယူနေကြောင်း စုံစမ်းသိရသည်။ . စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ( SSPP/SSA) တို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း လဲချားမြို့နယ်အတွင်း စစ်ရေးတင်းမာ နေလျက်ရှိသည့်အပြင် စစ်ကောင်စီဘက်မှလည်း...