ကျိုင်းတုံတွင် ခိုးဆိုးလုယက်မှု ပိုများလာသောကြောင့် ဒေသခံများ သွားလာရေးခက်ခဲနေ

သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် ခိုးဆိုးလုယက်မှု ပိုများလာသောကြောင့် ဒေသခံများ သွားလာရန်အတွက် စိုးရိမ်ပူပန်နေကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဇွန်လ ၂ ရက်)တွင် ကျိုင်းတုံမြို့နယ် ပန်ဆံကျကျေးရွာ အဝင်တွင် အမျိုးသမီးတစ်ဉီးကို အမည်မသိ အမျိုးသားမှ ဓားဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်သွားသည့်အပြင်၊ ကတ်ဖကျေးရွာအုပ်စု ယမ်းလှကျေးရွာအနီးတွင်လည်း အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဉီးက လက်သီးဖြင့် ထိုးကာ ဆိုင်ကယ်လုယက်သွားခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ ကျိုင်းတုံဒေသခံများက ပြောသည်။

ထိုကဲ့သို့ လုယက်ခံရမှု များလာခြင်းသည် မူးယစ်ဆေးသုံးစွဲသူများ၏ လက်ချက်ဖြစ်နိုင်ကြောင်း၊ နိုင်ငံရေး မတည်ငြိမ်ခြင်း၊ စီးပွားရေး ယိုယွင်းလာခြင်းတို့ကြောင့် ခိုးဆိုးလုယက်မှု ပိုများလာကြောင်းလည်း ကျိုင်းတုံဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ခေတ်စနစ်ကလည်း ကောင်းတာ မဟုတ်ဘူး၊ ဆေးသမားတွေကလည်း ပိုပြီးများလာတာ။ စီးပွားရေးကလည်း သိတဲ့အတိုင်း ပျက်ပြားလာနေတာ။ ဒီလို လုယက်မှု ခိုးမှုတွေက ပိုတိုးလာတယ်၊ ညနေပိုင်းဆိုရင် တစ်ယောက်တည်း အပြင်မထွက်ရဲဘူး။ ယမ်းလှဘက်တို့ ပန်ဆံကျ တို့ဘက်မှာလည်း ဆိုင်ကယ်လုခံရတယ် ကြားတယ်” ဟု ကျိုင်းတုံဒေသခံ ၎င်းအမျိုးသားက ပြောသည်။

ထို့အပြင် ကျိုင်းတုံမြို့ဒေသခံများလည်း ည ၈ နာရီနောက်ပိုင်း အိမ်ပြင်မထွက်ရဲကြသကဲ့သို့ မိမိနေထိုင်သည့် ကျေးရွာ၊ ရပ်ကွက်များထဲလည်း သူစိမ်းလူများကို ဝင်ရောက်တည်းခိုခွင့် မပြုဘဲ တားမြစ်ထားရကြောင်း ၎င်းက ဆက်ပြောသည်။

ယခုရက်ပိုင်းတွင် ကျိုင်းတုံမြို့နယ်အတွင်း စစ်ကောင်စီဘက်ကလည်း အပတ်စဉ် (၁၅) ပြည်သူ့စစ်မှုထမ်း ခေါ်ယူရန်အတွက် စည်းရုံးရေး ဆင်းနေကြောင်း ဒေသခံများထံမှ သိရသည်။

“ကျနော်တို့ဘက်တော့ စစ်မှုထမ်းခေါ်တာ တစ်ရွာနဲ့ တစ်ရွာ မတူဘူး။ ကျနော်တို့ရွာကျတော့ မဲမနိုက်ရဘူး၊ အုပ်ချုပ်ရေးမှူးနဲ့ ညှိနှိုင်းပြီး လူငှားထည့်တာ။ ခုတော့ လူစားငှားထည့်တာ ဈေးကြီးလာပြီ ကျပ်သိန်း(၈၀)ကျော်ပေးပြီး ခေါ်နေရတယ်။ တစ်ရွာမှာ အိမ်ခြေတစ်ရာဆိုရင် တစ်အိမ် ကျပ်(၈၀၀၀)ပေါ့”ဟု အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကျိုင်းတုံမြို့နယ်ရှိ ကျေးရွာအများစုတွင် လူငယ်များသည် ပြည်ပထွက် အလုပ်လုပ်နေသူများနှင့် ရပ်ဝေးတွင် အိမ်ထောင်ကျနေသူ များပြီး စစ်မှုထမ်းခေါ်သည့် အချိန်တွင် အိမ်ထောင်စုဇယားထဲ၌သာ နာမည်ကျန်ရှိခြင်းကြောင့် မည်ကဲ့သို့ ဖြေရှင်းရမည်ကို တွေးပူမိကြောင်း ဆက်ပြောသည်။

“အိမ်ထောင်စုထဲပဲ နာမည်ရှိတော့တာ၊ စစ်မှုထမ်းသာ ခေါ်လာရင် ဘယ်လိုလုပ်ရမလဲ မသိဘူး။ လူစားရှာထည့်ဖို့ သိန်း(၈၀)ကလည်း မတတ်နိုင်ဘူး ဈေးကြီးတယ်လေ။ ဥပဒေက တစ်မျိုး၊ လုပ်တာက တစ်မျိုးနဲ့ ဆိုတော့ ပြည်သူတွေ ပိုခက်တာပေါ့”ဟု ကျိုင်းတုံဒေသခံ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ထို့အပြင် ကျိုင်းတုံမြို့နယ်တွင် လိုင်စင်မဲ့ယာဉ်များကို စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲများမှ အတင်းအကြပ် ဖမ်းဆီးနေမှုကြောင့် ကုန်သွယ်ရေးလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုခက်ခဲလာပြီး တွဲကားများလည်း ကျိုင်းတုံမြို့ဘက်သို့ ဖြတ်သန်းလာခြင်း မရှိတော့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

ကျိုင်းတုံ ဘုန်းကြီးကျောင်းအတွင်း အာဏာပိုင်၏ ခွင့်ပြုချက်ဖြင့် လောင်းကစားဖွင့်လှစ်နေ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ဘုန်းကြီးကျောင်းအတွင်းတစ်ခုတွင် လောင်းကစားဝိုင်းမျိုးစုံကို အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခွင့်ပေးနေကြောင်း ဒေသခံများက ပြောသည်။ ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု နောင်နွန်းကွက်သစ်ရှိ ဝိသုဒ္ဓါရုံစာသင်တိုက်အတွင်း၌ ဧပြီလ ၁ ရက်နေ့မှစတင်ကာ လောင်းကစားဝိုင်းများကို တစ်လကြာ ဖွင့်လှစ်ခွင့်ပေးထားခြင်း ဖြစ်သည်။ အဆိုပါ ဝိုင်းများတွင် ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ ပိုက်ကျူး၊ ငါးပစ်ဂိမ်း၊...

ကျိုင်းတုံမှာ စစ်ကော်မရှင်တပ်က လူငယ်များကိုပေါ်တာဆွဲ ကျပ်သိန်းတစ်ရာဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူများကို ငွေကျပ်သိန်း တစ်ရာဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစပြီး ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပေါ်ပေါ်ထင်ထင်လုပ်လာပြီး ညနေခင်းအချိန်တွင် စစ်ကော်မရှင်တပ်က အိမ်စီးကားများဖြင့် လူငယ်များကို ဖမ်းဆီးနေကာ...

စက်သုံးဆီ ကန့်သတ်ရောင်းချမှုကြောင့် မိုင်းလား-ကျိုင်းတုံ ကားခ ဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည် အရှေ့ပိုင်းတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်ပြီး အကန့်သတ်ဖြင့် ဝယ်နေရခြင်းကြောင့် မိုင်းလား - ကျိုင်းတုံ ကားခများ ဈေးနှုန်းမြင့်တက်လာကြောင်း စုံစမ်းသိရသည်။ လက်ရှိ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီစျေး ပြဿနာဖြစ်လာပြီး စျေးနှုန်းမြင့်တက်လာသည့်အပြင် စက်သုံးဆီ ရှားပါးမှု ဖြစ်လာသည့်အတွက် မိုင်းလား-ကျိုင်းတုံ ပြေးဆွဲနေသည့် ကားများသည် တနေ့လျှင့်...

ကျိုင်းတုံ ဆိုင်ကယ်သူခိုးသောင်းကျန်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဆိုင်ကယ်များ ခိုးယူခံရခြင်း၊ လုယက်ခြင်းများ မကြာခဏ ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှစပြီး ကျိုင်းတုံမြို့သည် ပြည်သူများ အတွက် လုံခြုံမှုကင်းမဲ့နေသည့်အပြင် စစ်ကော်မရှင် လက်အောက်ခံတာဝန်ရှိသူများမှ ဆိုင်ကယ်သူခိုးများ၊ လုယက်သူများကို ဖမ်းဆီး အ‌ရေးယူးဆောက်ရွက်မှုကြောင်း လည်း ကျိုင်းတုံမြို့ ဒေသခံ...