Tuesday, January 27, 2026

  ဒေသခံလူထုကန့်ကွက်သည့်ကြား   ထိုင်း-မြန်မာ ပေါင်းပြီး မိုင်းခုတ်တွင်ကျောက်မီးသွေးတူးဖော်ရန် ပြင်ဆင်နေ

သျှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ် မြို့နယ် မိုင်းခုတ်မြို့ တွင် ထိုင်း-မြန်မာ ပူးပေါင်းပြီး ကျောက်မီးသွေး တူးဖော်ရန် သွားရောက် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

Photo By SHAN- မိုင်းခုတ်အဝင်ဆိုင်းဘုတ်

စက်တင်ဘာ လကုန်က ထိုင်း-မြန်မာ ပူးပေါင်း ကုမ္ပဏီ သည် မိုင်းခုတ်  အနီးကျောက်မီးသွေး တူးဖော်ရန် စက်ယန္တရားများ နှင့် လုပ်ငန်းခွင်သုံး မြေသိမ်းကား၊ မြေတူးသည့်ကားများသယ်ဆောင်ထားရှိပြီး ကျောက်မီးသွေး တူးဖော်ရန် ပြင်ဆင်နေကြောင်း မိုင်းခုတ်ဒေသခံ တဦးဖြစ်သည့် လုံစိုင်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ ဟိုနေ့ကတော့ လူ ၇ယောက်လာတယ်။ မြေတူးကားတွေ၊ မြေသိမ်းကားတွေ ပါ ယူလာတယ်။ နောက် ကျောက်မီးသွေး တွေ ရှိတဲ့နေရာကိုလည်း စက်နဲ့ ရှာနေတယ်။ လုပ်ငန်းခွင် ပြန်စမယ့် သဘောရှိတယ်” ဟု လုံးစိုင်း က ဆိုသည်။

မိုင်းဆတ်မြို့နယ် မိုင်းခုတ်မြို့အတွင်း  ကျောက်မီးသွေးတူးဖော်ရန် ထိုင်းနှင့်မြန်မာအစိုးရတို့ ၂၀၀၇ ခုနှစ်ကတည်းက ဆွေးနွေးသဘောတူခဲ့ကြပြီး လွန်ခဲ့သည့် ၂၀၁၀ က ထိုင်း ကုမ္ပဏီ ဖြစ်သည့် Mai Koat Coal Company နှင့် မြန်မာနိုင်ငံ မှ ရွှေရေကန် (Golden Lake Co.,Ltd) တို့ ပူးပေါင်းကာ လုပ်ငန်းစတင်ရန်စီစဉ်ခဲ့သည်။ ထိုစဉ်က မိုင်းခုတ်မြို့နှင့် စီမံကိန်းအနီးဝိုက်မှဒေသခံများ၊  မိုင်းခုတ်ချောင်းစီးဆင်းရာတလျှောက်နေထိုင်သည့် ထိုင်းပြည်သူများ ကန့်ကွက်မှုကြောင့် စီမံကိန်းရပ်ဆိုင်းခဲ့သည်။

သို့သော် လက်ရှိတွင်  လုပ်ငန်းခွင် ပြန်စရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အဆိုပါ ကျောက်မီးသွေး တူးဖော်မှု မှ ထွက်လာသည့် လျှပ်စစ်မီးများကို တရုတ်နိုင်ငံယူနန်သို့ ပို့ဆောင် ရောင်းချသွားမည် ဖြစ်ကြောင်းသိရသည်။

ကျောက်မီးသွေး တူးဖော်ရန် အတွက် မိုင်းခုတ်မြို့တောင်ဘက်ခြမ်းရှိ မြေဧက ၃၂၀၀ ကျော်တွင်လျာထားကြောင်း၊ ကျောက်မီးသွေး တူးဖော်ပါက မိုင်းခုတ်ဒေသအနီးရှိ ကျေးရွာ ၈ ရွာ ၏ လယ်ယာမြေများ ပျက်စီးသွားမည် ဖြစ်ကြောင်း  ဒေသခံ လုံးစိုင်း က ပြောသည်။

“ အခု က သူတို့ လာစမ်းသပ်တဲ့အနေနဲ့ လာတူးမယ်လို့ ပြောတယ်။ ကုမ္ပဏီ ကလည်း သူတို့ တွေ အားလုံး ပြင်ဆင်ပြီးပြီလို့ တော့ ပြောပါတယ်” လုံးစိုင်း က ဆိုသည်။

မိုင်းခုတ် ကျောက်မီးသွေး တူးဖော်ပါက ပြည်သူလူထုနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု များစွာ ကြုံတွေ့ရမည် ဖြစ်ကြောင်း၊ အဓိက အနေဖြင့် လယ်ယာသိမ်းဆည်းမှုများဖြစ်လာမည် ဟု သျှမ်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသည့် စိုင်းခေးဆိုင် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ မိုင်းခုတ်မှာ လုပ်ရင် ထိခိုက်မှုများမယ်။ လယ်ယာသိမ်းမှုတွေ သစ်တောတွေလည်း ထိခိုက်မယ်။ အားလုံးပျက်စီးမယ်” ဟု စိုင်းခေးဆိုင် က ဆိုသည်။

ကျောက်မီးသွေး ကို ယခင်က ထိုင်းနိုင်ငံမှ တဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရန်လျာထားသော်လည်း ထိုင်းမှ ကန့်ကွက်လိုက်သဖြင့် လက်ရှိမှာ မိုင်းယောင်းမှ တဆင့် တရုတ်ပြည် ယူနန်ဘက်သို့ ပို့မည်ဟု သိရကြောင်းလည်း စိုင်းခေးဆိုင် က ပြောပြသည်။

ကျောက်မီးသွေး တူးဖော်ပါက နှစ်ပေါင်းများစွာ လုပ်ကိုင်စားသောက်သည့် ဒေသခံများ၏ လယ်ယာမြေများ နှင့် မြစ်ချောင်းများ တိမ်ကော နိုင်ကြောင်း၊  ကျောက်မီးသွေး စက်ရုံအနီးပတ်ဝန်းကျင်နေထိုင်သူများအတွက် ကျန်းမာရေး ပါထိခိုက်လာနိုင်ကြောင်းလည်း သျှမ်း လူ့အခွင့်အရေး မဏ္ဍိုင် မှ စိုင်းဟော်ရှဲန် က ပြောသည်။

“ ကျောက်မီးသွေး စွန့်ပစ်ပစ္စည်းတွေကြောင့် လယ်ယာမြေတွေ ထိခိုက်မယ်။ မြစ်ချောင်းတွေ လည်း ခမ်းခြောက်မယ်။ အရင်က မကြားဖူးတဲ့ ကျန်းမာရေးတွေ လည်းဖြစ်လာမယ်။ အသက်ရှူလမ်းကြောင်းတွေမှာပြဿနာတွေဖြစ်လာမယ်” ဟု စိုင်းဟော်ရှဲန် က ဖြည့်စွက်ပြောသည်။

လွန်ခဲ့သည့် ၂ နှစ်ကျော်က မိုင်းဆတ်မြို့နယ် မိုင်းခုတ်ကျေးရွာအတွင်း ကျောက်မီးသွေး တူးဖော်ရန် နှင့် ပတ်သက်ပြီး ဒေသခံများ လက်မှတ်ရေးထိုးပြီး သက်ဆိုင်ရာသို့ စာတင်ခဲ့သေးကြောင်း သိရသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါအထိ တရုတ်နံပတ်ပြားတပ် ကားကြီးများ ကျောက်မီးသွေး လာရောက်သယ်ယူပြီး ချင်းရွှေဟော်ဂိတ်မှတဆင့် ရောင်းချ

0
သျှမ်းပြည် သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်းအထိ တရုတ်နံပတ်ပြားတပ် ကုန်တင်ကားကြီးများ ကျောက်မီးသွေး လာရောက်သယ်ဆောင်ပြီး ချင်းရွှေဟော်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်နိုင်ပြီးနောက် ယမန်နှစ် စက်တင်ဘာလမှ စတင်ပြီး သီပေါမြို့နယ်ရှိ ငွေရည်ပုလဲ ကုမ္ပဏီ တူးဖော်နေသည့် နမ္မကျောက်မီးသွေးတွင်းသို့ တရုတ်နံပတ်ပြားတပ် ကုန်တင်ကားကြီးများ...

ကျေးသီးမြို့နယ် ကျောက်မီးသွေး တူးဖော်မှုဒဏ်ကြောင့် ကလေးငယ်များ အရေးပြားရောဂါ စတင်ဖြစ်

0
သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး အလွန်အကျွံ တူးဖော်မှုကြောင့် ကလေးငယ်များ အရေးပြားရောဂါ စတင်ဖြစ်ပွားလာကြောင်း စုံစမ်းသိရသည်။ ကျေးသီးမြို့နယ် ကျောက်မီးသွေးအလွန်အကျွံတူးဖော်မှုကြောင့် သစ်တောများပြုန်းတီးကာ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ ရေသန့်ရှင်းမှုမရှိခြင်းတို့ကြောင်း ကလေးငယ်များ အရေးပြားရောဂါ၊ ယားယံရောဂါများ စတင်ဖြစ်လာကြောင်း ကျေးလက်ကျန်းမာရေး ဆရာမ တစ်ဉီးက သျှမ်းသံတော်ဆင့် ကိုပြောသည်။ “ ကျေးသီးဘက်မှာက...

တာချီလိတ် ရေကြီးမှု အဆိုးရွားဆုံးကြုံတွေ့နေရ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ရေကြီး၊ရေလျှံသည် ယခုနှစ်အတွင်း ၈ကြိမ်တိုင်ခဲ့ပြီး၊ အဆိုးရွားဆုံးအခြေအနေဖြစ်ကာ ပိတ်မိနေသူများရှိနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မြို့နယ်အတွင်းနှင့် မြို့ပတ်လည်ရှိဒေသများတွင် ရေကြီး၊ရေလျှံမှုကြောင့် နေအိမ်အဆောက်အဉီး အားလုံးနီပါး မြှုပ်ကုန်ပြီး၊ အများစုသည် ရှောင်တိမ်းရန် ခက်ခဲသဖြင့် အိမ်ခေါင်မိုးပေါ်သို့ တက်နေရသည်။ ထို့ပြင် ရေကြီးမှု ရုတ်တရက်ဖြစ်ပွားသဖြင့် အိမ်ထဲပိတ်မိနေသည့် ပြည်သူများရှိကြောင်း တာချီလိတ်မြို့ဒေသခံ တစ်ဉီးက...

ကျေးသီးမြို့နယ် ကျောက်မီးသွေး အလွန်အကျွံ တူးဖော် အနံ့ဆိုးထွက်၊ ဒေသခံများ ကျန်းမာရေးထိခိုက်နေ

0
သျှမ်းပြည် ကျေးသီးမြို့နယ်တွင် ကျောက်မီးသွေး အလွန်အကျွံ တူးဖော်နေခြင်းကြောင့် အနံဆိုးထွက်ပြီး ဒေသခံပြည်သူများ ကျန်းမာရေးထိခိုက်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ဇူလိုင်လ မှ စတင်ပြီး လက်ရှိအချိန်ထိ ၈ လ အတောအတွင်း လွိုင်လင်ခရိုင် ကျေးသီးမြို့ အရှေ့ဘက်ရှိ မိုင်းကောင်ကျေးရွာတဝိုက်တွင် ကုမ္ပဏီ ၄ ခုမှ...

သီပေါမြို့နယ် ကျောက်မီးသွေးတူးသည့် ငွေရည်ပုလဲ ကုမ္ပဏီကို ဒေသခံ လူငယ်များ ကန့်ကွက်

0
သျှမ်းပြည် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်နေသည့် ငွေရည်ပုလဲ ကုမ္ပဏီကို ဒေသခံ လူငယ်များ ကန့်ကွက်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် ကျောက်မဲခရိုင်အတွင်းမှ လူငယ်များ စုပေါင်းကာ သီပေါမြို့နယ်၊ နမ့်မကျေးရွာအုပ်စုအတွင်း ကျောက်မီးသွေး တူးနေသည့် ငွေရည်ပုလဲ...