Wednesday, January 28, 2026

လဲချားမြို့နယ် စစ်ကောင်စီက အရပ်သား ၂ ဦးကို သေနတ်နဲ့ ပစ်၊ ၁ ဦးသေ

သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ (သြဂုတ် ၁၆) ရက် နံနက်ပိုင်းတွင် ဆိုင်ကယ် စီးနင်းလာသည့် အရပ်သား နှစ်ဦးကို သေနတ်ဖြင့် ပစ်လိုက်သည့်အတွက် တစ်ဦးသေ တစ်ဦးဒဏ်ရာရသွားကြောင်း သိရသည်။

.

ဖြစ်စဥ်မှာ ယနေ့ (သြဂုတ်လ ၁၆) ရက် နံနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် လဲချားမြို့နယ် မက်လန်းကျေးရွာ အတွင်းရှိ စားသောက်ဆိုင် ရှေ့ တစ်ခုတွင် ဆိုင်ကယ်ဦးတည် မောင်းနင်လာသည့် အရပ်သားနှစ်ဦးကို ဆိုင်ကယ်ရပ်ခိုင်းရာမှ မရပ်သည့် အတွက် သေနတ်ဖြင့် ပစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“အမျိုးသား နှစ်ဦးက ဆိုင်ကယ် တစ်စီးအတူတူ စီးလာတာ၊ ပတ်ဝန်းကျင် ပြောသံအရတော့ အဲ့မှာ စောင့်နေတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်က တားတာ ချက်ချင်းမရပ်လို့ ပစ်လိုက်တာလို့ သိရတယ်၊ တကယ်ဟုတ်မဟုတ်တော့ မသိဘူး၊ ဒါပေမယ့် ၁ ဦး သေသွားတာတော့ သေချာတယ်” ဟု လဲချားဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မက်လန်းကျေးရွာ

စစ်ကောင်စီမှ သေနတ်ဖြင့် ပစ်လိုက်သည့်အတွက်ကြောင့် ဆိုင်ကယ်မောင်းနင်လာသည့် အရပ်သား ၂ ဦးမှ ၁ ဦး ပွဲချင်းပြီး သေဆုံးသွားရပြီး ၁ ဦးက ဒဏ်ရာ ရသွားကြောင်းလည်း ဒေသခံများ ပြောပြချက်အရ သိရသည်။

လက်ရှိတွင် ဒဏ်ရာရသည့် အမျိုးသားကို လဲချားမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး သေဆုံးသည့် အမျိုးသား အကြောင်းကို မသိရသေးကြောင်းလည်း အထက်ပါ ဒေသခံက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“အလောင်းကို သူတို့ (စစ်ကောင်စီ) ဘက် ဘယ်လို လုပ်ဆောင်လိုက်လဲ ဆိုတာကိုတော့ မသိဘူး။ ဒဏ်ရာရတဲ့သူကိုတော့ လဲချားဆေးရုံ ပို့ပေးထားတယ်။ အခုလည်း မြေပြင်မှာ စစ်ရေးတင်းမာမှုတွေ ရှိနေသေးလို့ ရွာသားတွေ သွားမမေးရဲဘူး။ အပစ်ခံရတဲ့ သူတွေက အိမ်ပြန်လာကြည့်တဲ့ စစ်ရှောင်တွေ ဖြစ်လောက်တယ်” ဟု အထက်ပါ လဲချား ဒေသခံ အမျိုးသား ဆက်ပြောသည်။

အရပ်သား သေဆုံးသည် အထိ သေနတ်ဖြင့် ပစ်ခတ်မှု ပြုလုပ်ခဲ့သည့် စစ်ကောင်စီ တပ်ဖွဲ့သည် ခိုလမ်မြို့အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ ၅၃၇ ဖြစ်ပြီး အဆိုပါ စစ်ကောင်စီ အဖွဲ့သည် လက်ရှိအချိန်အထိ မက်လန်းကျေးရွာအတွင်း၌ ရှိနေဆဲ ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်မှ စတင်ကာ လဲချားမြို့နယ်အတွင်း၌ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) နှင့် စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ယနေ့အချိန်ထိ စစ်ရေးတင်းမာမှု ရှိနေသေးသည့်အတွက် စစ်ရှောင်ထွက်ပြေးသွားသည့် ဒေသခံများကလည်း နေရပ် မပြန်နိုင်သေးကြောင်း သိရသည်။

ယင်းထိတွေ့တိုက်ပွဲ နောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့သည် ဒေသအတွင်း စစ်ရေးအင်အားဖြည့်တင်းမှုများ အပြင်၊ ရွာအဝင်အထွက်များကို ပိတ်ပြီး ဒေသခံများကို စစ်ရှောင်ခွင့် မပေးခြင်း၊ လေယာဥ်ဖြင့် ပျံဝဲခြိမ်းခြောက် ခြင်းများ ပြုလုပ်နေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...