လဲချားမြို့နယ် စစ်ကောင်စီ ဂျက်လေယာဥ် ဖြင့် (၄) ကြိမ်ထက်မနည်း လာရောက်ပျံဝဲ

သျှမ်းပြည် လဲချားမြို့နယ်အတွင်း စစ်ကောင်စီ သည် ဂျက်ဖိုက်တာဖြင့် (၄) ကြိမ်ထက်မနည်း လာရောက် ပျံဝဲကြောင်း စုံစမ်း သိရှိရသည်။

.

ပြီးခဲ့သည့် သြဂုတ် (၆) ရက်နေ့က စတင်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ယမန်နေ့ သြဂုတ် (၁၅) ရက်ထိ စစ်ကောင်စီသည် ဂျက်လေယာဥ်ဖြင့် (၄) ကြိမ်ထက်မနည်း လာရောက် ပျံဝဲနေကြောင်း စုံစမ်း သိရှိရသည်။

လဲချားမြို့နယ်အတွင်း သြဂုတ် ၉ ရက် စစ်ကောင်စီ ဂျက်ဖိုက်တာ လာရောက်ပျံသန်း

“မနေ့ နေ့လည် ၁၂ နာရီလောက်က ဂျက်လေယာဥ် ပျံဝဲလာတာ တွေ့ရတယ်။ ဒီတစ်ခါတော့ သူတို့ မြင့်မြင့် ပျံဝဲသွားတယ်။ စစ်ကောင်စီဘက် အင်အားဖြည့်တင်းတာတော့ မကြားမိသေးဘူး။ SSPP ဘက်တော့ စစ်အင်အားဖြည့်လာတာတော့ တွေ့ရတယ်။ တိုက်ပွဲပြင်းထန်လာမှာကိုတော့ ကျနော်တို့ ဒေသခံတွေတော့ စိုးရိမ်တယ်” ဟု လဲချားဒေသခံ တစ်ဦး ကပြောသည်။

ပြီးခဲ့သည့် သြဂုတ် (၉) ရက် မနက် ၁၀ နာရီခွဲ ဝန်းကျင်က နမ့်စန်ဘက်မှ ပျံလာသည့် ဂျက်လေယာဥ် တစ်ကြိမ် ပျံဝဲလာကြောင်း၊ နေ့လည် ၁၂ နာရီဝန်းကျင်မှာ ထပ်မံပြီး တစ်ကြိမ် ပျံဝဲလာကြောင်း၊ သြဂုတ် (၁၀) ရက် နေ့လည်ပိုင်းအချိန်မှာ ထပ်မံပြီး တစ်ကြိမ် လာရောက် ပျံဝဲခဲ့ကြောင်း လဲချားမြို့နယ်အတွင်း SSPP စစ်ရေးလှုပ်ရှားသည့် အရာရှိတစ်ဦး ကပြောသည်။

“မနေ့က တိုက်လေယာဥ် နဲ့ ၂ ကြိမ်တောင် လာရောက် ပျံဝဲတာရှိတယ်။ နမ့်စန်ဘက်ကနေ လာတာတွေ့ရတယ်။ သူတို့က ကန်းအွန်၊ ဟိုင်းဆိုင် နဲ့ လဲချား ဘက် လာပတ်တာရှိတယ်။ တကယ်လို့ သူတို့ စစ်အင်အားဖြည့်တင်းပြီး တိုက်ခိုက် လာရင်တော့ တိုက်ပွဲက ကြီးလာနိုင်တယ်။ လက်ရှိ တိုက်ပွဲကတော့ ငြိမ်နေတယ်။ နှစ်ဖက်စစ်ရေး တင်းမာမှု ရှိနေတယ်” ဟု SSPP စစ်ရေးလှုပ်ရှားသည့် အရာရှိ တစ်ဦး ကပြောသည်။

စစ်ကောင်စီတပ်သည် လဲချားမြို့နယ်အတွင်း နယ်မြေတိုးချဲ့ စစ်ရေးလှုပ်ရှားရန်အတွက် ပြည်သူ့စစ်တပ်ဖွဲ့များဖြစ်ကြသော PNO အပါအဝင် SSS (မဟာဂျာ) ပြည်သူ့စစ်၊ မက်ကျန်းပြည်သူ့စစ် နှင့် နားရိုင်းပြည်သူ့စစ်များ ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ နှင့် SSPP တို့ တိုက်ပွဲ မဖြစ်ပွားစေရန်အတွက် နေပြည်တော်မှ သက်ဆိုင်ရာတိုင်းမှူး နှင့် တာဝန်ရှိသူများကို ညွှန်ကြားမှု ရှိလာသည်။

လဲချားမြို့နယ်မှ SSPP/SSA နှင့် စစ်ကောင်စီတို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြား စစ်ကောင်စီဘက်မှ တပ်သား ၁၀ ဦး ကျော် သေဆုံးသည့်အပြင် အရှင်ဖမ်းမိသူ ၂ ဦး၊ သေနတ် ၂ လက် နှင့် ကား တစ်စီးကို လည်း ဖမ်းဆီးရမိကြောင်း SSPP/SSA က သြဂုတ် ၇ ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...