Wednesday, January 28, 2026

လဲချားမြို့နယ် စစ်ကောင်စီ ဂျက်လေယာဥ် ဖြင့် (၄) ကြိမ်ထက်မနည်း လာရောက်ပျံဝဲ

သျှမ်းပြည် လဲချားမြို့နယ်အတွင်း စစ်ကောင်စီ သည် ဂျက်ဖိုက်တာဖြင့် (၄) ကြိမ်ထက်မနည်း လာရောက် ပျံဝဲကြောင်း စုံစမ်း သိရှိရသည်။

.

ပြီးခဲ့သည့် သြဂုတ် (၆) ရက်နေ့က စတင်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ယမန်နေ့ သြဂုတ် (၁၅) ရက်ထိ စစ်ကောင်စီသည် ဂျက်လေယာဥ်ဖြင့် (၄) ကြိမ်ထက်မနည်း လာရောက် ပျံဝဲနေကြောင်း စုံစမ်း သိရှိရသည်။

လဲချားမြို့နယ်အတွင်း သြဂုတ် ၉ ရက် စစ်ကောင်စီ ဂျက်ဖိုက်တာ လာရောက်ပျံသန်း

“မနေ့ နေ့လည် ၁၂ နာရီလောက်က ဂျက်လေယာဥ် ပျံဝဲလာတာ တွေ့ရတယ်။ ဒီတစ်ခါတော့ သူတို့ မြင့်မြင့် ပျံဝဲသွားတယ်။ စစ်ကောင်စီဘက် အင်အားဖြည့်တင်းတာတော့ မကြားမိသေးဘူး။ SSPP ဘက်တော့ စစ်အင်အားဖြည့်လာတာတော့ တွေ့ရတယ်။ တိုက်ပွဲပြင်းထန်လာမှာကိုတော့ ကျနော်တို့ ဒေသခံတွေတော့ စိုးရိမ်တယ်” ဟု လဲချားဒေသခံ တစ်ဦး ကပြောသည်။

ပြီးခဲ့သည့် သြဂုတ် (၉) ရက် မနက် ၁၀ နာရီခွဲ ဝန်းကျင်က နမ့်စန်ဘက်မှ ပျံလာသည့် ဂျက်လေယာဥ် တစ်ကြိမ် ပျံဝဲလာကြောင်း၊ နေ့လည် ၁၂ နာရီဝန်းကျင်မှာ ထပ်မံပြီး တစ်ကြိမ် ပျံဝဲလာကြောင်း၊ သြဂုတ် (၁၀) ရက် နေ့လည်ပိုင်းအချိန်မှာ ထပ်မံပြီး တစ်ကြိမ် လာရောက် ပျံဝဲခဲ့ကြောင်း လဲချားမြို့နယ်အတွင်း SSPP စစ်ရေးလှုပ်ရှားသည့် အရာရှိတစ်ဦး ကပြောသည်။

“မနေ့က တိုက်လေယာဥ် နဲ့ ၂ ကြိမ်တောင် လာရောက် ပျံဝဲတာရှိတယ်။ နမ့်စန်ဘက်ကနေ လာတာတွေ့ရတယ်။ သူတို့က ကန်းအွန်၊ ဟိုင်းဆိုင် နဲ့ လဲချား ဘက် လာပတ်တာရှိတယ်။ တကယ်လို့ သူတို့ စစ်အင်အားဖြည့်တင်းပြီး တိုက်ခိုက် လာရင်တော့ တိုက်ပွဲက ကြီးလာနိုင်တယ်။ လက်ရှိ တိုက်ပွဲကတော့ ငြိမ်နေတယ်။ နှစ်ဖက်စစ်ရေး တင်းမာမှု ရှိနေတယ်” ဟု SSPP စစ်ရေးလှုပ်ရှားသည့် အရာရှိ တစ်ဦး ကပြောသည်။

စစ်ကောင်စီတပ်သည် လဲချားမြို့နယ်အတွင်း နယ်မြေတိုးချဲ့ စစ်ရေးလှုပ်ရှားရန်အတွက် ပြည်သူ့စစ်တပ်ဖွဲ့များဖြစ်ကြသော PNO အပါအဝင် SSS (မဟာဂျာ) ပြည်သူ့စစ်၊ မက်ကျန်းပြည်သူ့စစ် နှင့် နားရိုင်းပြည်သူ့စစ်များ ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ နှင့် SSPP တို့ တိုက်ပွဲ မဖြစ်ပွားစေရန်အတွက် နေပြည်တော်မှ သက်ဆိုင်ရာတိုင်းမှူး နှင့် တာဝန်ရှိသူများကို ညွှန်ကြားမှု ရှိလာသည်။

လဲချားမြို့နယ်မှ SSPP/SSA နှင့် စစ်ကောင်စီတို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြား စစ်ကောင်စီဘက်မှ တပ်သား ၁၀ ဦး ကျော် သေဆုံးသည့်အပြင် အရှင်ဖမ်းမိသူ ၂ ဦး၊ သေနတ် ၂ လက် နှင့် ကား တစ်စီးကို လည်း ဖမ်းဆီးရမိကြောင်း SSPP/SSA က သြဂုတ် ၇ ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...