သိန္နီမြို့မဈေးထဲ ဈေးသည်အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ရိုက်နှက်ဒဏ်ရာဖြင့် သေဆုံး

သျှမ်းပြည် သိန္နီမြို့ရှိ မြို့မဈေးထဲတွင် ငါးခြောက်ရောင်းသည့် အမျိုးသမီးတစ်ဉီးကို အမည်မသိအမျိုးသားတစ်ဉီးက ဓားပြတိုက်ပြီး ရိုက်နှက်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မတ်လ ၁၂ ရက်) ညနေပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ရှိ မြို့မဈေး (ဈေးဟောင်း) တွင် ငါးခြောက်ရောင်းနေသော အသက် (၅၀) ကျော်အရွယ် အမျိုးသမီးတစ်ဦးကို အမည်မသိ အမျိုးသားတစ်ဦးက ဓားပြတိုက်သွားပြီး တုတ်ဖြင့် ရိုက်နှက်ခဲ့ခြင်းကြောင့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မနေ့ညက ဘယ်အချိန် ဆုံးလဲတော့ မသိလိုက်ဘူး၊ ဒီမနက် သွားကြည့်တော့ ရိုက်နှက်ထားတဲ့ ဒဏ်ရာနဲ့ ဆုံးနေတာ။ တုတ်နဲ့ ရိုက်ထားတာ ဘေးနားမှာ ရှိနေသေးတယ်။ ဒီအန်တီက အိမ်ငှားနေတာ သိန္နီဇာတိတော့ မဟုတ်ဘူး၊ ဆုံးတဲ့အချိန်က ငါးခြောက်လာထည့်နေတဲ့အချိန် ဖြစ်သွားတာ။ အခုတော့ လုပ်တဲ့လူကို မသိသေးဘူး”ဟု သိန္နီမြို့မဈေးမှ ဈေးသည်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအချိန်ထိ ပြစ်မှုကျူးလွန်သူကို ကိုးကန့်တပ်ဖွဲ့မှ ဖမ်းဆီးရမိခြင်း မရှိသေးဘဲ လွတ်မြောက်နေဆဲဖြစ်ပြီး အသတ်ခံရသူ အမျိုးသမီး၏ ဆွေမျိုးများမှာ လားရှိုးမြို့မှ သိန္နီမြို့သို့ သွားရောက်နေကြောင်း ဒေသခံများက ပြောဆိုသည်။

ပုံစာ – သိန္နီမြို့ တပေါင်းပွဲနှင့် လောင်းကစားဝိုင်းများ

သိန္နီမြို့တွင် ဓားပြတိုက်ခံရပြီး လူသတ်ခံရသည့် ဖြစ်စဉ်များ ယခင်က မဖြစ်ခဲ့ဖူးဘဲ ကိုးကန့်တပ်ဖွဲ့မှ လောင်းကစားဝိုင်းများကို အကြီးအကျယ် ဖွင့်ခွင့်ပြုပြီးနောက် ယခု ပထမဆုံး အကြိမ် ဖြစ်ပွားခြင်းကြောင့် လုံခြုံရေး စိုးရိမ်ရကြောင်း သိရသည်။

“မြို့မှာတော့ ဒီတခေါက်ပဲ ကြုံရသေးတာ၊ လောင်းကစားဝိုင်းရှိတော့ စိတ်ပူရတယ်။ လောင်းကစားဝိုင်းက လေလံဆွဲထားတော့ အခုထိ ရှိသေးတယ်။ ဘယ်သူမှလည်း သွားပြောလို့ မရဘူးလေ၊ အရင်က ဖမ်းတာတောင် အခု လုပ်ရဲသေးတာ။ ကိုးကန့်ဘက်ကတော့ တရားခံ ဖမ်းမိဖို့ ပြည်သူတွေ ပူးပေါင်းပေးဖို့တော့ ပြောတယ်”ဟု ၎င်းဈေးသည် အမျိုးသားက ဆက်ပြောသည်။

လက်ရှိတွင် သိန္နီမြို့ တပေါင်းပွဲကို ကိုးကန့်တပ်ဖွဲ့ MNDAA ဦးဆောင်မှုဖြင့် မတ်လ (၁၀) ရက်နေ့မှ စတင်ကျင်းပနေပြီး လောင်းကစားဝိုင်းများကို အကြီးအကျယ် ဖွင့်လှစ်ခွင့် ပြုထားခြင်းကြောင့် ခိုးဆိုးလုနှိုက်နှင့် ဓားပြတိုက်မှု အန္တရာယ်ကို စိုးရိမ်ရပြီး လုံခြုံမှုပျက်ယွင်းနေသည်ဟု ခံစားရကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...

သိန္နီတွင် ယွမ်ငွေသုံးစွဲမှုကြောင့် ကျပ်ငွေကိုင်သူများ ဒုက္ခကြုံ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုနှင့်အတူ တရုတ်ယွမ်ငွေ လွှမ်းမိုးမှု မြင့်တက်လာခြင်းကြောင့် ဒေသခံပြည်သူများမျာ ကုန်ဈေးနှုန်းဒဏ်ကို ခံစားနေရကြောင်း ဒေသခံများထံမှ သိရသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် ယခုအခါ ကုန်စုံဆိုင်းများမှအစ KTV လုပ်ငန်းများအထိ တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာပြီးနောက် ယွမ်ငွေကိုသာ အဓိက...

ပန်ဆိုင်း(ကြူကုတ်)တွင် MNDAA တပ်သားသစ်ထပ်ကောက်၊ TNLA တပ်သားဟောင်းများကိုပါ စည်းရုံးနေ

0
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ပန်ဆိုင်း(ကြူကုတ်)မြို့ဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ တပ်သားသစ် ထပ်မံကောက်ခံနေပြီး TNLA တပ်သားဟောင်းများကိုပါ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မုံးကိုးမြို့ရှိ ကျေးရွာများဘက်တွင် ဧပြီလကုန်ပိုင်းမှ စတင်၍ မေလလယ်အထိ MNDAA လက်အောက်ခံ တာဝန်ရှိသူများမှ...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ကျိုင်းတုံတွင် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီး ဓားပြတိုက်ခံရပြီး သေနတ်ပစ်ခံရသေဆုံး၊ ရွှေ ၃ ပိဿ ပါသွား

0
သျှမ်းပြည် ကျိုင်းတုံမြို့ နေ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုက သေနက်ဖြင့် ပစ်ခတ်ခဲ့ပြီး ရွှေ ၃ ပိဿ နှင့် ကားကို ဓားပြတိုက်လုယူခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၁၃ ရက်) နေ့လည် ၁ နာရီကျော်တွင် ကျိုင်းတုံမြို့...