လဲချားမြို့နယ် စစ်ကောင်စီက အရပ်သား ၂ ဦးကို သေနတ်နဲ့ ပစ်၊ ၁ ဦးသေ

သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ (သြဂုတ် ၁၆) ရက် နံနက်ပိုင်းတွင် ဆိုင်ကယ် စီးနင်းလာသည့် အရပ်သား နှစ်ဦးကို သေနတ်ဖြင့် ပစ်လိုက်သည့်အတွက် တစ်ဦးသေ တစ်ဦးဒဏ်ရာရသွားကြောင်း သိရသည်။

.

ဖြစ်စဥ်မှာ ယနေ့ (သြဂုတ်လ ၁၆) ရက် နံနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် လဲချားမြို့နယ် မက်လန်းကျေးရွာ အတွင်းရှိ စားသောက်ဆိုင် ရှေ့ တစ်ခုတွင် ဆိုင်ကယ်ဦးတည် မောင်းနင်လာသည့် အရပ်သားနှစ်ဦးကို ဆိုင်ကယ်ရပ်ခိုင်းရာမှ မရပ်သည့် အတွက် သေနတ်ဖြင့် ပစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“အမျိုးသား နှစ်ဦးက ဆိုင်ကယ် တစ်စီးအတူတူ စီးလာတာ၊ ပတ်ဝန်းကျင် ပြောသံအရတော့ အဲ့မှာ စောင့်နေတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်က တားတာ ချက်ချင်းမရပ်လို့ ပစ်လိုက်တာလို့ သိရတယ်၊ တကယ်ဟုတ်မဟုတ်တော့ မသိဘူး၊ ဒါပေမယ့် ၁ ဦး သေသွားတာတော့ သေချာတယ်” ဟု လဲချားဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မက်လန်းကျေးရွာ

စစ်ကောင်စီမှ သေနတ်ဖြင့် ပစ်လိုက်သည့်အတွက်ကြောင့် ဆိုင်ကယ်မောင်းနင်လာသည့် အရပ်သား ၂ ဦးမှ ၁ ဦး ပွဲချင်းပြီး သေဆုံးသွားရပြီး ၁ ဦးက ဒဏ်ရာ ရသွားကြောင်းလည်း ဒေသခံများ ပြောပြချက်အရ သိရသည်။

လက်ရှိတွင် ဒဏ်ရာရသည့် အမျိုးသားကို လဲချားမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး သေဆုံးသည့် အမျိုးသား အကြောင်းကို မသိရသေးကြောင်းလည်း အထက်ပါ ဒေသခံက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“အလောင်းကို သူတို့ (စစ်ကောင်စီ) ဘက် ဘယ်လို လုပ်ဆောင်လိုက်လဲ ဆိုတာကိုတော့ မသိဘူး။ ဒဏ်ရာရတဲ့သူကိုတော့ လဲချားဆေးရုံ ပို့ပေးထားတယ်။ အခုလည်း မြေပြင်မှာ စစ်ရေးတင်းမာမှုတွေ ရှိနေသေးလို့ ရွာသားတွေ သွားမမေးရဲဘူး။ အပစ်ခံရတဲ့ သူတွေက အိမ်ပြန်လာကြည့်တဲ့ စစ်ရှောင်တွေ ဖြစ်လောက်တယ်” ဟု အထက်ပါ လဲချား ဒေသခံ အမျိုးသား ဆက်ပြောသည်။

အရပ်သား သေဆုံးသည် အထိ သေနတ်ဖြင့် ပစ်ခတ်မှု ပြုလုပ်ခဲ့သည့် စစ်ကောင်စီ တပ်ဖွဲ့သည် ခိုလမ်မြို့အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ ၅၃၇ ဖြစ်ပြီး အဆိုပါ စစ်ကောင်စီ အဖွဲ့သည် လက်ရှိအချိန်အထိ မက်လန်းကျေးရွာအတွင်း၌ ရှိနေဆဲ ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်မှ စတင်ကာ လဲချားမြို့နယ်အတွင်း၌ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) နှင့် စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ယနေ့အချိန်ထိ စစ်ရေးတင်းမာမှု ရှိနေသေးသည့်အတွက် စစ်ရှောင်ထွက်ပြေးသွားသည့် ဒေသခံများကလည်း နေရပ် မပြန်နိုင်သေးကြောင်း သိရသည်။

ယင်းထိတွေ့တိုက်ပွဲ နောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့သည် ဒေသအတွင်း စစ်ရေးအင်အားဖြည့်တင်းမှုများ အပြင်၊ ရွာအဝင်အထွက်များကို ပိတ်ပြီး ဒေသခံများကို စစ်ရှောင်ခွင့် မပေးခြင်း၊ လေယာဥ်ဖြင့် ပျံဝဲခြိမ်းခြောက် ခြင်းများ ပြုလုပ်နေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...