Wednesday, January 28, 2026

လဲချားမြို့ ဈေးအတွင်းရှိ “ခမ်းလီ”ရွှေဆိုင် ဓားပြတိုက်ခံရ

သျှမ်းပြည် လဲချားမြို့ရှိ ဈေးအတွင်း၌ ဖွင့်လှစ်ထားသော “ခမ်းလီ”ရွှေဆိုင်အား အမည်မသိ အမျိုးသားတစ်ဦး၏ သေနတ်ဖြင့်ခြိမ်းခြောက်ကာ ဓားပြတိုက်ခြင်းခံရကြောင်း စုံစမ်းသိရသည်။

လဲချားစျေး

ယနေ့ (ဇန်နဝါရီလ ၃ ရက်) နေ့လယ် ၂ နာရီခွဲခန့်က လဲချားမြို့ ရပ်ကွက်(၁)မှ ဈေးအရှေ့ဘက်တွင် လာရောက်ဖွင့်လှစ်ထားသော “ခမ်းလီ”ရွှေဆိုင်ကို အမည်မသိ အမျိုးသားတစ်ဦးက သေနတ်ဖြင့်ခြိမ်းခြောက်ပြီး ဆိုင်အတွင်းရှိ ရွှေ ၃ ကျပ်သားခန့်နှင့် ငွေသားများကို ဓားပြတိုက် လုယူသွားကြောင်း လဲချားမြို့ ဒေသခံများက ပြောသည်။

“ဓားပြတိုက်သွားတဲ့တစ်ယောက်က နှာခေါင်းစည်း တပ်ထားပြီးတော့ ဆိုင်ကယ်ဦးထုပ်လဲ ဆောင်းထားတာ ရွှေဝယ်မယ့်ပုံစံနဲ့ ဆိုင်ထဲဝင်လာတယ်။ ဆိုင်ရှင်က ထုတ်ပြတော့ ၂ ကျပ်သားကျော်လောက်ရှိတဲ့ ရွှေဆွဲကြိုးကို သူ့အိတ်ထဲ ထည့်ပြီး ဆိုင်ရှင်ကို သေနတ်ပြ ခြိမ်းခြောက်သွားတာ။ ငွေသားကတော့ ဘယ်လောက်ပါသွားလဲ မသိရဘူး”ဟု လဲချားမြို့မှ ‌ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လဲချားမြို့ရှိ “ခမ်းလီ”ရွှေဆိုင်ကို ‌ သေနတ်ဖြင့်ခြိမ်းခြောက်ပြီး ဓားပြတိုက်ခံရမှုကြောင့် ၂ ကျပ်သားခန့်ရှိ ရွှေဆွဲကြိုးတစ်ကြိုးနှင့် ၄ မူးခန့်ရှိ ရွှေလက်စွပ် ၃ ကွင်းတို့အပြင် ငွေသားများလည်း လုယူခံခဲ့ရကြောင်း လဲချားမြို့မှ ဖြစ်စဉ်သိရှိသူ ၎င်းအမျိုးသားက ဆက်ပြောသည်။

လက်ရှိအချိန်ထိ ပြစ်မှုကျူးလွန်သည့် အသက် ၅၀ နှစ်ခန့်ရှိ အမျိုးသားကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၇) ရက်ကလည်း လွိုင်လင်မြို့နယ် ပင်လုံမြို့ရှိ စျေးအရှေ့ဘက်တွင် ဖွင့်လှစ်ထားသော လျှပ်စစ်ပစ္စည်းနှင့် ဖုန်းအပိုပစ္စည်းအရောင်းဆိုင်ကို အမည်မသိ လူတစ်စုက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဆိုင်ရှင်အပါအဝင် (၄) ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ပင်လုံမြို့ဒေသခံများထံမှ သိရသည်။

ထို့အပြင် ပင်လုံ – လဲချားလမ်းပိုင်းတွင် သေနတ်ဖြင့် ခြိမ်းခြောက်ပြီး ဓားပြတိုက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိကာ လမ်းသွားလမ်းလာ ပြည်သူများ၏ ဆိုင်ကယ်များလည်း မကြာခဏ လုယက်ခံနေရကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရှူးမြို့ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ ရွှေ ၆၀ကျပ်သားနှင့် ကျပ်သိန်း ၂၀၀ ပါသွား

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် ရွှေဆိုင်တစ်ဆိုင်သည် ယနေ့ (သြဂုတ် ၁၂)ရက် ညနေ ၄နာရီခွဲဝန်းကျင်၌ ဓားပြတိုက်ခံရပြီး ရွှေ ၆၀ ကျပ်သား နှင့် မြန်မာကျပ်သိန်း (၂၀၀) ကျော်ပါသွားကြောင်း သတင်းရရှိသည်။ ယနေ့ (သြဂုတ်လ ၁၂ ရက်) ညနေ ၄ ခွဲဝန်းကျင်တွင်...

ကျိုင်းတုံတွင် ခိုးဆိုးလုယက်မှု ပိုများလာသောကြောင့် ဒေသခံများ သွားလာရေးခက်ခဲနေ

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် ခိုးဆိုးလုယက်မှု ပိုများလာသောကြောင့် ဒေသခံများ သွားလာရန်အတွက် စိုးရိမ်ပူပန်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန်လ ၂ ရက်)တွင် ကျိုင်းတုံမြို့နယ် ပန်ဆံကျကျေးရွာ အဝင်တွင် အမျိုးသမီးတစ်ဉီးကို အမည်မသိ အမျိုးသားမှ ဓားဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်သွားသည့်အပြင်၊ ကတ်ဖကျေးရွာအုပ်စု ယမ်းလှကျေးရွာအနီးတွင်လည်း အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဉီးက လက်သီးဖြင့်...

သိန္နီမြို့မဈေးထဲ ဈေးသည်အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ရိုက်နှက်ဒဏ်ရာဖြင့် သေဆုံး

0
သျှမ်းပြည် သိန္နီမြို့ရှိ မြို့မဈေးထဲတွင် ငါးခြောက်ရောင်းသည့် အမျိုးသမီးတစ်ဉီးကို အမည်မသိအမျိုးသားတစ်ဉီးက ဓားပြတိုက်ပြီး ရိုက်နှက်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) ညနေပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ရှိ မြို့မဈေး (ဈေးဟောင်း) တွင် ငါးခြောက်ရောင်းနေသော အသက် (၅၀)...

လဲချားမြို့ စိုက်ပျိုးရေးပစ္စည်းရောင်းသူ နေအိမ်ကို  ဓားပြတိုက်ခံရ

0
သျှမ်းပြည် လဲချားမြို့ စိုက်ပျိုးရေး ရောင်းဝယ်သည့် မိသားစု နေအိမ်ကို အမည်မသိ လက်နက်ကိုင်အမျိုးသား၅ဦး က ဝင်ရောက် ဓားပြတိုက်ခဲ့ပြီး ကျပ်သိန်း ၂ထောင်ခန့်ပါသွားကြောင်း သတင်းရရှိသည်။   ယမန်နေ့ ( အောက်တိုဘာလ ၃ ရက်) ညနေ ၄ နာရီဝန်းကျင် လဲချားမြို့ ရပ်ကွက် (...

မူဆယ် တရုတ်ငွေလဲလှယ်သော အမျိုးသားတစ်ဦး သေနက်ပစ် ဓားပြတိုက်ခံရ 

0
သျှမ်းပြည် မူဆယ်မြို့တွင် တရုတ်ငွေလဲလှယ်သည့် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင် အမျိုးသား ၃ ဦးက ပစ်ခတ်ပြီး ဓားပြတိုက်ကြောင်း သိရသည်။   ယမန်နေ့ (စက်တင်ဘာလ ၃၀ ရက်) နံနက် ၆ နာရီခွဲကျော် မူဆယ်မြို့ ဈေးရပ်ကွက်တွင်နေထိုင်သော အသက်  ၆၀ ကျော် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်...