သျှမ်းမြောက် တွင် ၃ လ အတွင်း ရုပ်ပိုင်းဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်ခံရသူ ၇၀ ဦးရှိ

သျှမ်းပြည် မြောက်ပိုင်းတွင် ၃ လ အတွင်း နည်းမျိုးစုံဖြင့်ရုပ်ပိုင်းဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ၇၀ ဦး ခန့် ရှိကြောင်း တအာင်း လူမှု အဖွဲ့အစည်းက ပြောဆိုလိုက်သည်။

 

Photo Credit to Koong Sar Youth- သြဂုတ်လ ၁၈ ရက် ညပိုင်းက လားရှိုးမြို့နယ် ကုန်းဆာရွာအတွင်းလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ ဒေသခံတဦးအား ထိမိ ပွဲချင်းပြီးသေဆုံး

မြန်မာ့တပ်မတော်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့တိုက်ပွဲဖြစ်ပွားသည့် သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ မန်တုံ၊ ကွတ်ခိုင် နှင့် လားရှိုး တဝိုက်တို့တွင် ဒေသခံ ပြည်သူလူထု လူ့အခွင့်အရေး နည်းမျိုးစုံ ချိုးဖောက်ခံနေရကြောင်း ဆိုပါသည်။

အဆိုပါ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွင် အများစုမှာ မြေမြုပ်မိုင်း၊ လက်နက်ကြီး ထိခိုက်ဒဏ်ရာရခြင်း၊ ပြည်သူလူထုအား အတင်းအဓမ္မဖမ်းဆီးကာ လမ်းပြအဖြစ်ဆောင်ရွက်ခိုင်းခြင်း တို့အများဆုံးဖြစ်ကြောင်း တအာင်း အမျိုးသမီး အဖွဲ့အစည်း TWO မှ သတင်းပြန်ကြားရေး လွေးချီ့ဆငါး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ လူ့အခွင့်အရေး ချိုးဖောက်ခံရတာ အမျိုးသားနဲ့ အမျိုးသမီး ဦးရေ က တူတူလောက်ပါပဲ။ အမျိုးသမီးများစုက မြေမြုပ်မိုင်းဒဏ်ထိတယ်။ အမျိုးသားတွေက တော့ တပ်က ဖမ်းဆီးနှိပ်စက်တာတွေ ပေါ်တာဆွဲတာတွေ ဖြစ်တယ်” ဟု လွေးချီ့ဆငါး က ဆိုသည်။

Photo Kutkai Youth- လက်နက်ကြီးထိမှန်သည့်နေအိမ်

လက်ရှိ ကောက်ယူရရှိထားသည့်အချက်အလက်အရ လူ့အခွင့်အရေးချိုးဖောက်ခံရမှုသည် လက်နက်ကြီးကြောင့် နေအိမ်ပျက်စီးဆုံးရှုံးခြင်း၊ ပစ္စည်းများ ခိုးယူခံရခြင်း၊ဖျက်ဆီးခံရခြင်း များ မပါဝင်ကြောင်း အဓိက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံရသည့် လူ့အခွင့်အရေး ချိုးဖောက်မှုသာ ကောက်ယူထားကြောင်းလည်း လွေးချီ့ဆငါး က ထပ်လောင်းပြောသည်။

“ သျှမ်းမြောက် ဆိုရင် ဒီလောက်မက ဘူး။ တချို့အပိုင်း လက်လှမ်းမမီတာ တချို့ရှိတယ်။ အိုးအိမ်တွေ ပစ္စည်းတွေဖျက်ဆီးခံရတာ အဓမ္မယူဆောင်သွားခြင်းခံရတာ အချက်အလက်တချို့ မဖော်ပြထားဘူး” ဟု လွေးချီ့ ဆငါး က ဆိုသည်။

၃ လအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ရ၀ ဦးထက် များနိုင်ကြောင်း၊ လက်ရှိ ကောက်ထားသည့် စာရင်းသည် လက်လှမ်းမီသည့် နေရာသာ ကောက်ထားကြောင်းလည်း တအာင်း ဥပဒေရေးရာ ထောက်ကူပြု အဖွဲ့မှ မိုင်းမျိုးအောင်က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ လူ့အခွင့်အရေး ချိုးဖောက်ခံရတာ ဒီထက်များနိုင်တယ်။ ဒါက လက်လှမ်းမီးတဲ့နေရာပဲ ရှိသေးတယ်” ဟု မိုင်းမျိုးအောင် က ပြောသည်။

လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် သူများ စာရင်းနှင့် အချက်အလက် သက်သေများကို စုကာ သက်ဆိုင်ရာသို့ စာတင်သွားမည် ဟုု လည်း မိုင်းမျိုးအောင်က ပြောသည်။

လက်နက်ကြီးကြောင့် ပျက်စီးသွားသည့် အဆောက်အဦးများ လျော်ကြေး ပြန်ရရန် ထက် လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် ပြည်သူများ တရားမျှတမှု ရရှိရန် အရေးကြီးကြောင်းလည်း တအာင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက တောင်းဆိုလိုက်သည်။

ထို့ပြင် လူ့အခွင့်အရေး ချိုးဖောက်ခံသည့် ပြည်သူများ အတွက် တစုံတရာ ကုစားပေးမှု ကို ပြုလုပ်ပေးစေလိုကြောင်း၊ ပြည်သူများကို ဦးတည်ပြီး တိုက်ပွဲဖြစ်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်း ဆက်လက်မပြုလုပ်ရန်လည်းတိုက်တွန်း ပြောဆိုလိုက်သည်။

လက်နက်ကြီးပစ်ခတ်ခြင်းနှင့် မြေမြုပ်မိုင်းကြောင့် ဒေသခံ (၁၀)ဦး၊ ဒဏ်ရာရရှိသူ (၂၃) ဦး၊တပ်မတော် မှလမ်းပြအဖြစ် ခေါ်ဆောင်ခံရသူ (၂၃) ဦး၊ ဖမ်းဆီးချုပ်နှောင်ခံရသူ (၃)ဦး၊ တပ်သားသစ်စုဆောင်းခံရသူ (၁၀)ဦး နှင့် ညှင်းပန်းနှိပ်စက်ခံရသူ (၁)ဦး တို့ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...